အာဖဂန်နစ္စတန်နိုင်ငံမှာ မနှစ်ကဖြစ်ခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ကလေး ၉၂၇ ယောက်အပါအဝင် အရပ်သား ၃၈၀၀ ထက် မနည်း သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း အရပ်သားတွေ အများဆုံး စံချိန်တင် သေဆုံးတာဖြစ်ပါတယ်။
ဗင်နီဇွဲလား နိုင်ငံ ဘရာဇီးနယ်စပ်ဘက်မှာ ဗင်နီဇွဲလားကို ပေးပို့ဖို့ရှိတဲ့ စာနာမှုအကူအညီတွေ နယ်စပ်ဂိတ်တွေမှာ ရောက်နေချိန်မှာပဲ လုံခြုံရေး အဖွဲ့ဝင်တွေနဲ့ ဆန္ဒပြသူတွေ အကြား စနေနေ့က ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ခဲ့တဲ့ အတွက် အနည်းဆုံး လူ ၄ ယောက် သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ ခဲ့ပါတယ်။
နိုင်ဂျီးရီးယား နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းနဲ့ တောင်ပိုင်း ဒေသတို့က အကြမ်းဖက်မှု အနှောင့်အယှက်တွေကြားကဘဲ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတဲ့ သမ္မတ ရွေးကောက်ပွဲက မဲရလဒ်တွေကို စနေနေ့မှာ စတင်ရေတွက်ပါတယ်။
ဗင်နီဇွဲလားစစ်ဘက်က တပ်ဖွဲ့ဝင် ငါးဦးထက်မနည်း အတိုက်အခံဘက်ကို ကူးပြောင်းတဲ့အကြောင်း ကြေညာထားကြပါတယ်။ ပေးပို့ဖို့ရှိတဲ့ လူသားစာနာမှုအကူအညီတွေ နယ်စပ်ဂိတ်တွေမှာ ရောက်နေချိန်မှာပဲ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူတွေကြား ရုန်းရင်းဆန်ခတ် ပဋိပက္ခတွေလည်း ဖြစ်ထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un တို့ နောက်သီတင်းပတ်မှာ တွေ့ဆုံ ဆွေးနွေးကြတော့မှာဖြစ်ပါတယ်။ ဒါဟာဖြင့် ပြီးခဲ့တဲ့နှစ်ကလုပ်ခဲ့တဲ့ သမိုင်းဝင် ထိပ်သီးအစည်းအဝေးပြီးတဲ့နောက် ထပ်ပြီး တွေ့ဆုံ ကြမယ့် ထိပ်သီးအစည်းအဝေးပါ။
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းက မွတ်စလင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသစ်တခုရဲ့ အုပ်ချုပ်ရေးမှူးတွေအဖြစ် တချိန်က မွတ်စလင် သူပုန် တပ်မှူးအချို့ သောကြာနေ့က ကျမ်းသစ္စာကျိန်ဆိုကြပါတယ်။
စနေနေ့က ယှဉ်ပြိုင်ကစားတဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ Burnley က စပါးကို အိမ်ကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး Newcastle ကလည်း Huddersfield ကို အိမ်ကွင်းမှာ ၂ ဂိုးပြတ်နဲ့ အနိုင်ရပါတယ်။
ဆီးရီးယားနိုင်ငံမှာ နောက်ဆုံးလက်ကျန် IS စစ် သွေးကြွတွေ ခြေကုပ်ယူထားတဲ့ ဒေသမှာ ပိတ်မိနေတဲ့ အရပ်သားတွေကို ကယ်ထုတ်ဖို့ ကြိုးစားခဲ့ပြီးတဲ့နောက်မှာ မဟာမိတ်တပ်ဖွဲ့တွေက လေကြောင်း တိုက်ခိုက်ရေးတွေ လုပ်ဆောင်လိုက်ပါတယ်။
IS စစ်သွေးကြွတွေနဲ့ ဆီးရီးယားနိုင်ငံမှာ သွားရောက်ပူးပေါင်းခဲ့သူ အမေရိကန်ဖွား အမျိုးသမီးတဦးကို အမေရိကန်ပြည် ထောင်စုကိုပြန်လာဖို့ လက်မခံသင့်သလို၊ သူဟာ အမေရိကန်နိုင်ငံသား လည်းမဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo ကပြောလိုက်ပါတယ်။
အိန္ဒိယ မြန်မာနယ်စပ်မှာ မြန်မာ့တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတယ်ဆိုတဲ့ သတင်းတွေကြောင့် အိန္ဒိယဘက်ခြမ်းက မီဇိုရမ် ကျေးရွာတွေမှာ အိန္ဒိယတပ်တွေကို စေလွှတ် ချထားလိုက်ကြောင်း ကြာသပတေးနေ့က အိန္ဒိယက လာတဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ် ကိုထွက်ခွာသွားတဲ့သူတွေ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် စတင်ဖို့နဲ့ ဘင်္ဂလားဒေ့ရှ် ဘက်က ဖမ်းဆီးထားတဲ့ မြန်မာရဲ့တပ်သားကို မြန်မာနိုင်ငံဆီ ပြန်လွှဲပြောင်းပေးဖို့ ကိစ္စတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး ကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ် ခဲ့ပါတယ်။
မြန်မာ့အရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ အမြဲတမ်းအဖွဲ့ဝင် ၃ နိုင်ငံဖြစ်တဲ့ အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်နဲ့ နောက်ထပ် ၆ နိုင်ငံတို့က တောင်းဆိုလိုက်ကြပါတယ်။
စင်္ကာပူနိုင်ငံက သုဿန်တခုမှာ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသား ၆ ယောက်ကို အာဏာပိုင်တွေ ဖမ်းဆီးမိခဲ့ပြီး ပြည်ဝင်ခွင့်ဗီဇာသက်တမ်း ကျော်လွန် နေထိုင်မှု အပါအဝင် လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေနဲ့ အရေးယူလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံမြို့တော် Dhaka မြို့တော်ထဲက လူနေတိုက်ခန်း တော်တော်များများ မီးလောင်ကျွမ်းခဲ့လို့ ၇၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။ သမိုင်းဝင် Chawkbazar ရပ်ကွက်မှာ ဗုဒ္ဓဟူးနေ့ညက အထပ်မြင့်အဆောက်အဦးတခုကနေ စတင်လောင်ကျွမ်းတဲ့မီးဟာ အချိန်တိုအတွင် အနည်းဆုံး အဆောက်အဦး ၄ ခုကို ကူးစက်လောင်ကျွမ်းခဲ့ပါတယ်။
ဆီးရီးယား နိုင်ငံမှာ IS အကြမ်းဖက် အုပ်စု ထိန်းချုပ်ထားတဲ့ နောက်ဆုံးနယ်မြေကို အမေရိကန် ကျောထောက်နောက်ခံပြု တပ်ဖွဲ့တွေ အပြီးတိုင် သိမ်းပိုက်ရေး နောက်ဆုံး ထိုးစစ်ဆင်ဖို့ ရက်အနည်းငယ်ဘဲ လိုပါတော့တယ်။
တရုတ် နိုင်ငံတော် ကောင်စီဝင် နိုင်ငံခြားရေး ဝန်ကြီး Wang Yi ဟာ တရုတ်- မြန်မာ အမှတ် ၁ နယ်ခြား မှတ်တိုင်ကို သွားရောက် စစ်ဆေးခဲ့ပါတယ်။
မြန်မာဘက်က ရိုဟင်ဂျာတွေ ဌာနေပြန်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ သဘောတူ စာချုပ် ချုပ်ဆိုထားပေမယ့် ဒုက္ခသည်တွေ ဌာနေ ပြန်ရေးအတွက် သင့်လျော်တဲ့ ဝန်းကျင်ဖန်တီးပေးဖို့ ပျက်ကွက်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina က ဝေဖန်လိုက်ပါတယ်။
အိန္ဒိယနိုင်ငံသား Jasmeet Hakimzada ကို Trump အစိုးရအဖွဲ့က နိုင်ငံခြားသား မူးယစ်မှောင်ခိုရာဇာ အဖြစ်ကြေညာပြီး အရေးယူဒဏ်ခတ်မှုတွေ ချမှတ်လိုက်ပါတယ်။
၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲ ကာလအတွင်း အမျိုးသမီး ၂ ယောက်ကို နှုတ်ပိတ်ခ ပေးခဲ့တဲ့အပေါ် ပြည်ထောင်စု အစိုးရရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ သမ္မတ Donald Trump က သူ့ကို ထောက်ခံသူတဦးကို ကြီးကြပ်ခိုင်းဖို့ ယာယီ ရှေ့နေချုပ်ဟောင်းကို ခိုင်းစေခဲ့ကြောင်း သတင်းတွေကို သမ္မတက ငြင်းဆန်လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာတဝန်းက ထူးချွန်တဲ့ သတင်းသမားတွေကို နှစ်စဉ် ဂုဏ်ပြုတဲ့ George Polk ၂၀၁၉ ခုနှစ် ဆုရှင်တွေအဖြစ် ရွေးချယ်ရာမှာ နိုင်ငံတော်လျို့ဝှက်ချက် အက်ဥပဒေ ဖောက်ဖျက်မှုနဲ့ ထောင်ဒဏ် ၇ နှစ်စီ ကျခံနေရတဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့လည်း ပါဝင်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်