တရုတ်နဲ့ ကုန်သွယ်ရေး ဆိုင်ရာ သဘောတူညီချက်ရဖို့ ရက်ကို အတိအကျ အထူးပြု သတ်မှတ်ထားတာ မျိုး မရှိတဲ့အတွက် အခွန်ကောက်ခံမှု အသစ်ချမှတ်ဖို့ မတ်လ ၁ ရက်နေ့ နောက်ဆုံး သတ်မှတ်ထားတာကို ရက်ပြောင်းရွှေ့နိုင်တယ်လို့ အမေရိကန်သမ္မတ Donald Trump က ပြောပါတယ်။
သမ္မတ Donald Trump ရဲ့ အကြံပေး အဖြစ် ကာလရှည် ဆောင်ရွက်ခဲ့ဖူးသူ Roger Stone က သူ့အမှုကို ကြားနာတဲ့ တရားသူကြီးရဲ့ ဓာတ်ပုံကို လူမှုကွန်ယက်ပေါ်မှာ တင်ခဲ့ပြီးနောက်မှာတော့ သူ့ကို ပေးထားတဲ့ အာမခံ ပြန်ပြီး ရုပ်သိမ်း သင့် မသင့် ပြန်သုံးသပ်ဖို့ ဒီသတင်းပတ် နှောင်းပိုင်းမှာ တရားရုံးတက်ဖို့ ဆင့်ခေါ်ခံထားရပါတယ်။
ဖိလစ်ပိုင် နိုင်ငံရဲ့ အမည်ကို Maharlika အဖြစ် ပြောင်းလဲရေး အဆိုပြုချက်ကို သမ္မတ ရိုဒရီဂို ဒူတာတေးက ပြန်လည် ဖော်ထုတ်ပြောဆိုလာပြီးနောက်မှာတော့ နိုင်ငံ အမည်ပြောင်းရေး အတွက် ဥပဒေသစ်နဲ့ လူထုဆန္ဒခံယူပွဲနဲ့ အတည်ပြုဖို့လည်း လိုအပ်မှာ ဖြစ်တယ်လို့ ဖိလစ်ပိုင် သမ္မတ နန်းတော်က အင်္ဂါနေ့ ပြောဆိုလိုက်ပါတယ်။
အိန္ဒိယနိုင်ငံက စစ်ရေးအရ ဆောင်ရွက်လာမယ်ဆိုရင် ချက်ခြင်းတုံ့ပြန်သွားမှာဖြစ်ကြောင်း ပါကစ္စတန် ဝန်ကြီးချုပ် Imran Khan က ဒီနေ့ပဲ သတိပေးလိုက်ပါတယ်။
မက္ကစီကိုနိုင်ငံနဲ့ နယ်စပ်မှာ တံတိုင်းကာမယ့် အသုံးစရိတ်ရနိုင်ဖို့ အမေရိကန် သမ္မတ Donald Trump နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာခဲ့တဲ့အပေါ် ပြည်နယ် ၁၆ ခုက တရားစွဲလိုက်ပါတယ်။
၂၀၂၀ ပြည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ Donald Trump ကို ယှဉ်ပြိုင်မယ့် အတိုက်အခံ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်း တဦးအဖြစ် အထက်လွှတ်တော်အမတ် Bernie Sanders က ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။
Venezuela စစ်တပ်ကြားသိစေဖို့ပါ ရည်ရွယ်ပြီး ပြောကြားတဲ့ ကန် သမ္မတ Trump မိန့်ခွန်းမှာ Venezuela နိုင်ငံမှာ ဆိုရှယ်လစ်စနစ် အဆုံးသတ်ဖို့ ပန်ကြားလိုက်ပြီး အမေရိကန်ပြည်ထောင်စုဟာ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းမှု အတွက် နည်းလမ်းရှာနေကြောင်းနဲ့ နည်းလမ်း အားလုံးကိုတော့ လမ်းဖွင့်ထားဆဲ ဖြစ်ကြောင်း ပြောကြားပါတယ်။
မြန်မာစစ်တပ်နဲ့ရခိုင်တပ်ဖွဲ့တွေ အကြားတိုက်ခိုက်မှုတွေဖြစ်ပွားနေတာကြောင့် အိန္ဒိယ နဲ့မြန်မာနိုင်ငံနယ်စပ်ကို အိန္ဒိယ တပ်ဖွဲ့ ၂ခု ထပ်ပြီးစေလွှတ်ထားကြောင်း ဖေဖေါ်ဝါရီလ ၁၇ရက်နေ့ ထုတ် Assam Tribune သတင်းစာမှာဖော် ပြထားပါ တယ်။ မီဇိုရမ်ပြည်နယ်တောင်ပိုင်း Lawngtlai ခရိုင်ကိုစေလွှတ်ထားတာပါ။
Australia ပါလီမာန်ရဲ့ ကွန်ပြူတာ ကွန်ယက်ထဲကို ထိုးဖောက်ဝင်ရောက်တိုက်ခိုက်မှုဟာ အစိုးရ ကိုယ်တိုင် ပါဝင်တဲ့ အဆင့်မြင့်တိုက်ခိုက်မှုဖြစ်တယ်လို့ ဝန်ကြီးချုပ် Scott Morrison ကဒီကနေ့ ပါလီမာန်ကို ပြောကြားခဲ့ပါတယ်။
တရုတ် မြန်မာနယ်စပ် မိုင်ဂျာယန်ဒေသမှာ လေမုန်တိုင်းတိုက်ခတ်လို့ စစ်ဘေးဒုက္ခသည် အိမ်ထောင်စု ၁၀၀ နီးပါးရဲ့ ယာယီနေအိမ်တွေ ပျက်စီးခဲ့ပါတယ်။
Pakistan နိုင်ငံမှာ အရပ်သားတွေကို ဂုဏ်ပြုချီးမြှင့်တဲ့ အမြင့်ဆုံးဆုကို Saudi Arabia အိမ်ရှေ့မင်းသား Mohammed bin Salman ကို ချီးမြှင့်လိုက်ပါတယ်။ Nishan-e-Pakistan ဆုကို သမ္မတ Arif Alvi ကိုယ်တိုင် ချီးမြှင့်ခဲ့ပြီးနောက် အိမ်ရှေ့မင်းသားကို နိုင်ငံတော် ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံခဲ့ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တော မြို့နယ် သဘောၤလှ ကျေးရွာက ပျောက်ဆုံးနေတဲ့ ဒေသခံ သုံးဦး သတ်ဖြတ်ခံရကြောင်း ရဲတပ်ဖွဲ့အဆိုကို ကိုးကားပြီး ပြန်ကြားရေး ဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ သတင်းထုတ်ပါတယ်။
နိုင်ငံတွင်းကို တရားမဝင် ရွှေ့ပြောင်းဝင်ရောက်မှု တားဆီးနိုင်ရေး ကန်နဲ့ မက္ကဆီကို နယ်စပ်မှာ တံတိုင်းတည်ဆောက်ရေးနဲ့ ပတ်သက်ပြီး သမ္မတ Trump က နိုင်ငံတော်အရေးပေါ် အခြေအနေ ကြေညာခဲ့တာအတွက် အိမ်ဖြူတော်က ကာကွယ်ပြောဆိုလိုက်ပါတယ်။
တရုတ် စောင့်ကြည့်ထောက်လှမ်းရေး လုပ်ငန်းကြီးက နိုင်ငံ အရှေ့စွန်ပိုင်း Xinjiang ဒေသတွင်းက လူပေါင်း ၂ သန်းခွဲကျော်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေတယ်လို့ နယ်သာလန်က အင်တာနက် ကျွမ်းကျင်သူကိုကိုးကားပြီး ရိုက်တာ သတင်းက ဖော်ပြပါတယ်။
ပါကစ္စတန်ကို ပထမဦးဆုံး နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်တဲ့ ဆော်ဒီ အိမ်ရှေ့စံမင်းသား ဟာ အစ္စလန်မာဘတ်မြို့တော်ကို ရောက်ပြီး မကြာခင်နာရီပိုင်းအတွင်းမှာပဲ အမေရိကန်ဒေါ်လာ ဘီလျံ ၂၀ တန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ပါကစ္စတန်နဲ့ သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲကို တက်ရောက်ခဲ့ပါတယ်။
IS တွေကြွေးကြော်နေတဲ့ Caliphate အစ္စလာမ်နိုင်ငံတော်ထူထောင်ရေးဆိုတာ ကျရှုံးသွားပြီလို့ အမေရိကန်သမ္မတ Donald Trump က သူ့ တွစ်တာအကောင့်ကနေ ရေးပါတယ်။
Venezuela နိုင်ငံအတွက် လူသားချင်းစာနာကူညီမှုအထောက်အကူတွေ တင်လာတဲ့ အမေရိကန် စစ်ဖက်ကုန်တင်လေယာဉ်သုံးစင်းဟာ ကိုလံဘီယာနိုင်ငံ Cucuta ကို စနေနေ့ ကဆိုက်ရောက်ပါတယ်။ နယ်စပ်ကဖြတ်ပြီး Venezuela ပြည်သူတွေကိုပေးမယ့် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ တင်လာတာပါ။
Saint Martin ကျွန်းကို မြန်မာနိုင်ငံရဲ့မြေပုံထဲမှာ နောက်တကြိမ် ထပ်ပြီးဖေါ်ပြခဲ့တာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ယာယီမြန်မာသံအမတ် ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ်ခဲ့ပြီး မြန်မာဘက် က အခုလိုထပ်ပြီးလုပ်ဆောင်တာနဲ့ပတ်သက်လို့ အပြင်းအထန် ကန့်ကွက်ကြောင်း ပြောဆို ခဲ့ပါတယ်။
တရုတ်အထောက်အပံ့နဲ့ ဆောက်လုပ်မယ့် ကချင်ပြည်နယ်က မြစ်ဆုံဆည် ရေအားလျှပ်စစ်စီမံကိန်းကို ဖျက်သိမ်းပေးဖို့ အစိုးရကို တောင်းဆိုမှုတွေ တိုးလာနေချိန်မှာပဲ မြစ်ကြီးနားမှာ အခုထိပြုလုပ်နေတဲ့ ရာနဲ့ချီတဲ့ ဆန္ဒပြတောင်းဆိုမှုတွေမှာ မြန်မာခရစ်ယန် ခေါင်းဆောင်တွေပါ ပါဝင်လာကြပါတယ်။
ကြာသပတေးနေ့က အိန္ဒိယဘက်က ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယား ဒေသမှာ ဗုံးခွဲသမားတဦးက ဖေါက်ခွဲရေးပစ္စည်းတွေ အပြည့်တင်ထားတဲ့ ယာဉ်တစီးနဲ့ စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ့စစ် အနဲဆုံး အယောက် ၄၀ သေဆုံးခဲ့ရပါတယ်။
နောက်ထပ်ကြည့်ရှုရန်