အမေရိကန်နဲ့ မက်ဆီကိုကြား နယ်စပ်တံတိုင်း တစိတ်တပိုင်း တည်ဆောက်ဖို့ လုပ်မယ့် ဥပဒေပြဌာန်းချက်ကို သမ္မတ Donald Trump က လက်မှတ်ရေးထိုး အတည်ပြုတော့မှာ ဖြစ်ပေမယ့် တချိန်ထဲမှာပဲ တံတိုင်းဆောက် နိုင်အောင် နိုင်ငံတော် အရေးပေါ်အခြေနေတရပ်ကို ကြေညာဖို့ရှိကြောင်း သမ္မတ အိမ်ဖြူက ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။
IS စစ်သွေးကြွအဖွဲ့နဲ့ပူးပေါင်းဖို့ လန်ဒန်ကနေ ဆီးရီးယားနိုင်ငံကိုထွက်ခွာသွားခဲ့သူ ဗြိတိသျှဆယ်ကျော်သက်မိန်းက လေးတဦးက ဗြိတိန်နိုင်ငံကို ပြန်လာချင်တယ်လို့ပြောဆိုတဲ့အကြောင်း The Times သတင်းစာမှာ ဗုဒ္ဓဟူးနေ့ကဖေါ်ပြခဲ့ပါ တယ်။
မလေးရှားနိုင်ငံကို ရေကြောင်းကနေသွားဖို့ ကြိုးစားကြတဲ့ ရိုဟင်ဂျာ ၄၃ ယောက်ကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က တားဆီးနိုင်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။ ဒီအထဲမှာ ပါဝင်တဲ့ အမျိုးသမီးတွေကတော့ လူမှောင်ခိုတွေက ဖမ်းဆီးတာ ခံရကြောင်း ပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။
အင်္ဂါဂြိုလ်မျက်နှာပြင်ပေါ်မှာ ၁၄ နှစ်ကြာ သွားလာစူးစမ်းခဲ့တဲ့ Opportunity အာကာသစူးစမ်းရေးယာဉ်ငယ်လေးရဲ့လုပ်ငန်းတွေကို အဆုံးသပ်လိုက်ပြီလို့ အမေရိကန်အာကာသလေ့လာရေးအေဂျင်စီ NASA ကကြေညာလိုက်ပါတယ်။
ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု စိုက်ထူတာကို ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ ကရင်နီတိုင်းရင်းသားတွေကို အာဏာပိုင်တွေက ဖမ်းဆီးအရေးယူပြီး၊ အင်အားသုံး နှိမ်နင်းနေတဲ့ လုပ်ရပ်တွေကိုရပ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က တောင်းဆိုလိုက်ပါတယ်။
ထိုင်းဝန်ကြီးချုပ်သစ် ရွေးချယ်မယ့် ရွေးကောက်ပွဲမှာ တော်ဝင်မိသားစုဝင်တဦးကို ပါတီကိုယ်စားပြု ယှဉ်ပြိုင်ဖို့ အမည်စာရင်း တင်သွင်းခဲ့တဲ့ နိုင်ငံရေးပါတီကို ဖျက်သိမ်းပေးရေး ရွေးကောက်ပွဲ ကော်မရှင်က အခြေခံဥပဒေဆိုင်ရာ တရားရုံးကို ဒီကနေ့ပဲ လျှောက်ထားလိုက်ပါတယ်။
မက္ကဆီကန် မူးယစ်ဆေးဝါးဂိုဏ်းခေါင်းဆောင် Joaquin El Chapo Guzman ဟာ မူးယစ်ကုန်ကူးမှုအပြင် တခြား ပတ်သတ်နေတဲ့ စွဲချက်တွေနဲ့ New York မြို့ တရားရုံးက အဂါၤနေ့က ပြစ်မှုထင်ရှာကြောင်း တွေ့ရှိခဲ့ပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီလ ၁၃ရက်နေ့ ဟာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ (၁၀၄) နှစ်မြောက်မွေးနေ့ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့က စရိတ်သက်သာတဲ့ တည်းခိုခန်း အင်္ဂါနေ့အာရုံမတက်မီအချိန်မှာ မီးလောင်မှုအတွင်း လူ ၁၇ ယောက်သေဆုံးပြီး မြန်မာအမျိုးသမီး ၁ ဦးအပါအဝင် လူ ၄ ယောက် ဒဏ်ရာရတဲ့အကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဒီသီတင်းပတ်ကုန်မှာ အမေရိကန်အစိုးရလုပ်ငန်းတွေ နောက်တကြိမ် ရပ်ဆိုင်းရမယ့် အခြေအနေကို ရှောင်ရှားနိုင်ဖို့နဲ့ အစိုးရ အသုံးစရိတ်အတွက် ဆွေးနွေးညှိနှိုင်းနေကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကြား မူအားဖြင့် သဘောတူညီချက် ရရှိသွားပါပြီ။
၂၀၁၆ ခုနှစ် ဖေဖော်ဝါရီကနေ အောက်တိုဘာလအတွင်း စင်္ကာပူမှာ မြန်မာနိုင်ငံက အိမ်အကူအဖြစ်သွားရောက်လုပ်ကိုင်ခဲ့တဲ့ မဖြူဖြူမာကို နှိပ်စက်ညှင်းပမ်းမှုနဲ့ စင်္ကာပူ တရားရုံးက ဖေဖေါ်ဝါရီလ ၁၁ ရက် တနင်္လာနေ့က ပြစ်ဒဏ်စီရင်ချက် ချလိုက်ပါတယ်။
နေပြည်တော်မှာရှိတဲ့ လွှတ်တော်အဆောက်အဦးနားမှာ ဒရုံးယာဉ်လွှတ်တင်ခဲ့တဲ့ ပြင်သစ်နိုင်ငံသား Arthur Desclaux ကို မြို့နယ်ရဲစခန်းက ဖမ်းဆီးထားတယ်လို့ ပြင်သစ်သံရုံးက တနင်္လာနေ့မှာ အတည်ပြုပြောကြားလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ နောက်ထပ်တကြိမ် အစိုးရယန္တရား တစိတ်တပိုင်းပိတ်ထားရတာမျိုး ဖြစ်မလာအောင် လွှတ်တော်အမတ်တွေ အပြင်းအထန် ကြိုးစားနေချိန်မှာပဲ အတိုက်အခံ ဒီမိုကရက်တွေက လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ မူဝါဒနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ အချိန်ဆွဲနေတယ်လို့ သမ္မတ Donald Trump က တနင်္လာနေ့မှာ အပြစ်တင်လိုက်ပါတယ်။
မြန်မာအစိုးရတပ်နဲ့ ရခိုင်တပ်မတော် AA တို့တိုက်ပွဲဖြစ်နေတဲ့ ရခိုင်ပြည်နယ်ထဲမှာ အရပ်သားတွေအတွက် အစားအသောက်နဲ့ လူသားချင်းစာနာတဲ့ အထောက်အပံ့တွေ ပေးလို့မရအောင် အစိုးရတပ်တွေဖက်က ပိတ်ဆို့နေတယ်လို့ Amnesty International လူ့အခွင့်အရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။
အမေရိကန်နိုင်ငံ Los Angeles မြို့မှာ ကျင်းပတဲ့ တနှစ်တာ Grammys ဂီတဆုပေးပွဲမှာတော့ အမျိုးသမီးတွေ အတော်များများ ရသွားခဲ့ပါတယ်။
လာမယ့် ထိုင်းဝန်ကြီးချုပ်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ တင်ထားတဲ့ ထိုင်းတော်ဝင် မင်းသမီး Ubolratana Mahidol ကို ထိုင်းရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ချက်နဲ့မညီလို့ ပယ်ချလိုက်ပါပြီ။
ပဋိပက္ခတွေအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ဖြေရှင်းရေး နဲ့ ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ ကတိပြု ထားတာတွေကို အခိုင်အမာဆောင်ရွက်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်က တိုက်တွန်းလိုက်ပါတယ်။
ပြင်သစ်သမ္မတ Macron ရဲ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနဲ့ လောင်စာဆီအခွန် တိုးကောက်မယ့်ကိစ္စကို ဆန့်ကျန်တဲ့ ပဲရစ်မြို့က အဝါရောင် ရောင်ပြန်အင်္ကျီဝတ် ဆန္ဒပြသူတွေဟာ စနေနေ့က ပြင်သစ်လွှတ်တော်ကို ဝင်ရောက်ဆန္ဒပြနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒီလိုဆန္ဒပြလာဟာ ခုဆို သီတင်းပတ် (၁၃)ပတ်ထဲ ဝင်လာပြီ ဖြစ်ပါတယ်။
ရိုဟင်ဂျာအသိုင်းအဝိုင်း လုံခြုံစိတ်ချစွာနေနိုင်အောင် အကာအကွယ်ပေးသွားမယ်ဆိုတဲ့ မြန်မာအစိုးရရဲ့ကတိ တည်ရဲ့လားဆိုတာကို စောင့်ကြည့်ပေးကြဖို့ အိန္ဒိယ၊ တရုတ်နဲ့ အာဆီယံနိုင်ငံတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက တောင်းဆိုလိုက်ကြောင်း အိန္ဒိယနိုင်ငံထုတ် The Hindu သတင်းစာက ရေးသားပါတယ်။
အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ ဒီလကုန်ပိုင်း ဗီယက်နမ်မှာ တွေ့ဆုံမယ့်ကိစ္စကို ကြိုတင်ပြင်ဆင်နိုင်ရေး ညှိနှိုင်းဖို့ ၊ အမေရိကန်နဲ့ မြောက်ကိုရီးယား ကိုယ်စားလှယ်တွေ ရှေ့သီတင်းပတ်ထဲ တွေ့ဆုံဖို့ ရှိတယ်လို့ တောင်ကိုရီးယားအစိုးရက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်