ဆီးရီယားနိုင်ငံအရှေ့ခြမ်း IS စစ်သွေးကြွတွေထိန်းချုပ်ထားတဲ့ နောက်ဆုံးခြေကုတ်နေရာကို စစ်ဆင်ရှင်းလင်းဖို့ကြိုးစားရာမှာ အမေရိကန် နောက်ခံပေးထားတဲ့ ဆီးရီယားဒီမိုကရက်တစ်တပ်ဖွဲ့ SDF ဟာ IS စစ်သွေးကြွတွေနဲ့ အပြင်းအထန် တိုက်ပွဲတွေဖြစ်နေပါတယ်။
ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်သစ် ရွေးချယ်မယ့် မတ်လ ၂၄ ရက်နေ့ ရွေးကောက်ပွဲမှာ ထိုင်းဘုရင် Maha Vajiralongkorn ရဲ့ အသက် ၆၇ နှစ်အရွယ် ရှိပြီဖြစ်တဲ့ အမတော်ဟာ Thai Raksa Chart ပါတီကို ကိုယ်စားပြု ယှဉ်ပြိုင်မှာဖြစ်ကြောင်း ဒီကနေ့ ကြေညာလိုက်ပါတယ်။
ဗင်နီဇွဲလား သမ္မတ Nicolas Maduro ကို သူနုတ်ထွက်ရေးဆိုင်ရာ ညှိနှိုင်းရုံမှတပါး တခြားဆွေးနွေးမှုတွေ လုပ်ရမယ့် အချိန်က သိပ်လွန်ခဲ့ပြီဖြစ်ကြောင်း ဗင်နီဇွဲလားနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံတမန် Eliot Abrams က ပြောကြားလိုက်ပါတယ်။
UNHCR အထူးသံတမန် Angelina Jolie ဟာ ရိုဟင်ဂျာ ဒုက္ခသည်တွေကို တောက်လျှောက်ကူညီထောက်ပံ့သွားဖို့နဲ့ ဒီဒုက္ခသည်တွေ နိုင်ငံမဲ့ဖြစ်တာတွေ၊ အိုးအိမ် စွန့်ပစ်ပြီးတော့ထွက်ခွာနေရတဲ့ကိစ္စတွေကို အဆုံးသတ်နိုင်ဖို့အတွက် လိုအပ်တာ လုပ်ဆောင်ဖို့ မြန်မာအစိုးရကို ဘင်္ဂလားဒေ့ရှ် ခရီးစဉ်ပြီးဆုံးချိန်မှာ တိုက်တွန်းလိုက်တယ်။
ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာတွေ ဌာနေပြန်ရေးအတွက် မြန်မာအစိုးရကို အိန္ဒိယက ကြားဝင်ပြောကြားပေးဖို့ အိန္ဒိယကို ၃ ရက်ခရီးသွားရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Abulkalam Abdul Momen က အိန္ဒိယဝန်ကြီးချုပ် Narendra Modi ကို ကြာသပတေးနေ့မှာ ပန်ကြားလိုက်ပါတယ်။
ရခိုင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် တဖက် ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ဒုက္ခသည်တွေ နောက်ထပ် တိမ်းရှောင်မလာအောင် ကြိုးစားတဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ် - မြန်မာ ၂ နိုင်ငံနယ်စပ်ကို ပိတ်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး A K Abdul Momen က ပြောပါတယ်။
ဗင်နီဇွဲလားနိုင်ငံကို အမေရိကန်နဲ့ ပြည်ပနိုင်ငံတွေက လူသားချင်းစာနာမှု အကူအညီ တင်ပို့မှုတွေကို တားမြစ်ဖို့ အဓိက နယ်စပ်တခုကို စစ်သားတွေက ပိတ်ဆို့တားမြစ်လိုက်ပါတယ်။
အမေရိကန်သမ္မတ Donald Trump ရဲ့ အခွန်မှတ်တမ်းနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမယ့် လုပ်ငန်းစဉ် ပထမခြေလှမ်းအဖြစ် သမ္မတတွေရဲ့ အခွန်ပေးဆောင်မှု မှတ်တမ်းတွေနဲ့ ပတ်သက်လို့ ဒီမိုကရက်တွေ ဦးဆောင်တဲ့ အောက်လွှတ်တော် ကော်မတီတခုမှာ ဒီကနေ့ ကြားနာမှာ ဖြစ်ပါတယ်။
အငြင်းပွားစရာတွေ ကြုံနေရတဲ့ မြန်မာနိုင်ငံရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ရေး လွှတ်တော်မှာ စတင်ကြိုးပမ်း နေတဲ့အပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ကြိုဆိုလိုက်ပါတယ်။
အမေရိကန်တောင်ပိုင်း နယ်စပ်မှာ တံတိုင်းကာရံမယ့် အစီအစဉ်အတွက် သမ္မတ Donald Trump က နိုင်ငံတော်အခြေပြ မိန့်ခွန်းမှာ ထပ်မံတွန်းအားပေး ပြောဆိုလိုက်ပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်ကနေ နောက်ထပ် ဒုက္ခသည်တွေ ထပ်မံထွက်ပြေးလာနေတဲ့အပေါ် မြန်မာအစိုးရကို ဘင်္ဂလားဒေ့ရှ်က ကန့်ကွက်လိုက်ပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ ဒုတိယအကြိမ်အဖြစ် ဗီယက်နမ်နိုင်ငံမှာ ဒီလကုန်ပိုင်းမှာ တွေ့ဆုံမယ်လို့ အမေရိကန်သမ္မတ Donald Trump က အင်္ဂါနေ့ညကပြောတဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆိုသွားပါတယ်။
သမ္မတ Donald Trump ရဲ့ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ ကော်မီတီအနေနဲ့ အလှုရှင်တွေစာရင်းနဲ့ အသုံးစားရိတ်တွေကို တင်သွင်းဖို့ ပြည်ထောင်စုအစိုးရ ရှေ့နေတွေက သမ္မန်စာတစောင် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ ဒါပေမယ့် ဒီစုံစမ်း စစ်ဆေးမှုနဲ့ ပတ်သက်ပြီး သမ္မတအိမ်ဖြူတော်ကတော့ ချက်ချင်းပဲ ခပ်ခွါခွါတုန့် ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတဝန်း ဒီမိုကရေစီ လွတ်လပ်ခွင့်တွေ ဆက်လက် ကျဆင်းနေဆဲဖြစ်ကြောင်း ဝါရှင်တန်အခြေစိုက် Freedom House ရဲ့ အစီရင်ခံစာသစ်က ဖော်ပြလိုက်ပါတယ်။
မြန်မာအစိုးရကို လက်နက်ကိုင် တော်လှန်နေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၄ ခုကို Facebook လူမှုကွန်ယက်က ဖယ်ရှားလိုက်ကြောင်း ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံ ရှမ်းပြည်နယ်ထဲကို တရားမဝင် ဝင်ရောက်လာသူ ထိုင်းနိုင်ငံသား ၈၀ ကို အာဏာပိုင်တွေက ဖမ်းဆီးမိခဲ့ပါတယ်။
ဗင်နီဇွဲလားသမ္မတ Nicolas Maduro ဟာ Uruguay မှာရှိတဲ့ ဘဏ်ထဲကို အမေရိကန်ဒေါ်လာ ၁.၂ ဘီလျံ လွှဲပြောင်းဖို့ ကြိုးစားနေတယ်လို့ အတိုက်အခံ ခေါင်းဆောင်ဖြစ်တဲ့ သူ့ကိုယ်သူ ယာယီသမ္မတ အဖြစ်ကြေညာထားတဲ့ Juan Guaido က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
ဒုက္ခသည် များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး UNHCR ရဲ့ အထူးသံတမန် Angelina Jolie ဟာ သြဂုတ်လ ၂၀၁၇ ကစပြီး့မြန်မာနိုင်ငံကနေ အစုလိုက်အပြုံလိုက် ဝင်ရောက်ခိုလံှုှုလာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၇၃၀,၀၀၀ ကျော်နေထိုင်ရာ Bangladesh ကို ဒီအပတ်မှာ သွားရောက်ခဲ့ပါတယ်။
ရိုက်တာသတင်းထောက်နှစ်ဦးကို ပြန်လွှတ်ဖို့နဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဘေးကင်းစွာနေရပ်ပြန်ရေးကို တိုက်တွန်းတောင်းဆိုချက်တွေပါတဲ့ ဆုံးဖြတ်ချက်တရပ်ကို အမေရိကန်အထက်လွှတ်တော်မှာ ပြီးခဲ့တဲ့ သီတင်းပတ်က တင်သွင်းခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ မတ်လ ၂၄ ရက်နေ့ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေ စတင်မှတ်ပုံတင်နေကြပါပြီ။
နောက်ထပ်ကြည့်ရှုရန်