အာရေဗျ ကျွန်းဆွယ်ကို ပုပ်ရဟန်းမင်းကြီးတပါးရဲ့ ပထမဆုံးခရီးစဉ်အဖြစ် အာရပ်စော်ဘွားများ ပြည်ထောင်စု UAE မှာ ရောက်နေတဲ့ ပုပ်ရဟန်းမင်းကြီး Francis ကိုအိမ်ရှေ့မင်းသား Mohammed bin Zayed Al Nahyan ကိုယ်တိုင် သမ္မတနန်းတော်မှာ လက်ခံကြိုဆိုခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ Super Bowl လို့လူသိကြတဲ့ NFL အမေရိကန် အမျိုးသားဘောလုံး အဖွဲ့ချုပ်ဖလား ဗိုလ်လုပွဲကို ဒေသစံတော်ချိန် တနင်္ဂနွေနေ့ညမှာပဲ ဂျော်ဂျီယာပြည်နယ် Atlanta မြို့ ကစားကွင်းမှာ ကျင်းပနေပြီဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုက တက္ကသိုလ်အတု တခုမှာ ကျောင်းဝင်ခွင့်လျှောက်ပြီး ပြည်ဝင်ခွင့်ဗီဇာ ရယူခဲ့တဲ့ အိန္ဒိယကျောင်းသား တရာကျော် အမေရိကန်မှာ အဖမ်းခံနေရတဲ့ကိစ္စကို အမေရိကန်အစိုးရက သက်သက်ညှာညှာ စဉ်းစားပေးစေလိုကြောင်း အိန္ဒိယအစိုးရက တောင်းဆို လိုက်ပါတယ်။
ဗင်နီဇွဲလားမှာ အမေရိကန်ရဲ့ စစ်ရေးဝင်စွက်မှုဟာ ရွေးချယ်စရာတခု အနေနဲ့ ရှိနေကြောင်း အမေရိကန်သမ္မတ Donald Trump က တနင်္ဂနွေနေ့ CBS ရုပ်သံနဲ့ မေးမြန်းခန်းမှာ မှတ်ချက်ပေးပြောဆိုခဲ့ပါတယ်။
ကမ္ဘာ့ရိုမန်ကတ်သလစ်ခေါင်းဆောင် ပုပ်ရဟန်းမင်းတဦးအနေနဲ့ အစ္စလမ်ဘာသာ ထွန်းကားရာ အာရပ်ကျွန်းဆွယ်တခုကို ပထမဆုံးခရီးအဖြစ်၊ ပုပ်ရဟန်းမင်းကြီး Francis အခုသွားရောက်နေပြီး အာရပ်စော်ဘွားများ ပြည်ထောင်စု UAE ကို ရောက်ရှိနေပါတယ်။
ဗင်နီဇွဲလားသမ္မတ Nicolas Maduro ကို ရာထူးက ဖယ်ရှားပြီး၊ ဒီမိုကရေစီ ပြန်လည်ပေါ်ထွန်းလာရေး ကြိုးပမ်းမှုတွေကို နိုင်ငံတကာ အသိုင်းအဝန်းက ဝိုင်းဝန်းကူညီကြဖို့ အတိုက်အခံခေါင်းဆောင် Juan Guaido က တိုက်တွန်းလိုက်ပါတယ်။
အာဖဂန်နစ္စတန် နိုင်ငံကနေ အမေရိကန်တပ်တွေနဲ့ နေတိုးမဟာမိတ်တပ်တွေ အားလုံးပြန်ရုပ်သိမ်းရေးနဲ့ အာဖဂန်မြေကို သုံးပြီး အမေရိကန်နဲ့ မဟာမိတ်တွေကို အကြမ်းဖက် သမားတွေရဲ့ တိုက်ခိုက်မှုတွေကနေ ကာကွယ်ရေးအတွက် အသေးစိတ် လုပ်ငန်းတွေကို လုပ်ဆောင်မယ့် နည်းပညာအဖွဲ့တွေ ထူထောင်ဖို့ အမေရိကန်နဲ့ တာလီဘန် အဖွဲ့တို့ကြားသဘောတူ
ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာတွေကို ဌာနေပြန်ပို့ရေးကို မြန်မာအစိုးရက အရှိန်မြှင့် လုပ်ဆောင်လာစေဖို့ နိုင်ငံတကာက ဝိုင်းဝန် ဖိအားပေးကြဖို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheik Hasina က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
Saw Joseph ဟာ FBR အဖွဲ့ရဲ့ ထိပ်တန်းကျန်းမာရေး ဝန်ထမ်းတဦးဖြစ်ပြီး ကောသူလေး တောတွင်းဆေးကျောင်းက ထူးချွန်စွာအောင်မြင်ခဲ့သူ ဖြစ်ပါတယ်။
အပြန်အလှန် ဆွေးနွေး ဖလှယ်မှုဟာ မြန်မာနိုင်ငံကို ပိုမို အင်အားကောင်းစေလိမ့်မယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။
ဗင်နီဇွဲလား အတိုက်အခံ အင်အားစုတွေနဲ့ ဆွေးနွေးဖို့နဲ့ လွှတ်တော်ရွေးကောက်ပွဲတွေ အချိန်စောကျင်းပဖို့ အသင့်ရှိနေကြောင်း သမ္မတ Nicolas Maduro က ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။ ဗင်နီဇွဲလားနိုင်ငံ အကျိုးအတွက် တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒရှိတဲ့အကြောင်း ရုရှားသတင်းဌာန RIA နဲ့ မေးမြန်းခန်းမှာ ပြောဆိုလိုက်တာပါ။
EU ဥရောပသမဂ္ဂထဲကနေ ဗြိတိန်နိုင်ငံ နုတ်ထွက်ပြီးနောက်ပိုင်း ၂ ဖက်လိုက်နာရမယ့် သဘောတူညီချက် တွေကို ပြင်ဆင်ဖို့ ဗြိတိန်ပါလီမာန်က ထောက်ခံလိုက်လို့ ဝန်ကြီးချုပ် Theresa May အစိုးရက EU တာဝန်ရှိသူတွေနဲ့ ညှိုနှိုင်းဖို့ ပြင်ဆင်နေပေမဲ့ EU ဖက်ကတော့ ပြင်ဆင်ဖို့ ငြင်းဆန်နေပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ သီတင်းပတ်ပေါင်းများစွာ ကြုံနေရတဲ့ လေထုညစ်ညမ်းမှုတွေဟာ ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ အဆင့်အထိ ဖြစ်လာနေတာကြောင့် ကျောင်းပေါင်း ၄၀၀ ကျော်ကို ပိတ်လိုက်ရပါတယ်။
ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဘင်္ဂလားဒေရှ့်ဆိုင်ရာ မြန်မာ သံအမတ်ကြီးကို ဆင့်ခေါ်ခဲ့ပါတယ်။
ကချင်ပြည်နယ် မြစ်ဆုံဒေသမှာ တည်ဆောက်မယ့် အငြင်းပွါးဖွယ် ရေအားလျှပ်စစ် စီမံကိန်းနဲ့ ပတ်သက်ပြီး ရှေ့ဆက်မတိုးပဲ ရပ်ဆိုင်းပစ်ဖို့ ကက်သလစ်ခရစ်ယန် ရဟန်းအမတ် Cardinal Charles Bo က ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
ကမ္ဘာအဝှမ်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးအခြေအနေတွေကို စောင့်ကြည့်တဲ့ Transparency International အဖွဲ့ရဲ့ CPI ခေါ်တဲ့ နှစ်စဉ် ကမ္ဘာအဝှမ်း အဂတိလိုက်စားမှု အခြေအနေ စစ်တမ်းထွက်ပေါ်လာရာမှာ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ ထဲ ၁၃၂ အဆင့်နဲ့ ပြီးခဲ့တဲ့ နှစ်ကနဲ့ ယှဉ်ရင် အဆင့် ၂ ဆင့် ကျသွားတာဖြစ်ပါတယ်။
အိန္ဒိယကာကွယ်ရေးဝန်ကြီးဟောင်းလည်းဖြစ်၊ မြန်မာ့ ဒီမိုကရေစီအရေးကို တက်ကြွစွာ ကူညီပံ့ပေးခဲ့သူလည်းဖြစ်တဲ့ အိန္ဒိယ ဝါရင့် နိုင်ငံရေးသမားကြီး George Fernandes ဟာ ဒီကနေ့ အင်္ဂါနေ့မှာဘဲ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။
အောက်လွှတ်တော် ဥက္ကဌ နန်စီပလိုစီက သမ္မတ Donald Trump ကို နိုင်ငံတော် အခြေပြမိန့်ခွန်းကို ဖေဖေါ်ဝါရီလ ၅ ရက် အင်္ဂါနေ့မှာ ပြောကြားဖို့ ဖိတ်ကြားထားကြောင်း အောက်လွှတ်တော် ဥက္ကဌရုံးက တနင်္လာနေ့မှာ ကြေညာပါတယ်။
UNICEF အမှုဆောင် ဒါရိုက်တာ Henrietta Fore က မြန်မာနိုင်ငံ အနေနဲ့ ရခိုင်အရေးကော်မရှင်ရဲ့ ရိုဟင်ဂျာ ပဋိပက္ခ ဖြေရှင်းရေး အကြံပေးချက်တွေကို လိုက်နာ ဖေါ်ဆောင်ဖို့ မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
တရုတ်နိုင်ငံ နည်းပညာကုမ္ပဏီဖြစ်တဲ့ Huawei ရဲ့ ဘဏ္ဍာရေးဆိုင်ရာအကြီးအကဲ Meng Wanzhou ကိုအမေရိကန်ပြည် ထောင်စုအစိုးရရှေ့နေတွေက စွဲဆိုချက်၁၃ခုနဲ့ တနင်္လာနေ့ မနေ့တုန်းကပဲ နယူးယောက်မြို့က ပြည်ထောင်စု တရားရုံးမှာ စွဲချက်တင်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်