ဇန်နဝါရီလ ၂၇ ရက် တနင်္ဂနွေနေ့ မနက် ၁၁ ခွဲလောက်မှာ အသက် ၁၉ နှစ် အရွယ် သူငယ်ချင်း ၂ ဦးဖြစ်တဲ့ မစုမြတ်ဝေနဲ့ မမျိုးနန္ဒာကျော် တို့ ၂ ဦးဟာ ကော့ကရိတ်မြို့နယ် ကော့ကရိတ်- မြဝတီ အာရှအဝေးပြေးလမ်းမ အနီးရှိ တော်နော ရေတံခွန်ထိပ်မှာ ဓါတ်ပုံရိုက်ကြရင်း ရေတံခွန်အောက် ပေ ၂၀၀ ပြုတ်ကျခဲ့ကြတာပါ။
Venezuela နိုင်ငံရဲ့ စစ်တပ်ကို သူ့ဖက်ပါလာအောင် စည်းရုံးကြိုးစားတဲ့အနေနဲ့ ယာယီသမ္မတအဖြစ် သူ့ကိုယ်သူကြေညာထားတဲ့ Juan Guaido က ဒီတပါတ်ထဲမှာ ၂ ရက် လူထုအင်အားပြပွဲလုပ်ဖို့ ဆော်သြထားပါတယ်။
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းက ခရစ်ယာန် ဘုရားရှစ်ခိုးကျောင်း တခုမှာ တနင်္ဂနွေနေ့က ဗုံးနှစ်လုံး ပေါက်ကွဲခဲ့တာကြောင့် လူပေါင်း ၂၀ သေဆုံးပြီး ၈၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဗင်နီဇွဲလား နိုင်ငံမှာ ရွေးကောက်ပွဲသစ် ကျင်းပရေး နိုင်ငံတကာရဲ့ တောင်းဆိုချက်ကို သမ္မတ Nicolas Maduro က တနင်္ဂနွေနေ့မှာ ပယ်ချလိုက်ပါတယ်။
တရုတ် လုပ်ငန်း China Communication Construction ကုမ္ပဏီ လီမိတက်နဲ့ ဆောင်ရွက်ဖို့ စာချုပ်ထားတဲ့ မလေးရှားရဲ့ ဒေါ်လာ ၂၀ ဘီလျံတန် East Coast Rail Link ရထားလမ်းတည်ဆောက်ရေး စီမံကိန်းကို ဖျက်သိမ်းမယ့် အကြောင်း မလေးရှား စီးပွားရေးဆိုင်ရာ ဝန်ကြီးက စနေနေ့မှာ ပြောဆိုပါတယ်။
ရခိုင်အရေး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဖိလစ်ပိုင် ထိပ်တန်း သံတမန်ဟောင်း ရိုဆာရီယို မယ်နာလို မြန်မာနိုင်ငံကို တနင်္ဂနွေနေ့က ဆိုက်ရောက်လာပါတယ်။
ဆာဘီးယားနိုင်ငံက ကမ္ဘာ့အဆင့် ၁ တင်းနစ်ကစားသမား နိုဘက် ဂျိုးကိုဗစ်ချ်ကတော့ သြစတြေးလျအိုးပင်းတင်းနစ်ပြိုင်ပွဲကို ဗိုလ်စွဲသွားပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ရေကြီး မြေပြိုကျတာ၊ လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်တာတွေ ကြုံခဲ့ရပြီးတဲ့နောက် ၊ လူ ၆၈ ယောက်ထက်မနည်းသေဆုံးပြီး၊ ၇ ထောင်ကျော် ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြရတယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံက တည်ငြိမ်မှုမရှိတဲ့ နိုင်ငံတောင်ပိုင်းမှာ ခရစ်ယာန်ဘုရားရှိခိုးကျောင်း တကျောင်း ဒီကနေ့ တနင်္ဂနွေနေ့မှာပဲ ဗုံး ၂ လုံး ပေါက်ကွဲခဲ့လို့ သေဆုံးသူ ၂၇ ဦး ရှိသွားပြီ ၇၇ ဦး ဒဏ်ရာရာသွားပါတယ်။
အမေရိကန်ပြည်ထောင်စုအခြေစိုက် ဘိုးအင်းလေယာဉ်ကုမ္ပဏီက ပျံသန်းလို့ရတဲ့မော်တော်ကား စမ်းသပ်ပျံသန်းမှုကို အခုတပတ်ထဲ မှာလုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။
ကာတာနိုင်ငံ ဒိုဟာမှာ ကျင်းပနေတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ တာလီဘန်တို့ကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ တိုးတက်တဲ့လက္ခဏာတွေ တွေ့နေရတာကြောင့် အာဖဂန်က ၁၇ နှစ်ကြာ စစ်ပွဲအတွက် နိုင်ငံရေးအရ ညှိနှိုင်းမှုတွေ လုပ်တဲ့ အဆင့်အထိ ချနိုင်နေပြီလို့ တချို့က မြင်လာ နေပြီဖြစ်ပါတယ်။
အမေရိကန်အစိုးရ ယန္တရားတချို့ရပ်ဆိုင်းနေတာ မနေ့ကအထိဆိုရင် ၃၄ရက် ကြာလာခဲ့ပါပြီ။ အခုချိန်ထိအလုပ်တွေပြန် လည်ပတ်နိုင်မယ့်အခြေအနေတွေမမြင်ရသေးပါဘူး။
ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာမွတ်ဆလင် ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောင်းရွှေ့ချထားဖို့ စီစဉ်နေတဲ့ Bhashan Char ကျွန်းကို မနေ့က ဇန်နဝါရီလ ၂၄ရက်နေ့မှာ သွားရောက်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်တွင်း ကယ်ဆယ်ကူညီရေး လုပ်ဆောင်နေမှုတွေကို ရခိုင်ပြည်နယ်အစိုးရက ဒီလထဲမှာပဲ တားမြစ်လိုက်တဲ့အတွက် ဒေသခံ အနည်းဆုံး ၅ သောင်းလောက်အပေါ် သက်ရောက်မှုရှိနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး UNOCHA ရဲ့ မှတ်ချက်ရေး ပြောကြားချက်ကို ရိုက်တားစ် သတင်းမှာ ဖေါ်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ရပ်ဆိုင်းထားရတဲ့ အစိုးရလုပ်ငန်းတွေ ပြန်လည် လည်ပတ်နိုင်ဖို့ရည်ရွယ်တဲ့ ဥပဒေကြမ်း ၂ ခုကို ဒီကနေ့ အထက်လွှတ်တော်မှာ မဲခွဲဖို့ရှိနေပါတယ်။ ဒါပေမဲ့ ဒီဥပဒေကြမ်း ၂ ခုလုံး အတည်ပြုထောက်ခံမှုရဖို့ အခြေအနေ နည်းပါးပါတယ်။
ဗင်နီဇွဲလားနိုင်ငံမှာ အဓိကနိုင်ငံရေး ပြိုင်ဘက်တွေကြား သဘောတူညီချက်ရအောင် မညှိနှိုင်းနိုင်ခဲ့ရင် ကြီးမားတဲ့ အကျပ်အတည်းနဲ့ ကြုံရနိုင်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က သတိပေးလိုက်ပါတယ်။
နောက်တပတ်မှာ ပြောကြားဖို့ ရှိတဲ့ နိုင်ငံတော် အခြေပြ မိန့်ခွန်းကို မပြောဖို့ အတွက် အောက်လွှတ်တော် ဥက္ကဌ နန်စီပလိုစီက ဟန့်တားခဲ့ပြီးတဲ့နောက်မှာ သမ္မတ Donald Trump က နောက်ပုံစံ တမျိုးနဲ့ မိန့်ခွန်း ပြောကြားမယ်လို့ ပြောကြားလိုက်ပါတယ်။
ဗင်နီဇွဲလား နိုင်ငံ သမ္မတ Nicolás Maduro က အမေရိကန် ပြည်ထောင်စုနဲ့ သံအဆက်အသွယ် ဖြတ်တောက်လိုက်ပြီး အမေရိကန် သံအရာရှိတွေ သူ့တိုင်းပြည်က ထွက်ခွာသွားဖို့ ၇၂ နာရီ အချိန်ပေးထားပါတယ်။
ထိုင်းနိုင်ငံရဲ့ နိုင်ငံတွင်း ထိန်းသိမ်းရေး စခန်းတွေမှာ ရှိနေတဲ့ ကလေးသူငယ်တွေကို လွှတ်ပေးမယ်ဆိုတဲ့ ကိစ္စကို ဒုက္ခသည်နဲ့ ခိုလှုံခွင့် တောင်းခံသူများ ကာကွယ်ရေး တက်ကြွလှုပ်ရှားသူတွေက ချီးကျူး ကြိုဆိုလိုက်ပါတယ်။
အမေရိကန် အစိုးရယန္တရား တစိတ်တပိုင်း ပိတ်ထားရတာ ဒုတိယလထဲ ရောက်လာနေပြီဖြစ်ပြီး ပြန်ဖွင့်နိုင်ရေးအတွက် ကြိုးပမ်းတဲ့အနေနဲ့ ဆန့်ကျင်ဘက် ပါတီကြီး ၂ ခုလုံးက အထက်လွှတ်တော်မှာ မဲပေးဖို့ ပြင်ဆင်နေကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်