၁၉၉၈ ခုနှစ်ကတည်းက အမေရိကန်-မက္ကဆီကို နယ်စပ်တလျှောက် တရားမဝင် ရွှေ့ပြောင်းဝင်ရောက်လာတဲ့သူတွေ လမ်းခရီးမှာ ၈၀၀၀ ကျော် သေဆုံးခဲ့တဲ့ အကြောင်း အမေရိကန် နယ်ခြားစောင့်တပ်က မှတ်တမ်းပြုစုထားပါတယ်။ VOA သတင်းထောက် တောင်ပိုင်းတက္ကဆက်ပြည်နယ်ကို သွားရောက် သတင်းပေးပို့ထားတာကို မမြသဇင်အောင် ပြောပြပါလိမ့်မယ်။
နိုင်ငံတာ အကူအညီတွေမှာ နိုင်ငံရေးပါဝင်နေပါသလား။ ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးတင်မောင်သန်းကို မမြသဇင်အောင်က ဆွေးနွေးမေးမြန်းထားပါတယ်။
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်း စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေဟာ ဇွန်လ ၃ ရက်နေ့မှာ ဝက်လက်မြို့နယ်၊ နဘဲပင်လှကျေးရွာက နေအိမ် ၆၀ကျော်ကို မီးရှို့ခဲ့သလို ဒေသခံတချို့ကို သတ်ဖြတ်ခဲ့ပြီး တချို့ကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ယူကရိန်း ကျုးကျော်စစ် အဆုံးသတ်ဖို့ ရုရှားအပေါ် တရုတ်ရဲ့ သြဇာကို အသုံးပြုမယ့် ဆန္ဒရှိတဲ့ အရိပ်အယောင် သိပ် များများစားစား မတွေ့ရဘူးလို့ အမေရိကန် နိုင်ငံခြားရေးဌာန အကြီးတန်း အရာရှိတဦးကပြောသလို ချက်သမ္မတနိုင်ငံ လွှတ်တော် အမတ်တယောက်ကလည်း ဝေဖန်ပါတယ်။ ပြောပါတယ်။ မမြသဇင်အောင် ပြောပြပါလိမ့်မယ်။
အညွှန်းကိန်း အဆင့်သတ်မှတ်ချက်တွေ ထုတ်နေတာက လက်တွေ့ အကျိုးရှိနိုင်ပါသလား။ အညွှန်းကိန်းတွေကို ပြုပြင်ပြောင်းလဲရေးမှာ ဘယ်လို အသုံးချနိုင်ပါသလဲ။ ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးတင်မောင်သန်းကို မမြသဇင်အောင် ဆွေးနွေးမေးမြန်းထားပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကပိုင်ကျေးရွာကို ဒီကနေ့မွန်းလွဲပိုင်းမှာ စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ ဝင်ရောက် ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောကြတာပါ။
ဒီအခြေအနေတွေ လက်တွေ့အကောင်အထည်ဖော်ဖို့ နှစ်ဘက်ယုံကြည်မှု ဘယ်လို တည်ဆောက်နိုင်ပါမလဲ။ ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးတင်မောင်သန်း ကို မမြသဇင်အောင်က ဆွေးနွေးမေးမြန်းထားပါတယ်။
ယူကရိန်း ပြန်လည်တည်ဆောက်ရေး ပျက်စီးသွားတဲ့ ယူကရိန်းအဆောက်အအုံတွေနဲ့ အတိတ်ကရှိခဲ့တဲ့ မြင်ကွင်းတွေကို အမှတ်ရစေဖို့ ကုမ္ပဏီတခုက ရုပ်ပုံအပိုင်းအစတွေကို ဆက်ပြီးကစားရတဲ့ ရုပ်ပုံဆက်ဉာဏ်စမ်း jigsaw puzzle တွေပြုလုပ် ရောင်းချပေးနေပါတယ်။ မမြသဇင်အောင် ပြောပြပါလိမ့်မယ်။
ဘယ်လို ဖြေရှင်းနိုင်ပါမလဲဆိုတာကို ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးတင်မောင်သန်းကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
မြန်မာ့အရေး အာဆီယံကိုပါ ထိခိုက်တဲ့အထိ ဖြစ်လာရတာ ဘာကြောင့်ပါလဲ။ ဘယ်လို ဖြေရှင်းနိုင်ပါမလဲဆိုတာကို ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးတင်မောင်သန်းကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
မိုခါဆိုင်ကလုန်းမုန်တိုင်း အပြင်းအထန် တိုက်ခိုက်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ အသေအပျောက်နဲ့ ထိခိုက်ပျက်စီးမှုတွေ ကြီးကြီးမားမား ကြုံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မုန်တိုင်းသင့် ဒေသခံတွေ အရေးပေါ် အကူအညီတွေ လိုအပ်နေပြီး၊ ဆက်သွယ်ရေးတွေလည်း ပြတ်တောက်နေတာပါ။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ပြည်နယ် Seattle မြို့ Woodinville မှာ ကျင်းပခဲ့တဲ့ Seattle Fashion သီတင်းပတ်မှာ ဘဘာဝပစ္စည်းတွေကိုသုံးပြီး လှပဆန်းသစ်ထားတဲ့ ဖက်ရှင်တွေအပြင် ကရိန်းလူမျိုးတို့ရဲ့ ရိုးရာဝတ်စုံစစ်စစ်တွေကို ပြသခဲ့ပါတယ်။ Natasha Mozgovaya သတင်း ပေးပို့ထားတာကို မြသဇင်အောင် တင်ပြပါမယ်။
အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”ဟာ ဘင်္ဂလားဒေ့ရှ်−မြန်မာ ကမ်းရိုးတန်းဆီ ဦးတည်ရွေ့လျားနိုင်တဲ့ အခြေအနေရှိပြီး မိုးဇလက လိမ္မော်ရောင်အဆင့် သတ်မှတ်ထားပါတယ်။ မုန်တိုင်းဟာ မြန်မာနိုင်ငံကို တနင်္ဂနွေနေ့မှာ ဖြတ်ကျော်ဝင်လာနိုင်လို့ ဘေးကင်းရာ ကြိုတင်ရှောင်ရှားကြဖို့ သတိပေးချက်ထုတ်ထားပါတယ်။
"မုန်တိုင်းအဆင့် သတ်မှတ်ချက်မှာ အဝါရောင်၊ လိမ္မော်ရောင်၊ အနီရောင်၊ အညိုရောင်၊ အစိမ်းရောင်ပေါ့လေ။ အခုက မြန်မာကမ်းရိုးတန်းကို ချဉ်းကပ်နေတော့ လိမ္မော်ရောင်ပေါ့။ အနီရောင်အဆင့် ဆိုရင်တော့ မြန်မာ့ကမ်းရိုးတန်းကို မဖြတ်မီ ၁၂ နာရီပေါ့။ အနီရောင်လို့ သတ်မှတ်လိုက်ရင် မဖြစ်မနေရွှေ့ကို ရွှေ့ရတော့မယ်။ ..."
မေလ ၁၄ ရက် တူရကီနိုင်ငံ ရွေးကောက်ပွဲ ပြန်လည်ကျင်းပရာမှာ မဲဆန္ဒရှင်တွေရဲ့ လုံခြုံရေး စိုးရိမ်နေကြပါတယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အတိုက်အခံတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ အရှိန်မြှင့်လုပ်ဆောင်ပါတယ်။ VOA သတင်းထောက် Dorian Jones သတင်းပေးပို့ထားတာကို မမြသဇင်အောင် တင်ဆက်ထားပါတယ်။
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ လာမယ့် မေလ ၁၄ ရက်နေ့မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းဆီ အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ဝင်ရောက်လာနိုင်ပါတယ်။ မေလ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေမှာ ပြည်နယ်နဲ့တိုင်း ဒေသတချို့မှာလည်း လေပြင်းအန္တရာယ် ကျရောက်နိုင်ပါတယ်။
မြန်မာ့ပြဿနာမှာ တရုတ်က ဘယ်လောက်အရေးပါသလဲဆိုတာ အခုတပတ်အယ်ဒီတာနဲ့ဆွေးနွေးခန်းမှာ ဦးကျော်ဇံသာ ကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်