ကုလသမဂ္ဂရဲ့ ကြားဝင်ဆောင်ရွက်မှုက အားတက်စရာ သိပ်မရှိခဲ့ပေမဲ့ ပြောင်းလဲလာတဲ့ မြေပြင်အခြေအနေတွေအရ အခုတကြိမ် ဘယ်လောက်ထိ မျှော်လင့်နိုင်မလဲဆိုတာကို အခုတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးကျော်ဇံသာ ကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခိုလှုံတဲ့ နယ်ခြားစောင့်တပ်နဲ့ စစ်တပ်အရာရှိ ၂၀၀ လောက် မြန်မာနိုင်ငံကို ပြန်ပို့ဖို့ စီစဉ်နေသလို မြန်မာဘက်က ဖမ်းထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၅၀ ကျော်ကိုလည်း ပြန်ပို့ပေးဖို့ တောင်းဆိုထားတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုထားပါတယ်။
နိုင်ငံခြားသတင်းကွန်ယက်ကန့်သတ်မှု ဥပဒေအသစ်အရအစ္စရေးလုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ ယူဆတဲ့ကာတာအခြေစိုက် Al-Jazeera သတင်းဌာနကွန်ယက်တွေကို ပိတ်သိမ်းဖို့လုပ်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကပြောဆိုပါတယ်။ VOAသတင်းထောက် Linda Gradstein သတင်းပေးပို့ထားတာကိုမမြသဇင်အောင်ပြောပြပေးပါမယ်။
မကြာသေးမီက စစ်ကောင်စီ ကျင်းပတဲ့ တပ်မတော်နေ့ အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အင်အားကြီးနိုင်ငံတချို့ မြန်မာ့ပြည်တွင်းရေးမှာ ဝင်စွက်နေတယ်ဆိုပြီး အမေရိကန်နဲ့ တရုတ်တို့ကို စောင်းမြောင်းပြောကြားခဲ့ပါတယ်။ တချိန်တည်းမှာပဲ ရုရှား စစ်ဘက်အရာရှိကြီးတွေကိုတော့ ချီးမြှောက်ဂုဏ်ပြုခဲ့ပါတယ်။
ရုရှားနဲ့ စစ်ကောင်စီတို့ရဲ့ ပိုမိုနီးကပ်လာတဲ့ ဆက်ဆံရေးအခြေအနေကို အခုတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ မမြသဇင်အောင် က ဦးကျော်ဇံသာကို မေးမြန်းဆွေးနွေးထားပါတယ်။
ကမ္ဘာမှာ ပထမဆုံးအကြိမ်အဖြစ် အမေရိကန်မှာ လူကို ဝက်ကျောက်ကပ်နဲ့ အစားထိုးခွဲစိတ် ကုသအောင်မြင်၊ ဦးနှောက်ထဲ ထည့်ထားတဲ့ ကွန်ပျုတာချစ်ပ်ပြားနဲ့ ထိန်းချုပ်ပြီး အင်တာနက်ပေါ်မှာ စစ်တုရင် ကစား၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မမြသဇင်အောင်တို့ တင်ဆက်ထားပါတယ်။
အရှေ့ဂျေရုဆလင်က ဆေးရုံတွေမှာ ဆေးကုသမှုခံယူနေတဲ့ ပါလက်စတိုင်းလူနာတွေ ဆေးကုပြီးရင် ဂါဇာကမ်းမြောင်ကို ပြန်ပို့ဖို့ အစ္စရေးက အမိန့်ထုတ်ပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေက ဒါကို ပြစ်တင်ရှုတ်ချခဲ့ပြီးတဲ့နောက် အစ္စရေးတရားရုံးချုပ်က အခုဒီကိစ္စကို ဆိုင်းငံ့ထားပါတယ်။ မမြသဇင်အောင်ပြောပြပေးပါမယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးကို ဟာမတ်စ်တိုက်ခိုက်မှုနဲ့ ဂါဇာမှာ စစ်ပွဲတွေစကတည်းက ဒါနဲ့ ဆက်စပ်ပြီး လက်တုံ့ပြန်တိုက်ခိုက်မှုတွေကြုံရမှာကို အမေရိကန်မှာရှိတဲ့ အာရပ်နွယ်ဖွားအမေရိကန်တွေနဲ့ မွတ်စလင်အသိုင်းအဝိုင်းကြား စိုးရိမ်ကြောက်ရွံ့မှုတွေရှိပါတယ်။ မမြသဇင်အောင်ပြောပြပေးပါမယ်။
တချိန်ကအောင်မြင်တဲ့ အမျိုးသမီးရှေ့နေတဦး အခုတော့ ယူကရိန်းနယ်မြေကာကွယ်ရေးတပ်ဖွဲ့မှာ တပ်မှူးတဦးအဖြစ်တာဝန်ထမ်းနေတဲ့ အကြောင်း VOA သတင်းထောက် Anna Kosstutschenko သတင်းပေးပို့ထားပါတယ်။ မမြသဇင်အောင်ပြောပြပေးပါမယ်။
အဘက်ဘက်မှာ ထိခိုက်ဆုံးမှုတွေရှိလာနေတဲ့ စစ်ကောင်စီကျဆုံးလုနီးပြီလို့ သုံးသပ်သူတချို့က ဆိုနေကြသလို ပန်းတိုင်ဝေးသေးတယ်။ တက်ထောင်ရမယ့်အချိန် မရောက်သေးဘူးလို့ သတိပေးသူတွေလည်း ရှိနေပါတယ်။ ပြည်သူတွေလိုချင်တဲ့ တည်ငြိမ်အေးချမ်းမှု ရရှိရေး ဘယ်လောက်နီးစပ်လာပြီလဲ။
ဗွီအိုအေရဲ့ အင်္ဂလိပ်စာလေ့လာမယ်အစီအစဉ်မှာ ဒီတပတ်တော့ နိုင်ငံတကာ အစားအသောက်ရောင်းတဲ့ ကားတွေမှာ နေ့လယ်စာဝယ်စားရင်း “Lunch Time” နေ့လယ်စာ စားချိန်နဲ့ ပတ်သက်တဲ့ အင်္ဂလိပ်အသုံးအနှုန်းတွေကို ရှင်းပြထားပါတယ်။
တိဘက်ဘုန်းတော်ကြီးဒလိုင်းလားမား သက်တော် ၈၉ နှစ်ထဲ ဝင်ရောက်လာခြင်းနဲ့အတူ မအောင်မြင်ခဲ့တဲ့ တရုတ်နိုင်ငံဆန့်ကျင်ရေးလူထုအုံကြွမှု အတိတ်သမိုင်းကြောင်းနောက်ခံရှိခဲ့တဲ့ တိဘက်ပြည်သူတွေအတွက် အနာဂါတ်ရေး စိုးရိမ်ပူပန်မှုတွေရှိနေတဲ့အကြောင်း AFP သတင်းကို အခြေခံပြီး မမြသဇင်အောင်ပြောပြပေးပါမယ်။
အစ္စရေး-ဟာမတ်စ် စစ်ပွဲစတင်ခဲ့တဲ့ လွန်ခဲ့တဲ့ ၅ လလောက်ကတည်းက အစ္စရေး တသောင်းကျော်ဒဏ်ရာရခဲ့တယ်လို့ အစ္စရေးကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဂျေရုဆလင်မှာရှိတဲ့ ပြန်လည်ထူထောင်ရေးစင်တာအသစ်တခုမှာ ဒဏ်ရာရ စစ်သားတွေနဲ့ အရပ်သားတွေကို နောက်ဆုံးပေါ်နည်းပညာတွေအသုံးပြုကုသပေးနေတဲ့အကြောင်း မမြသဇင်အောင်ပြောပြပေးပါမယ်။
သမ္မတဟောင်း Trump နဲ့ လက်ရှိသမ္မတ Biden တို့ ပြန်တွေ့ကြမယ့် ၂၀၂၄ နိုဝင်ဘာရွေးကောက်ပွဲဟာ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းနဲ့ ဘယ်လို ဆက်စပ်နေပါသလဲ။ မြန်မာ့နိုင်ငံရေးကိုရော ဘယ်လို ရိုက်ခတ်လာနိုင်ပါသလဲဆိုတာကို ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးကျော်ဇံသာကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
သမ္မတဟောင်း Donald Trump နဲ့ လက်ရှိသမ္မတ Joe Biden တို့ ပြန်တွေ့ကြမယ့် ၂၀၂၄ နိုဝင်ဘာရွေးကောက်ပွဲဟာ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းနဲ့ ဘယ်လို ဆက်စပ်နေပါသလဲ။ မြန်မာ့နိုင်ငံရေးကိုရော ဘယ်လို ရိုက်ခတ်လာနိုင်ပါသလဲဆိုတာကို ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။
နယ်သာလန်နိုင်ငံ Amsterdam မြို့ မှာ အသစ်ဖွင့်လှစ်တဲ့ Holocaust ပြတိုက်က ဒုတိယကမ္ဘာစစ်အတွင်း နယ်သာလန်မှာရှိတဲ့ ဂျူးလူမျိုးတွေ နှိပ်စက်ညှဉ်းပန်းခံခဲ့ရတာ၊ လေးပုံသုံးပုံလောက်ကို နေရပ်ပြန်ပို့ခံရတာနဲ့ အသတ်ခံခဲ့ရတဲ့ အကြောင်းတွေကို ပြသဖို့ရည်ရွယ်ပါတယ်။ အေပီသတင်းကို အခြေခံပြီး မမြသဇင်အောင် ပြောပြထားပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီကြား သဘောတူညီမှုတရပ်ကို တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်ကလည်း အသေးစိတ်အချက်အလက်ကို မထုတ်ပြန်ပေမဲ့ သဘောတူညီမှုရရှိကြောင်း၊ စေ့စပ်ပေးတဲ့ တရုတ်ကို ကျေးဇူးတင်ကြောင်းစသဖြင့် ပြောကြားထားပါတယ်။
မကြာသေးမီက ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီကြား သဘောတူညီမှုတရပ်ကို တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်ကလည်း အသေးစိတ်အချက်အလက်ကို မထုတ်ပြန်ပေမဲ့ သဘောတူညီမှုရရှိကြောင်း၊ စေ့စပ်ပေးတဲ့ တရုတ်ကို ကျေးဇူးတင်ကြောင်းစသဖြင့် ပြောကြားထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာSuper Tuesdayလို့ခေါ်တဲ့ပါတီတွင်း သမ္မတလောင်း ရွေးချယ်ပွဲတွေ ဒီနေ့ အင်္ဂါနေ့ ကျင်းပနေပါတယ်။ပြည်နယ် ၁၅ပြည်နယ်နဲ့ အမေရိကန်ပြည်ထောင်စု နယ်နမိတ်Samoaကျွန်းတွေမှာရွေးကောက်ပွဲကျင်းပတာပါ။ဒီရွေးကောက်ပွဲအခြေအနေသတင်းသွားယူတဲ့ မအင်ကြင်းနိုင်ကို မမြသဇင်အောင်ဆက်သွယ်ပြီးမေးမြန်းထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်