ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ တကျော့ပြန်ဖြစ် ပွားနေချိန် ရခိုင်ပြည်နယ်အတွင်း စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ထောက်ပံ့ရေးအဖွဲ့တွေ သွားလာရေး အခက်အခဲတွေ နဲ့ ရင်ဆိုင်နေရပါတယ်။
ဒီတပတ် အားကစားကဏ္ဍမှာတော့ အမေရိကန်အိုးပင်း တင်းနစ်ပြိုင်ပွဲမှာတော့ ချန်ပီယံသစ်တွေ ထွက်ပေါ်လာခဲ့တာ၊ ဗြိတိန်နိုင်ငံမှာ ဒုတိယမြောက် အဲလစ်ဇဘက်ဘုရင်မကြီးကွယ်လွန်သွားတဲ့အတွက် အားကစားပွဲတချို့ ရွှေ့ဆိုင်းခဲ့တာ နဲ့ အဲဒီအပေါ်မှာ သဘောထားတွေ နဲ့ ပတ်သက်ပြီး ဒီတပတ်ရဲ့အားကစားဏ္ဍမှာ ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။
ကာတာနိုင်ငံမှာကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးပွဲမှာ အမျိုးသမီးဒိုင်တွေကို ပထမဆုံးအကြိမ် အသုံးပြုသွားတော့မှာဖြစ်ပါတယ်။ အီရန်နိုင်ငံမှာတော့ အမျိုးသမီးတွေကို ဘောလုံးပွဲတွေ ကြည့်ခွင့်ပေးလိုက်ပါတယ်။ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို အခုတပတ်မှာ ကိုရန်နိုင်က စုစည်းတင်ပြပေးထားပါတယ်။
အမေရိကန်အိုးပင်း တင်းနစ်ပြိုင်ပွဲကိုတော့ နယူးယောက်မြို့မှာ တနင်္လာနေ့က စတင်လိုက်ပါပြီ။ ဒါ့အပြင် ကာတာ ကမ္ဘာ့ဖလားလုံခြုံရေးနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌက ဘာတွေပြောလိုက်သလဲ ဆိုတာအပါအဝင် နောက်ဆုံးရ ဘောလုံးသမားအပြောင်းအရွှေ့ သတင်းတွေကို ကိုရန်နိုင်က အခုတပတ်အားကစားကဏ္ဍမှာ စုစည်းတင်ဆက်ထားပါတယ်။
"တက်မယ်ဆိုရင် ကျနော်တို့ စိုက်ပျိုးရေးသမားတွေက တောင်သူနဲ့ဆက်ဆံရတာကိုး။ ထိုင်းဈေးတက်တိုင်း ကျနော်တို့လိုက်တက်လို့ မရဘူးပေါ့နော်။ အရင်းပါရုံလောက်၊ အရင်းကျန်ရုံလောက် ထိန်းပြီးတက်နေရတာ။ တခါဝယ်ရင်း တခါရှုံးရင်းဖြစ်နေတာပေါ့ လောလောဆယ်က။ တအားတက်လာရင်တော့ ရပ်ရမှာဗျ၊ လုပ်ငန်းကရပ်ရမှာ။" (နယ်စပ်လုပ်ငန်းရှင်)
အမေရိကန်၊ ကနေဒါ နဲ့ မက္ကဆီကိုတို့ ၃ နိုင်ငံပေါင်းပြီး ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပွဲ လက်ခံကျင်းပမယ့်မြို့ ၁၆ မြို့ကို FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ရွေးချယ်လိုက်တာနဲ့ပတ်သက်ပြီး အခုတပတ်ရဲ့အားကစားကဏ္ဍမှာ ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။
ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ သတ်မှတ်ရက်ထက် စောကျင်းပမယ်ဆိုတဲ့ အကြောင်း၊ ဒီနှစ်အတွက် ရွှေဘောလုံးဆု ဘယ်သူရသင့်ပါသလဲ။ သုံးသပ်ချက်တွေနဲ့ အမေရိကန် ကမ္ဘာကျော် တင်းနစ်ကစားမယ် Serena Williams အနားယူတော့မယ့်အကြောင်း သတင်းတွေကို ဒီသီတင်းပတ် အားကစားအစီအစဉ်မှာ ကိုရန်နိုင် စုစည်းတင်ပြထားပါတယ်။
ဗြိတိန်နိုင်ငံဟာ လုပ်သားအင်အား လိုအပ်တဲ့ ပြဿနာကို ရင်ဆိုင်နေရပါတယ်။ အဲဒီလို လုပ်သားအင်အား လိုအပ်ချက်တွေ ဟာ ယူကရိန်းစစ်ပွဲကြောင့် နိုင်ငံကနေ ထွက်ပြေးခဲ့ကြတဲ့ ယူကရိန်းနိုင်ငံသား ထောင်ပေါင်းများစွာ ၊အတွက် အရေးပါတဲ့ အခွင့်အလမ်းတွေ ဖြစ်လာခဲ့ပါတယ်။ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
ဒီတပတ် အားကစားကဏ္ဍမှာတော့ အင်္ဂလန်ပရီမီယာလိဂ်အဖွင့်ပွဲစဉ်အတူ တပတ်အတွင်း ဥရောပဘောလုံးသမားအပြောင်းအရွှေ့ အခြေအနေတွေနဲ့ လာမယ့် ၂၀၂၄ ပဲရစ် မသန်စွမ်းအိုလံပစ်မှာ ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတို့ ဝင်ပြိုင်ဖို့အလားအလာဘယ်လိုရှိသလဲ ကိုရန်နိုင်က စုစည်းတင်ပြပေးထားပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တာ ၅ လကျော်လာပြီးတဲ့နောက် ကမ္ဘာကြီးက ဒီစစ်ပွဲအပေါ် အာရုံစိုက်မှုတွေ လျော့ကျ လာနေတယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိလာနေပါတယ်။ ဒါကြောင့် ယူကရိန်း နဲ့ ပိုလန်နိုင်ငံက နာမည်ကြီး တင်းနစ် ကစားသမား တွေပေါင်းပြီး ရန်ပုံငွေ ကောက်တာတွေ လုပ်ဆောင်နေပါတယ်။ ကိုရန်နိုင် ပြောပြပေးပါမယ်။
အင်္ဂလန်အမျိုးသမီးဘောလုံးအသင်းကတော့ ယူရို ၂၀၂၂ အမျိုးသမီး ဥရောပဖလား ဘောလုံးပွဲ ကို ဗိုလ်စွဲပြီး နိုင်ငံတကာပြိုင်ပွဲတွေမှာ ပထဆုံးအကြိမ် ချန်ပီယံဖြစ်သွားပါတယ်။ ဒီအကြောင်းကိုတော့ ကိုရန်နိုင်က အခုတပတ်ရဲ့ အားကစားကဏ္ဍမှာ တင်ပြထားပါတယ်။
အခုတပတ် အားကစားကဏ္ဍမှာတော့ အာဖရိကတိုက် အကောင်းဆုံးဘောလုံးသမားဆုကို ဆီနီဂေါ တိုက်စစ်မှူးရသွားပြီး စင်ကာပူနိုင်ငံမှာကျင်းပတဲ့ MMA One Championship မစ်ဒယ်လ် ဝိတ်တန်း ပြိုင်ပွဲမှာ လက်ရှိချန်ပီယံဆက်အနိုင်ရသွားခဲ့ပါတယ်။ ဒီလိုတပတ်အတွင်းထိပ်တန်းရောက် အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ဆက်ထားပါတယ်။
“ကသာခရိုင် PDF တပ်ရင်း ၂ နဲ့ တပ်မ ၇၇ လက်အောက်ခံတပ်တွေလို့ ဆိုတာပဲ။ အင်အားကတော့ ၂၀၀ လောက်ရှိမယ်ခင်ဗျ။ အင်းတော်နဲ့ဆိုရင် ၁၀ မိုင်လောက်အကွာပေါ့နော်။ မံထုံနဲ့ မင်းကုန်းကြားမှာ။ မနေ့က ညနေပိုင်းမှာ အကြီးအကျယ်ဖြစ်တာပေါ့နော်။ သူတို့ ၃၀ လောက်တော့ ကျမယ်ထင်တယ်ခင်ဗျ။” (ဒေသခံ)
အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို ၃ နိုင်ငံပူးတွဲကျင်းပမယ် ၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပွဲတွေကို လက်ခံကျင်းပမယ့် မြို့ ၁၆ မြို့ ကို FIFA ကမ္ဘာဘောလုံးအဖွဲ့ချုပ်က ရွေးချယ်လိုက်ပါတယ်။အဓိကကျတဲ့မြို့ကြီးတွေ အတော်များများပါပေမယ့် အမေရိကန်နိုင်ငံရဲ့မြို့တော်ဝါရှင်တန်ဒီစီတော့ မပါပါဘူး။ ကိုရန်နိုင်က တင်ပြပေးမှာပါ။
“မနေ့က ညနေ ၂ နာရီကျော်လောက်မှာ မယက ရုံးရှေ့ မှာ စစ်သားတစ်ယောက်ကို AA ကဖမ်းခေါ်သွားတော့ နောက်ပိုင်း သေနတ်ပစ်သံတွေ ထွက်လာတယ်၊ အဲဒီနောက်ပိုင်း ကျနော်တို့လည်း အပြင်ထွက်လို့မရတော့ဘူး၊ ညနေ ကိုးနာရီဆယ်နာရီလောက်မှ ဖမ်းသွားတယ် ကြားသလောက်ကတော့ ဆယ်ယောက်လောက်လို့တော့ပြောတယ်။” (ပုဏ္ဏားကျွန်းဒေသခံ)
အခုတပတ် အားကစားကဏ္ဍမှာတော့ ဥရောပကေ ဘောလုံးသမား အပြောင်းအရွှေ့ ဈေးကွက်နောက်ဆုံး အခြေအနေတွေကို ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။
“ဓားထိုးခံရတဲ့ နေရာက အမှတ် (၅) ရပ်ကွက်၊ ဓားထိုးခံရသူကလည်း အမှတ် (၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးပေါ့နော်၊ စစ်မှူးထမ်းဟောင်းရုံးနဲ့ သူ့အိမ်ကြားမှာ ထိုးခံရတာဖြစ်တယ်။ ရှေ့ကတယောက်၊ နောက်က တယောက်ထိုးတယ်ပေါ့နော်။ ဓားထိုးခံရတဲ့နေရာက အမ်းမြို့မရဲစခန်းနဲ့လည်း မဝေးဘူး။”(ကိုမျိုးလွင်-အမ်းတက်ကြွလှုပ်ရှားသူ)
ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲမှာတော့ စပိန်နိုင်ငံသား နဒါးလ် ၁၄ ကြိမ်မြောက်ဗိုလ်စွဲပြီး စံချိန်သစ်တင်လိုက်ပါတယ်။ အမေရိကန်ဘောလုံးအသင်း အပါအဝင် အားကစားအသင်းတချို့က လက်နက်ကိုင်ဆောင်ခွင့်ဥပဒေကို တင်းကြပ်ဖို့ လွှတ်တော်ကို တောင်းဆိုလိုက်ပါတယ်။ ကိုရန်နိုင်က အခုတပတ် အားကစားကဏ္ဍမှာတင်ဆက်ပေးမှာဖြစ်ပါတယ်။
စပိန်နိုင်ငံက ရီးယဲလ်မက်ဒရစ်အသင်းကတော့ ဥရောပချန်ပီယံလိဂ်ဖလားကို ၁၄ ကြိမ် မြောက် ရရှိသွားပြီး၊ ထိုက်ထိုက်တန်တန် အနိုင်ရတာဖြစ်တယ်လို့ ရီးယဲ့လ်နည်းပြ အန်ချလော့တီက ပြောလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အခုတပတ် အားကစားကဏ္ဍမှာ ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထားပါတယ်။၊
နောက်ထပ်ကြည့်ရှုရန်