အမေရိကန်အိုးပင်း ဂေါက်သီးပြိုင်ပွဲမှာတော့ အမေရိကန်က Wyndham Clark အနိုင်ရပြီး ပထမဆုံးမေဂျာဖလားကို ရသွားခဲ့ပါတယ်။ ဘရာဇီးအသင်းက ဥရောပရဲ့ ထိပ်တန်းနည်းပြတယောက်ကို ရှေ့နှစ်မှာ နည်းပြခန့်ဖို့ သဘောတူညီမှုရထားပြီလို့ ကြေညာလိုက်ပါတယ်။ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က တင်ဆက်ပေးမှာဖြစ်ပါတယ်။
ဥရောပချန်ပီယံလိဂ်ဘောလုံးပြိုင်ပွဲမှာတော့ မန်ချက်စတာစီးတီးအသင်း ဗိုလ်စွဲပြီး တနှစ်အတွင်း ဖလား ၃ လုံး ရသွားတဲ့သတင်းအပါအဝင် တပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။
စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ ဒေသခံ ၂၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက ပြောပါတယ်။ နယ်မြေရှင်းလင်းနေတဲ့ နေရာတွေမှာ စစ်တပ်က အင်အားတိုးချဲ့နေတယ်လို့လည်း ပြောပါတယ်။
ပြင်သစ်တိုက်စစ်မှူး ဘန်ဇီးမားရီးယဲလ်အသင်းကထွက်ပြီးလစာငွေ ယူရိုသန်း ၁၀၀ကျော် နဲ့အသင်းပြောင်း၊ကမ္ဘာကျော်ဘောလုံးသမားမက်ဆီ PSGနဲ့ စာချုပ်သက်တမ်းပြည့်လို့ အသင်းနဲ့လမ်းခွဲ၊လာမယ့်စနေနေ့မှာမန်စီးတီးနဲ့အင်တာမီလန်တို့ ချန်ပီယံလိဂ်ဖိုင်နယ်ဗိုလ်လုမယ့်သတင်းစတဲ့ အားကစားသတင်းတွေကို ကိုရန်နိုင်ကစုစည်းတင်ပြထားပါတယ်။
ကိုဗစ် ၁၉ ကပ်ရောဂါကာလ အမေရိကန်အပါအဝင် ကမ္ဘာတဝန်းက ကျောင်းသူကျောင်းသားတွေအတွက် ပညာသင်ကြားရေးတွေ နောက်ကျနေခဲ့ပါတယ်။ အထက်တန်း ကျောင်းပြီးပြီး တက္ကသိုလ်တက်ရတော့မယ့် သူတွေကတော့ ကျောင်း မတက်လိုက်ရတဲ့အချိန်တွေကြောင့် တချို့ဘာသာရပ်တွေမှာ နောက်ကျ ကျန်နေတယ်လို့ ပြောပါတယ်။ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မိုခါမုန်တိုင်းကြောင့် နေအိမ်အဆောက်အဦး ၂၄၀၀၀၀ ကျော်ပျက်ပြီး လူဦးရေ တသန်းကျော်လောက်မုန်တိုင်း ဒဏ်သင့်နေကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေကတော့ လက်တွေ့မှာ ထိခိုက်မှုတွေ ဒီထက်ပိုများတယ်လို့လည်း ပြောနေကြတာပါ။
ချယ်ဆီးအသင်းက တော့တင်ဟမ် နဲ့ PSG နည်းပြဟောင်း ပိုချက်တီနိုကို နည်းပြအဖြစ် ခန့်လိုက်ပါတယ်။ မန်စီးတီး တိုက်စစ်မှူး ဟာလန်ကတော့ အားကစားကလောင်ရှင်တွေက ချီးမြှင့်တဲ့ တနှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ရသွားပါတယ်။ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က တင်ဆက်ပေးထားပါတယ်။
မိုခါမုန်တိုင်းဒဏ် ဆိုးဆိုးဝါးဝါးခံထားရတဲ့ ရခိုင်မြောက်ပိုင်းက စစ်တွေအပါအဝင် မြို့နယ် ၈ ခုလောက်မှာ ဒီကနေ့အထိ လျှပ်စစ်မီးတွေ ပြန်မရသေးတာကြောင့် ဒေသခံတွေ အတော်လေး အခက်ကြုံနေကြပါတယ်။ လျှပ်စစ်မီး ပြန်လည်ရရှိရေး ဆောင်ရွက်နေပါတယ်လို့ စစ်ကောင်စီဘက်က ပြောပါတယ်။
မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းမှာ ထိခိုက်ပျက်စီးမှုတွေ များခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခြေခံအဆောက်အအုံတွေ၊ စိုက်ပျိုးမြေတွေ ထိခိုက်ပျက်စီးခဲ့ရတာကြောင့် ပြန်လည်ထူထောင်နိုင်ဖို့လည်း ကြိုးစားနေရတာပါ။ မုန်တိုင်းသင့် အခြေအနေ ကိုရန်နိုင် ပြောပြပါမယ်။
မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းမှာ ထိခိုက်ပျက်စီးမှုတွေ များခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မုန်တိုင်းဒဏ်ကြောင့် အခြေခံအဆောက်အအုံတွေ၊ စိုက်ပျိုးမြေတွေ ထိခိုက်ပျက်စီးခဲ့ရတာကြောင့် ပြန်လည် ထူထောင်နိုင်ဖို့လည်း ကြိုးစားနေရတာပါ။
အင်္ဂလန်ပရီမီယာလိဂ်မှာတော့ မန်ချက်စတာစီးတီးအသင်းက အမှတ်ပေးချန်ပီယံဖြစ်ပြီး ၃ နှစ် ဆက်တိုက် ဗိုလ်စွဲသွားခဲ့ပါတယ်။ စပိန်နိုင်ငံသား နဒါးလ်က ဒီနှစ် ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲ ဝင် ၊မဝင်ဆိုတာနဲ့ သူရဲ့ အနာဂတ်နဲ့ ကို ဘယ်လို ဆုံးဖြတ်လိုက်ပါသလဲ။ ဒီတပတ်အားကစားကဏ္ဍမှာ ကိုရန်နိုင်က စုစည်းတင်ဆက်ထားပါတယ်။
ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းမှာရှိတဲ့ ဒေါလျာခူကျေးရွာနားမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီပူးပေါင်းတပ်တွေကြား ရက်ဆက်တိုက်ပွဲတွေ ပြင်းထန်နေတာ ဒီနေ့ဆို ၆ ရက်ရှိနေပါပြီ။
မုန်တိုင်းသင့်ဒေသတွေမှာ အလှူရှင်တွေရဲ့ အထောက်အပံ့တွေ အလေအလွင့်မဖြစ်ဖို့နဲ့ အကျင့်ပျက်ချစားမှုတွေ အဆင့်တိုင်းမှာ ကင်းရှင်းဖို့လိုကြောင်း အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။ အခုဆိုရင် နိုင်ငံတကာအဖွဲ့တွေ မြေပြင်ဆင်းဖို့ ခွင့်ပြုချက်မရသေးတာက အဓိက အခက်အခဲ ဖြစ်နေပါတယ်။
ဒီတပတ် အားကစားကဏ္ဍမှာတော့ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပတဲ့ ၃၂ ကြိမ် မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲက နောက်ဆုံး အခြေအနေတွေကို ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။
“ကျနော်တို့ လောလောဆယ်စိုးရိမ်တာကတော့ ဒီမှာ မုန်တိုင်းတိုက်မယ် ဆိုလို့ရှိရင် ဒီမှာက ကလေးတွေ၊ သက်ကြီးရွယ်အိုတွေရှိတယ်၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရှိတယ်။ ဒါက လောလောဆယ် လူတိုင်းမှာစိုးရိမ်စရာပေါ့။ ဒါဘယ်လိုလုပ်မလဲ မသိဘူး။ ..."
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ Mocha မိုခါ ဆိုင်ကလုန်းမုန်တိုင်း အန္တရာယ်ကြောင့် ဧရာဝတီတိုင်း လပွတ္တာခရိုင်နဲ့ ငပုတောမြို့နယ်ရှိ ပင်လယ်ကမ်းခြေဒေသမှာရှိတဲ့ ပြည်သူတွေဟာ ဘေးလွတ်ကင်းရာကို ပြောင်းရွှေ့နေကြပါတယ်။
ပထမဆုံးအကြိမ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံမှာ ၃၂ ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဆီးဂိမ်းကစားပွဲတွေ ကျင်းပနေပါတယ်။ ဆီးဂိမ်းပြိုင်ပွဲသတင်းတွေ၊ ဘောလုံးသမား မက်ဆီရဲ့ အနာဂတ်နဲ့ Naples မြို့သားတွေအောင်ပွဲခံနေတဲ့ အကြောင်း ဒီလို တပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက် ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေ ပြန်လည်လက်ခံရေး မောင်တောမြောက်ပိုင်းမှာ စစ်ကောင်စီဖက်က ပြင်ဆင်ထားတာကို ဒုက္ခသည်တချို့နဲ့ ဘင်္ဂလားဒေရှ့်တာဝန်ရှိသူတွေ လာရောက်ကြည့် ရှုကြပါတယ်။ ဒုက္ခသည်တွေ ပြန်လာတာကြိုဆိုပေမယ့် တောင်းတဲ့အခွင့်အရေးရမှ ပြန်လာစေချင်တယ်လို့ ရိုဟင်ဂျာတဦး ကပြောပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည် ၂၀၊ ဘင်္ဂလားဒေ့ရှ် အရာရှိ ၇ ယောက်နဲ့ နယ်ခြားစောင့်အရာရှိ တယောက် လိုက်ပါပြီး မြန်မာနိုင်ငံဘက်က ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ ပြင်ဆင်ထားတဲ့ နေရာတွေကို သွားရောက်လေ့လာတာပါ။
ကမ္ဘာတဝန်း သတင်းလွတ်လပ်ခွင့်ဟာ တိုက်ခိုက်ခံနေရပြီး၊ သတင်းထောက်တွေဟာလည်း ဖမ်းဆီးခံနေရတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က မနေ့က ကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ ပြောလိုက်ပါတယ်။ VOA အကြီးတန်း သတင်းထောက် Cindy Saine သတင်းပေးပို့ထားတာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်