ကမ္ဘာတဝန်း သတင်းလွတ်လပ်ခွင့်ဟာ တိုက်ခိုက်ခံနေရပြီး၊ သတင်းထောက်တွေဟာလည်း ဖမ်းဆီးခံနေရတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ ပြောလိုက်ပါတယ်။
ဒီတပတ်အားကစားကဏ္ဍမှာတော့ ၃၂ ကြိမ်မြောက် ဆီးဂိမ်း အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် ကမ္ဘောဒီးယားနိုင်ငံက ပြင်ဆင်နေပုံတွေ နဲ့ ဘောလုံးပွဲရလဒ်တွေ အပါအဝင်၊ ဆီးဂိမ်းပြိုင်ပွဲကျင်းပမယ့် ကမ္ဘောဒီးယားနိုင်ငံရဲ့ အမျိုးသားအားကစားကွင်းကြီး နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို ကိုရန်နိုင်ကစုစည်းတင်ဆက်ပေးထားပါတယ်။
- ရာသီဥတုဒဏ် ခံနိုင်တဲ့ စပါးမျိုး - ဖိလစ်ပိုင်နိုင်ငံမှာတော့ စိုက်ပျိုးရေးသိပ္ပံပညာရှင်တွေဟာ မိုးခေါင်တာ ရေကြီးတာ စတဲ့ ရာသီဥတုဒဏ်တွေကို ခံနိုင်တဲ့ ဆန်စပါးမျိုးတွေကို သုတေသနပြုပြီးတော့ ထုတ်လုပ်လာနေကြပါတယ်။ ရိုက်တာ သတင်းဆောင်းပါးကို အခြေခံပြီးတော့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
အင်္ဂလန် FA ဖလားဘောလုံးပွဲမှာတော့ မန်ချက်စတာယူနိုက်တက် နဲ့ မန်ချက်စတာစီးတီးတို့ ဖိုင်နယ်တက်သွားပါတယ်။ကမ္ဘာကျော်တင်းနစ်ကစားသမား ၂ ယောက်ဒဏ်ရာကြောင့် စပိန်နိုင်ငံမှာကျင်းပတဲ့မက်ဒရစ်အိုးပင်းတင်းနစ်ပြိုင်ပွဲ နဲ့ လွဲချော်သွားခဲ့ပါတယ်။ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်ကစုစည်းတင်ဆက်ပေးထားပါတယ်။
စစ်ကောင်စီနဲ့ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ကြား နားလည်မှုနဲ့ အပစ်ရပ်ထားတာ ၃ လကျော် အထိရှိလာပြီး AA နဲ့ ဆက်စပ် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးရမယ်လို့ သဘောတူထားကြပေမယ့် ဖမ်းဆီးထားတဲ့ ရခိုင်ဒေသခံ ၂၀၀ ကျော်ကို စစ်ကောင်စီက အခုချိန်ထိ ပြန်လွှတ်မပေးသေးပါဘူး။
ဘာစီလိုနာအသင်းဟာ ဒိုင်အရှုပ်တော်ပုံ ကိစ္စမှာ ပြစ်မှု တစုံတရာ ကျူးလွန်ထားတာမရှိဘူးလို့ ဘာစီလိုနာအသင်း ဥက္ကဋ္ဌက Laporta ကပြောလိုက်ပါတယ်။ဘရာဇီးနောက်တန်းလူ Dani Alves က သူ့ကို အမျိုးသမီးတဦးက တရားစွဲထားတဲ့နဲ့ပတ်သက်ပြီး တရားရုံးမှာပြန်ပြောင်းထွက်ဆိုခဲ့ပါတယ်။ဒီလိုအားကစားသတင်းတွေကို ကိုရန်နိုင် ပြောပြပါမယ်။
တောင်အာဖရိကနိုင်ငံ Vhakhegula ဘောလုံးအသင်းက အသက် ၅၅ နှစ်နဲ့.အထက် အမျိုးသမီးတွေအတွက် ဘောလုံးပြိုင်ပွဲတခုကို ကျင်းပခဲ့ပါတယ်။ဒီကလပ်အသင်းကိုတော့ အသက်အရွယ်ကြီးရင်တဲ့ အမျိုးသမီးတွေရဲ့ ကျန်းမာရေး တိုးတက်ကောင်းမွန်ဖို့ ရည်ရွယ်ချက်နဲ့ ၂၀၀၇ ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပါတယ်။ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
စပိန်နိုင်ငံသား John Rahm ကတော့ အမေရိကန်မှာကျင်းပတဲ့ The Masters ဂေါက်သီးပြိုင်ပွဲကို ဗိုလ်စွဲသွားပါတယ်။ ရုရှားနိုင်ငံကတော့ ၂၀၂၄ ပဲရစ်အိုလံပစ် အားကစားပြိုင်ပွဲမှာ သူတို့ရဲ့ အားကစားသမားတွေ ဝင်ခွင့်ရဖို့ မျှော်လင့်နေပါတယ်။ ဒီလိုတပတ်အတါင်း အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။
ယူကရိန်းနိုင်ငံ ဒွန်ဘာ့စ်ဒေသကနေ ရုရှားတပ်တွေကိုတိုက်ထုတ်နိုင်ဖို့အတွက် ကိုယ့်ဆန္ဒအလျောက် စစ်ထဲဝင်ပြီး တိုက်နေကြတဲ့ ယူကရိန်းစစ်သားတွေနဲ့ တွေ့ဆုံထားတာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
အာဂျင်တီးနားအသင်းခေါင်းဆောင် Messi ကို တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က ပီလီ မာရာဒိုနာတို့ နဲ့ အတူတူ ဂုဏ်ပြုလိုက်ပါတယ်။ လာမယ့် ဝင်ဘယ်လ်ဒန်တင်းနစ်ပြိုင်ပွဲမှာ ရုရှား နဲ့ ဘယ်လာရုစ်နိုင်ငံသားတွေ ဝင်ခွင့်ရ၊ မရဆိုတာကို တာဝန်ရှိသူတွေဘက်က ဆုံးဖြတ်လိုက်ပါတယ်။ အားကစားသတင်းတွေကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။
အိန္ဒိယနိုင်ငံသားသုံးယောက် သေဆုံးတဲ့ကိစ္စနဲ့ ဆက်စပ်ပြီး မြန်မာနဲ့ ဆက်သွယ်ထားတဲ့ နယ်စပ်လမ်းတချို့ကို မီဇိုရမ်ပြည်နယ်က ဩဇာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတချို့က မနေ့ ဗုဒ္ဓဟူးနေ့ကစပြီး ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပါတယ်။
ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရိုနာလ်ဒိုကတော့ နိုင်ငံတကာပွဲတွေမှာ စံချိန်တွေ တခုပြီး တခု ထပ်တင်လိုက်ပါတယ်။ တော့တင်ဟမ်တိုက်စစ်မှူး ဟယ်ရီကိန်းကတော့ အင်္ဂလန်အသင်းရဲ့ စံချိန်သစ်ကို တင်လိုက်ပါတယ်။ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ဆက်ပေးထားပါတယ်။
*ရာမန်ဒန်ဥပုသ်ရာသီ မြန်မာမွတ်ဆလင်တွေခက်ခဲ* အစ္စလာမ် ဘာသာဝင်တွေရဲ့ ရာမာဒန် ဥပုသ်ရာသီ မြန်မာနိုင်ငံမှာတော့ နိုင်ငံရေး၊ စီးပွားရေး အထွေထွေ အကျပ်အတည်းတွေကြောင့် အခုနှစ် ရာမာဒန်ကာလဟာ အရင်နှစ်တွေနဲ့ မတူဘူးလို့ အစ္စလာမ်ဘာသာဝင် တချို့က ပြောပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြမှာဖြစ်ပါတယ်။
အစ္စလာမ်ဘာသာဝင်တွေရဲ့ ရာမာဒန် ဥပုသ်ရာသီကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်းမှာ စတင်လိုက်ပြီး၊ ဗလီတွေမှာ သွားရောက်ဝတ်ပြု ဥပုသ်ဆောက်တည်တာတွေ လုပ်နေကြပါတယ်။ မြန်မာနိုင်ငံမှာတော့ နိုင်ငံရေး၊ စီးပွားရေး အထွေထွေ အကျပ်အတည်းကြောင့် အခုနှစ် ရာမာဒန်ကာလဟာ အရင်နှစ်တွေနဲ့ မတူဘူးလို့ အစ္စလာမ်ဘာသာဝင်တချို့က ပြောပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ ၇၃ ကြိမ်မြောက် နှစ်ပတ်လည်ညီလာခံမှာ Gianni Infantino ကို ဖီဖာဥက္ကဋ္ဌ အဖြစ် ဆက်ပြီး ရွေးကောက်တင်မြှောက်လိုက်ပါတယ်။ရဝမ်ဒါနိုင်ငံမှာတော့ ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖီဖာနဲ့ ရဝမ်ဒါတာဝန်ရှိသူတွေ အစီအစဉ်သစ်တခု စတင်လိုက်ပါတယ်။ အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ပြထားပါတယ်။
မကွေးတိုင်း မြိုင်မြို့နယ် ကျောက်ခွက်ရေနံမြေက စစ်တပ်တပ်စွဲထားတဲ့ Well 2 ရေနံလုပ်ကွက်ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက တတိယအကြိမ်အဖြစ် ဒီနေ့တိုက်ခိုက်ခဲ့ကြပါတယ်။ စစ်တပ်ဘက်ကလည်း ရဟတ်ယာဉ်တွေနဲ့ ကြိမ်ဖန်များစွာ လာရောက်ပစ်ခတ်ခဲ့ပါတယ်။
ရှမ်းပြည်နယ် ပင်လောင်းမြို့နယ် ဆောင်းပြောင်းဒေသ၊ နမ်းနိန်းရွာက သံဃာနဲ့ ဒေသခံတွေကို အစုလိုက် သတ်ဖြတ်ခဲ့တဲ့ကိစ္စဟာ လူသားမျိုးနွယ်ပေါ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ ကရင်နီ အတိုင်ပင်ခံကောင်စီ၊ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီနဲ့ NUG တို့က ကြာသပတေးနေ့မှာ ပြောလိုက်ပါတယ်။ ကိုရန်နိုင်က ပြောပြမှာပါ။
ပအိုဝ်းဒေသခံတွေ သတ်ဖြတ်ခံရတဲ့ကိစ္စကို လက်နက်ကိုင်တွေနဲ့ စစ်ကောင်စီကြားမှာ အပြန်အလှန် စွပ်စွဲမှုတွေရှိနေချိန်မှာဘဲ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ကရင်နီ အတိုင်ပင်ခံ ကောင်စီတို့က ဒီနေ့ အွန်လိုင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး တရားမျှတမှုရဖို့ အလေးအနက်ထား လုပ်ဆောင်သွားမယ်လို့ တုံ့ပြန်ခဲ့ပါတယ်
စပိန်လာလီဂါမှာတော့ နာမည်ကြီး ဘာစီလိုနာအသင်းကို တရားရေး အာဏာပိုင်တွေက တရားစွဲလိုက်ပါတယ်။ကမ္ဘာ့ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံ ၂ ယောက်ကတော့ ဘယ်လိုသဘောတူညီချက်တွေ နဲ့ ဗြိတိန်မှာထိုးဖို့ သဘောတူလိုက်ကြပါသလဲ။ ဒီလိုတပတ်အတွင်း အားကစားသတင်းတွေကို ကိုရန်နိုင်က စုစည်းတင်ပြပေးထားပါတယ်။
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမြေက Well 2 ရေနံလုပ်ကွက်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်တပ်ဘက်ကလည်း လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ Well 2 ရေနံလုပ်ကွက်ကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ဒုတိယအကြိမ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်