နှစ်ပေါင်း ၇၀ အတွင်း အမေရိကန်တို့ကျင့်သုံးခဲ့တဲ့ကုန်သွယ်ရေးပုံစံကိုရုတ်တရက်ပြောင်းလဲဖို့ အမေရိကန်အစိုးရကကြေညာလိုက်တာကြောင့် အနီးကပ်ဆုံးမဟာမိတ်နိုင်ငံတွေနဲ့ ကူးသန်းရောင်းဝယ်ဘက်တွေအကြားကုန်သွယ်ရေးစစ်ဖြစ်နိုင်ခြေအခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။Michael Bowman ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြထားပါတယ်။
ဒီသီတင်းပတ် ဝါရှင်တန်မြို့တော်ကို ပြန်ရောက်လာကြတဲ့ အမေရိကန် လွှတ်တော်အမတ်တွေ သေနတ်ကိုင် အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် ဟန့်တားရေး ဖိအားပေးမှုတွေ အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။ဗွီအိုအေသတင်းထောက် Michael Bowman ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦးက တင်ပြပါလိမ့်မယ်။
၂၀၁၆ရွေးကောက်ပွဲမှာ Hillary Clinton ရှုံးနိမ့်ပြီး Donald Trump အနိုင်ရအောင် ကူညီဖို့ လူမှုကွန်ယက်ကတဆင့် ဝါဒဖြန့်ရေးသားစည်းရုံးခဲ့တယ်ဆိုပြီး ရုရှား ၁၃ ယောက်ကို အထူးစုံစမ်းရေးမှူး Mueller က ဒီရက်ပိုင်းမှာ စွဲချက်တင်လိုက်ပါတယ်။ Michael Bowman သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
၂၀၁၈အတွင်း အမေရိကန် လွှတ်တော် ကြားကာလရွေးကောက်ပွဲ ကျင်းပမှာဖြစ်ပြီး အောက်လွှတ်တော်အမတ် ၄၃၅ နေရာနဲ့ အထက်လွှတ်တော်အမတ် ၁၀၀ ထဲက ၃၄ နေရာကို ပြန်လည် ရွေးချယ်မှာဖြစ်ပါတယ်။ VOA သတင်းထောက် Jim Malone ရဲ့ သတင်းကို ကိုသိန်းထိုက်ဦး တင်ပြပါလိ့်မ့်မယ်။
နယ်စပ်ကျော်ထွက်ပြေးလာတဲ့ သူတွေအပေါ် မြန်မာနိုင်ငံဘက်က ခြိမ်းခြောက်မှုတွေ ရှိနေဆဲလို့ ကုလသမဂ္ဂ အရာရှိတဦးက မနေ့က လုံခြုံရေး ကောင်စီအစည်းအဝေးမှာ ပြောဆိုပါတယ်။ Zlatica Hoke ရဲ့ သတင်းလွှာကို ဦးသိန်းထိုက်ဦး တင်ပြပါလိမ့်မယ်။
လက်နက်နဲ့ ဖိနှိပ်တဲ့ အာဏာရှင်အစိုးရတွေကို ဆန့်ကျင်ရာမှာ အကြမ်းမဖက်တဲ့ နှလုံးရေတိုက်ပွဲကသာ အများဆုံး အနိုင်ရနိုင်တဲ့ နည်းလမ်းဖြစ်တယ်လို့ မကြာသေးခင်က ကွယ်လွန်သွားတဲ့ ဒေါက်တာ ဂျင်းရှပ်က ပြောပါတယ်။ လွန်ခဲ့တဲ့ ၇ နှစ်လောက်က VOA တရုတ်ဌာန က Suli Yi က တွေ့ဆုံမေးမြန်းချက်ကို ကိုသိန်းထိုက်ဦးက တင်ဆက်ထားပါတယ်။
နိုင်ငံတော်အခြေပြမိန့်ခွန်းနဲ့ ဒီမိုကရက်အမတ်တွေရဲ့ တုံ့ပြန်ချက်
တရားမဝင်နေထိုင်သူ ၂ သန်းနီးပါး နိုင်ငံသားဖြစ်လာခွင့်နဲ့ ပတ်သက်လို့ လွှတ်တော်မှာ ဆွေးနွေးဖို့ ပြင်ဆင်နေမှု ဒီရက်ပိုင်းတွင်း ပြေလည်မှုမရဘူးဆိုရင် ပြီးခဲ့တဲ့ရက်ပိုင်းက အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းရသလိုမျိုး ထပ်ဖြစ်မယ့်အနေအထား ရှိနေပါတယ်။ Michael Bowman ပေးပို့ထားတာကို ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
အမေရိကန် အစိုးရ လုပ်ငန်းတွေ ရပ်နားထားရတာကို အဆုံးသတ်ရေး ကြိုးပမ်းတဲ့အနေနဲ့ တနလာၤနေ့ နေ့ခင်းပိုင်း အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ဖို့ ပြင်ဆင်၊ မြန်မာနိုင်ငံဘက်ခြမ်းကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခဲ့ကြတဲ့ ဒုက္ခသည်တွေကို တဖြည်းဖြည်းချင်း နေရပ်ပြန်ပို့မယ့်အစီအစဉ်ကို ရက် ရွှေ့ဆိုင်း စသည်
ဆင်းရဲနွမ်းပါးပြီး လူမည်း အများစု နေထိုင်တဲ့နိုင်ငံတွေကို သမ္မတ Trump ရင့်ရင့်သီးသီး ခေါ်ဝေါ် သုံးနှုံးခဲ့တယ်ဆိုတဲ့ သတင်းထွက်ပြီးတဲ့နောက် ပါတီနှစ်ရပ် သဘောတူညီချက်နဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေတရပ် အတည်ပြုနိုင်ရေး ရှုပ်ထွေးမှုတွေ ထပ်ပေါ်လာပါတယ်။ Michael Bowman ရဲ့သတင်းလွှာကို ဦးသိန်းထိုက်ဦးက တင်ပြပါလိမ့်မယ်။
မြောက်ကိုရီးယားရဲ့ နျုကလီးယားအစီအစဉ်ဟာ ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်တာကြောင့် အလေးအနက်ထားဖို့ သမ္မတ Trump အစိုးရက ဆက်ပြောဆိုနေပါတယ်။ တချိန်တည်းမှာ မြောက်ကိုရီးယားနဲ့ အမေရိကန်ုအကြား တင်းမာနေတဲ့ အခြေအနေကိုလည်း ပြောဆိုနေပါတယ်။ Michael Bowman ရဲ့ သတင်းလွှာကို ဦးသိန်းထိုက်ဦးက တင်ပြပါလိမ့်မယ်။
ဗလပြပြီးရိုက်ထားတဲ့ မီးသတ်သမားတွေရဲ့ပုံပါတဲ့ ပြက္ခဒိန်ပုံစံမျိုးအတုယူပြီး နယူးယောက်က Taxi ကားသမားတွေကိုရယ်စရာလုပ်ဓာတ်ပုံတွေရိုက်ထားတဲ့၂၀၁၈ ပြက္ခဒိန်ထွက်လာပါပြီ။ ငါးနှစ်ဆက်တိုက်ထွက်လာတဲ့ ဒီပြက္ခဒိန်တွေကို ပရဟိတ္တရံပုံငွေ အတွက် ရောင်းချတာပါ။ Ramon Taylor ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြထားပါတယ်။
၂ပတ်ကြာလွှတ်တော် ရပ်နားပြီးတဲ့နောက် အမေရိကန် လွှတ်တော်အမတ်တွေ ဒီသီတင်းပတ်အတွင်း လုပ်ငန်းတာဝန်တွေ ပြန်စနေကြပါပြီ။ ၂၀၁၈ နှစ်အစမှာပဲ လွှတ်တော်ဘက်က နောက်ဆုံးသတ်မှတ်ရက် မတိုင်ခင် အချိန်မီလုပ်ဆောင်ရမယ့် တာဝန်တွေ အများကြီးရှိနေတဲ့အကြောင်းMichael Bowman ပေးပို့တဲ့သတင်းကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
၂၀၁၇ အတွင်း အမေရိကန်ု၊ ဗြိတိန်နဲ့ နိုင်ငံကြီးတချို့မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရင်ဆိုင်ခဲ့ရပြီး နိုင်ငံရေးအပြောင်းအလဲတွေ ရှိခဲ့ပါတယ်။ သဘာဝဘေးဒဏ်တွေလည်း ကြုံတွေ့ခဲ့ရပါတယ်။ ၂၀၁၇ အတွင်း အဖြစ်အပျက်တွေကို စုစည်းထားတဲ့ Reuters သတင်းတပုဒ်ကို ကိုသိန်းထိုက်ဦးနဲ့ မခင်ဖြူထွေးတို့က စုစည်းတင်ပြပါလိမ့်မယ။်
အမေရိကန်ပြည်ထောင်စုမှာ အခွန်ပြောင်းလဲရေး ဥပဒေကိုအတည်ပြုပြီး သမ္မတအိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကိုလည်း တစိတ်တပိုင်းပြင်နိုင်တဲ့ အခြေအနေရောက်လာနိုင်တာကြောင့် ဥပဒေပြုရေးမှာ သမ္မတ Trump အတွက် အောင်ပွဲခံဖို့ နီးကပ်လာပြီလို့ဆိုရပါမယ်။ Michael Bowman ရဲ့သတင်းလွှာကို ဦးသိန်းထိုက်ဦးတင်ပြထားပါတယ်။
Alabama ပြည်နယ် အထက်လွှတ်တော်အမတ် အထူးရွေးကောက်ပွဲကို ဝါရှင်တန်နိုင်ငံရေး အသိုင်းအဝိုင်းက အာရုံစိုက်နေကြပါတယ်။ ဒီရွေးကောက်ပွဲရလဒ်ကြောင့် သမ္မတ Trump ရဲ့ ဝင်ငွေခွန်စည်းကြပ်မှု ပြောင်းလဲရေးနဲ့ ဥပဒေပြုရေးကိစ္စတွေမှာ အပြောင်းအလဲတွေ ရှိလာနိုင်ပါတယ်။ Michael Bowman ရဲ့သတင်းကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
၀င်ငွေခွန်ကောက်ခံရေးပြောင်းလဲဖို့ ဥပဒေပြုရေး အောင်ပွဲတရပ် အစပျိုး ဆင်နွှဲနိုင်လိုက်တဲ့အတွက် ဒီသီတင်းပတ်ဟာ သမ္မတ Trump အတွက် မော်ကြွားနိုင်ခဲ့ပေမဲ့ ရွေးကောက်ပွဲမှာ ရုရှားစွက်ဖက်မှု စုံစမ်းစစ်ဆေးမှုတွေမှာတော့ အကြိတ်အနယ် ခုခံချေပနေရတဲ့အကြောင်း Michael Bowman ရဲ့သတင်းကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
မြန်မာနိုင်ငံအတွင်း တရားမျှတပြီး ပြန်လည်သင့်မြတ်ရေးနဲ့ အားလုံးပါဝင်တဲ့ လူ့အဖွဲ့အစည်း ပေါ်ပေါက်လာရေး ကြိုးပမ်းနေသူတွေကို အားပေးစကားပြောကြားလိုတဲ့အကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဒီကနေ့ နေပြည်တော်မှာ မိန့်ခွန်းပြောဆိုသွားပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့မိန့်ခွန်းအကြောင်း ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဝင်ငွေခွန်ကောက်ခံရေး ပြောင်းလဲမယ့် ဥပဒေကြမ်းကို ဒီသီတင်းပတ်မကုန်ခင် အတည်ပြုနိုင်ဖို့ အထက်လွှတ်တော် ရီပတ်ဘလစ်ကန် အမတ်တွေက ကြိုးစားနေကြပါတယ်။ အတိုက်အခံ ဒီမိုကရက်တွေဘက်ကရော ထောက်ခံမှု ပေးပါရဲ့လား။ Michael Bowman ရဲ့ သတင်းလွှာကို ဦးသိန်းထိုက်ဦး တင်ပြထားပါတယ်။
နှစ်ပေါင်း ၃၇ နှစ်ကြာအာဏာရယူခဲ့တဲ့သမ္မတ Robert Mugabe နုတ်ထွက်လိုက်ပြီမို့ ဇင်ဘာဘွေ ပြည်သူတွေက အောင်ပွဲခံနေချိန်မှာပဲ အမေရိကန်ပြည်ထောင်စုကတော့လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတခုကျင်းပနိုင်ဖို့လိုတယ်လို့ပြောပါတယ်။ Mariama Diallo ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်