TV

ဗွီအိုအေ မြန်မာနံနက်ခင်း
ဗွီအိုအေနံနက်ခင်းရေဒီယို (Zawgyi/Unicode) ၂၀၂၁ ခုနှစ် ဇွန်လ ၁၂၊ နံနက် ၆း၀၀ နာရီမှ ၇း၀၀ နာရီ ဗွီအိုအေရဲ့ ကြာသပတေးနေ့ မနက်ပိုင်း အစီအစဉ်မှာတော့ ထိပ်တန်းရောက် မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေအပြင်၊ ရန်ကုန်တိုင်းမှာ ကိုဗစ်ကွာရန်တင်းစင်တာတွေ တိုးချဲ့ဖို့ ပြင်ဆင်နေတဲ့သတင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဒုက္ခသည်စခန်းတွေ ပိတ်ဖို့ပြင်နေတဲ့ သတင်းတွေနဲ့အတူ သီတင်းပတ်စဉ် ကဏ္ဍမှာတော့ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာ အစီအစဉ်တွေကို တင်ဆက်ပေးသွားမှာပါ။ .. (Unicode) ၂၀၂၁ ခုနှစ် ဇွန်လ ၁၂၊ နံနက် ၆း၀၀ နာရီမှ ရး၀၀ နာရီ ဗွီအိုအေရဲ့ ကြာသပတေးနေ့ မနက်ပိုင်း အစီအစဉ်မှာတော့ ထိပ်တန်းရောက် မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေအပြင်၊ ရန်ကုန်တိုင်းမှာ ကိုဗစ်ကွာရန်တင်းစင်တာတွေ တိုးချဲ့ဖို့ ပြင်ဆင်နေတဲ့သတင်း၊ ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားတွေကြား ကိုဗစ်ကန့်သတ်ချက်တွေ တိုးမြှင့်နေတဲ့သတင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဒုက္ခသည်စခန်းတွေ ပိတ်ဖို့ပြင်နေတဲ့ သတင်းတွေနဲ့အတူ သီတင်းပတ်စဉ် ကဏ္ဍမှာတော့ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာ အစီအစဉ်တွေကို တင်ဆက်ပေးသွားမှာပါ။
စနေနေ့ ဗွီအိုအေ တီဗွီမဂ္ဂဇင်း (၀၆-၁၂-၂၀၂၁)
မြန်မာနိုင်ငံ တိုင်းရင်းဒေသ ပိုဆိုးရွားနေတဲ့ စစ်ဆင်ရေးတွေကြောင့် တောတောင်ထဲကို အိုးအိမ်စွန့်ခွာ ပြေးကြရသူပိုများ၊ မြန်မာနိုင်ငံအတွက် တရုတ်ရဲ့ မိတ်ဆွေမူဝါဒ ထိခိုက်မှုရှိမှာမဟုတ်ဘူးလို့ တရုတ်ပြောကြား၊ ဒီလို တပတ်အတွင်း သတင်း စုစည်းတင်ပြချက်၊ ကယ်လီဖိုးနီးယားက မြန်မာ့နွေဦးတော်လှန်ရေး ရုပ်ရှင်ပွဲတော် မေးမြန်းခန်း၊ ဒါတွေကို ၂၀၂၁ ဇွန်လ ၁၂ ရက် စနေ၊ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
VOA မြန်မာပိုင်း ညပိုင်း ရေဒီယိုထုတ်လွှင့်မှု
ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။ ဒီနေ့အစီအစဉ်မှာ ထိပ်တန်းရောက် နိုင်ငံတကာနဲ့ ဒေသတွင်းသတင်းတွေအပြင် မြန်မာစာသင်ကျောင်းတွေဗုံးခွဲခံရတဲ့ကိစ္စ UNICEF ထုတ်ပြန်ချက်တွေဟာ ကျင့်ဝတ်နဲ့မညီဘူးလို့ စစ်ကောင်စီက တုန့်ပြန်တဲ့သတင်း၊ ဖိနှိပ်မှုတွေကိုလွန်မြောက်ဖို့ကြိုးစားတဲ့ မြန်မာသတင်းသမားတဦးရဲ့အတွေ့အကြုံ၊ G-7 ထိပ်သီးဆွေးနွေးပွဲ၊ ကမ္ဘာ့ခေါင်းဆောင်တွေကို Facebookစောင့်ကြည့်နှိပ်ကွပ်မယ်ဆိုတဲ့သတင်းစကားတွေကို နားဆင်ရပါမယ်။ အပတ်စဉ်အစီအစဉ်တွေမှာတော့ ဒို့အသံနဲ့ စနေညစကားဝိုင်းတွေကို ထုတ်လွှင့်ပေးပါမယ်။ ဗွီအိုအေ အစီအစဉ်တွေကို နားဆင်တဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။