TV
ဗွီအိုအေနံနက်ခင်းရေဒီယို
[Unicode] ၂၀၂၁ ခုနှစ် ဇွန်လ ၁၃၊ နံနက် ၆း၀၀ နာရီမှ ရး၀၀ နာရီ ဗွီအိုအေရဲ့ တနင်္ဂနွေနေ့ မနက်ပိုင်း အစီအစဉ်မှာတော့ ထိပ်တန်းရောက် မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေအပြင်၊ မြန်မာ့အရေး ကူညီဖြေရှင်းပေးဖို့ G-7 ထိပ်သီးညီလာခံကို တောင်းဆိုလိုက်ကြတဲ့သတင်း၊ အကြမ်းဖက်လုပ်ရပ်တွေကို အားပေးနေကြောင်း စွပ်စွဲချက်ကို KNPP တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ပယ်ချလိုက်တဲ့သတင်း၊ တရားမဝင် ဝင်ရောက်သူ မြန်မာနိုင်ငံသား ရာဂဏန်းအထိ ထိုင်းမှာ ဖမ်းဆီးမိတဲ့ သတင်းတွေ ကြားရပါတယ်။ အပတ်စဉ်ကဏ္ဍကိုလည်း တင်ဆက်ပေးသွားမှာပါ။ [Zawgyi] ၂၀၂၁ ခုနှစ် ဇွန်လ ၁၃၊ နံနက် ၆း၀၀ နာရီမှ ရး၀၀ နာရီဗွီအိုအေရဲ့တနင်္ဂနွေနေ့ မနက်ပိုင်း အစီအစဉ်မှာတော့ ထိပ်တန်းရောက် မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေအပြင်၊ မြန်မာ့အရေး ကူညီဖြေရှင်းပေးဖို့ G-7 ထိပ်သီးညီလာခံကို တောင်းဆိုလိုက်ကြတဲ့သတင်း၊ အကြမ်းဖက်လုပ်ရပ်တွေကို အားပေးနေကြောင်း စွပ်စွဲချက်ကို KNPP တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ပယ်ချလိုက်တဲ့သတင်း၊ တရားမဝင် ဝင်ရောက်သူ မြန်မာနိုင်ငံသား ရာဂဏန်းအထိ ထိုင်းမှာ ဖမ်းဆီးမိတဲ့ သတင်းတွေ ကြားရပါတယ်။ အပတ်စဉ် ကဏ္ဍတွေကိုလည်း တင်ဆက်ပေးသွားမှာပါ။
တနင်္ဂနွေနေ့ ဗွီအိုအေတီဗွီမဂ္ဂဇင်း (၀၆-၁၃-၂၀၂၁)
စစ်အာဏာသိမ်းကာလ စစ်ရေးနိုင်ငံရေးမတည်ငြိမ်မှုများကြားမှ ကိုဗစ်ကူးစက်မှု အခြေအနေ သတင်းထောက်မှတ်စု၊ စစ်အာဏာရှင်တော်လှန်ရေး အမျိုးသမီးများအခန်းကဏ္ဍ တွေ့ဆုံမေးမြန်းခန်း၊ ဝမ်းလျှောဝမ်းပျက်ကုထုံး လူထုနဲ့ ကျန်းမာရေး၊ မကြေးမုံရဲ့ အင်္ဂလိပ်စာ၊ သတင်းထဲက ဗဟုသုတအဖြစ် Elders အဖွဲ့ အကြောင်း အစီအစဉ်တွေကို ၂၀၂၁ ဇွန် ၁၃ ရက် တနင်္ဂနွေ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာပိုင်း တနင်းနွေ့နေညရေဒီယို တိုက်ရိုက်လွှင့်ထုတ်မှု
ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။ နောက်ဆုံးရမြန်မာနဲ့ နိုင်ငံတကာသတင်းတွေနဲ့အတူ မြန်မာနိုင်ငံတွင်းလက်နက်ကိုင်ပဋိပက္ခကြောင့် လူသေဆုံးမှုပိုလာနိုင်တယ်လို့ ကုလအကြီးအကဲတဦးသတိပေးတဲ့သတင်းကိုနားဆင်ရပါမယ်။ အပတ်စဉ်အစီအစဉ်မှာတော့ မြန်မာ့အရေးဆွေးနွေးခန်း၊ သတင်းသုံးသပ်ချက်၊ မြန်မာပြည်မှပေးစာများ၊ သတင်းထဲကသုတအစီအစဉ်တွေ ထုတ်လွှင့်ပေးပါမယ်။ ဗွီအိုအေကို နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။