သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TV

၀၆:၀၀ - ၀၇:၀၀

ဗွီအိုအေ မြန်မာနံနက်ခင်း

အပြည်ပြည်ဆိုင်ရာ စံတော်ချိန် ၂၃၃၀ ၊ မြန်မာစံတော်ချိန် နံနက် ၆ နာရီကနေ ၇ နာရီထိ (၁) နာရီကြာ ထုတ်လွှင့်နေတဲ့ ဒီရေဒီယိုအစီအစဉ်မှာ မြန်မာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာသတင်းနဲ့ သတင်းဆောင်းပါးတွေ သီတင်းပတ်စဉ်ကဏ္ဍတွေကို နားဆင်နိုင်ပါတယ်။

၂၁:၀၀ - ၂၂:၀၀

VOA ညပိုင်း ၉း၀၀-၁၀း၀၀ တိုက်ရိုက်ထုတ်လွှင့်မှု

ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။ နောက်ဆုံးရမြန်မာနဲ့နိုင်ငံတကာသတင်းတွေနဲ့အတူ မြန်မာနိုင်ငံနေရာတချို့မှာ နိုင်ငံရေးနဲ့ဆက်နွယ်ပြီး သတ်ဖြတ်မှုတွေ ဖမ်းဆီးမှုတွေ ဆက်ရှိနေ၊ မန္တလေး ငါန်းဇွန်မှာ ရဲကင်းစခန်းတခုကို ဒေသခံ PDF တွေ တိုက်ခိုက်၊ ချင်းပြည်နယ် မင်းတပ်မြို့မှာတော့ စစ်တပ်နဲ့မြို့မိမြို့ဖတွေ ညှိုနှိုင်းပြီး ဒေသခံတွေ သွားလာနေထိုင်ရေးဆောင်ရွက်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်မှာရှိတဲ့အမှုကို နေပြည်တော်ရွှေဖို့ နှစ်ဖက်လျှောက်လွှဲချက်တင်၊ လားရှိုးမြို့မှာ ကိုဗစ်ကူးစက်မှုတွေ တိုးလာပြီး ထိန်းချုပ်ရေးခက်ခဲနေတဲ့သတင်းတွေကို နားဆင်ရပါမယ်။ အပတ်စဉ်အစီအစဉ်တွေမှာတော့ လူထုနဲ့ကျန်းမာရေး၊ ဦးကျော်ဇံသာရဲ့သတင်းသုံးသပ်ချက်၊ အားကစားကဏ္ဍတွေကို ထုတ်လွှင့်ပေးဖို့ရှိပါတယ်။ VOA ကို နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG