TV

ဗွီအိုအေ မြန်မာနံနက်ခင်း
အပြည်ပြည်ဆိုင်ရာ စံတော်ချိန် ၂၃၃၀ ၊ မြန်မာစံတော်ချိန် နံနက် ၆ နာရီကနေ ၇ နာရီထိ (၁) နာရီကြာ ထုတ်လွှင့်နေတဲ့ ဒီရေဒီယိုအစီအစဉ်မှာ မြန်မာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာသတင်းနဲ့ သတင်းဆောင်းပါးတွေ သီတင်းပတ်စဉ်ကဏ္ဍတွေကို နားဆင်နိုင်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၆-၁၄-၂၀၂၁)
စစ်ကောင်စီတပ်တွေရဲ့ အင်အားသုံးဖြိုခွင်းမှုကြားကပဲ ရန်ကုန်၊ မန္တလေးနဲ့ မြို့နယ်တချို့မှာ သပိတ်စုံ သူပုန်ထ ခေါင်းစဉ်နဲ့ ဒီကနေ့ ဆန္ဒပြ၊ မြန်မာစစ်တပ် အာဏာသိမ်းမှုနဲ့ စစ်ကောင်စီက အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေကို G 7 စက်မှု ထိပ်သီး ၇ နိုင်ငံ ခေါင်းဆောင်တွေ ပြင်းပြင်းထန်ထန် ရှုတ်ချ... စတဲ့ ထိပ်တန်းရောက် သတင်းတွေကို တင်ဆက်ထားပါတယ်။

VOAမြန်မာပိုင်းရေဒီယို ညပိုင်းအစီအစဉ်
ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။ နောက်ဆုံးရနိုင်ငံတကာနဲ့မြန်မာသတင်းတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်အမှု ၄မှုကို စတင်စစ်ဆေးတဲ့သတင်း၊ မန္တလေးမြို့မှာ ကာကွယ်ဆေးထိုးပြီးသားလူတဦး ကိုဗစ်ရောဂါပိုးကူးစက်ခံရတဲ့သတင်း၊ ရန်ကုန်မန္တလေးနဲ့မုံရွာမြို့တွေမှာ “သပိတ်စုံသူပုန်ထ”ဆိုတဲ့ခေါင်းစဉ် လျှပ်တပြက်ဆန္ဒပြမှုတွေဖြစ်ခဲ့တဲ့သတင်း၊ ချင်းပြည်နယ်ကိုပို့တဲ့ ကျောင်းသုံးစာအုပ်တင်ကားနှစ်စီး မီးရှို့ဖျက်ဆီးခံရတဲ့သတင်း၊ ကရင်ပြည်နယ်မှာ ဆောက်လုပ်ရေးလုပ်သား ၂၅ဦးကို KNDO က ဖမ်းဆီးသတ်ဖြတ်တယ်ဆိုတဲ့သတင်းကို KNDOက ငြင်းဆန်တဲ့သတင်းတွေ နားဆင်ရပါမယ်။ အပတ်စဉ်အစီအစဉ်တွေမှာတော့ သတင်းထောက်မှတ်စု၊ စီးပွားရေး၊ ဘလောဂါတွေပြောသမျှတို့ကို ထုတ်လွှင့်တင်ဆက်ပေးပါမယ်။