TV

ဗွီအိုအေ မြန်မာနံနက်ခင်း
အပြည်ပြည်ဆိုင်ရာ စံတော်ချိန် ၂၃၃၀ ၊ မြန်မာစံတော်ချိန် နံနက် ၆ နာရီကနေ ၇ နာရီထိ (၁) နာရီကြာ ထုတ်လွှင့်နေတဲ့ ဒီရေဒီယိုအစီအစဉ်မှာ မြန်မာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာသတင်းနဲ့ သတင်းဆောင်းပါးတွေ သီတင်းပတ်စဉ်ကဏ္ဍတွေကို နားဆင်နိုင်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၆-၂၂-၂၀၂၁)
မန္တလေးမြို့မှာ ဒီကနေ့မနက်ပိုင်းက နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းရာကနေ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ သေဆုံးသူတချို့ရှိ၊ အာဏာသိမ်းကောင်စီနဲ့ သူနဲ့ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတချို့ကို ဥရောပသမဂ္ဂ EU နဲ့ ဗြိတိန်နိုင်ငံတို့က နောက်ထပ် ဒဏ်ခတ်အရေးယူမှုတွေ တိုးမြှင့် ချမှတ်.. စတဲ့သတင်းတွေအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ပြထားပါတယ်။
VOA ညပိုင်း ၉း၀၀-၁၀း၀၀ တိုက်ရိုက်ထုတ်လွှင့်မှု
နောက်ဆုံးရမြန်မာနဲ့နိုင်ငံတကာသတင်းတွေနဲ့အတူ မန္တလေးမှာ စစ်ကောင်စီတပ်တွေနဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး လုံခြုံရေးတွေ အထူးတင်းကြပ်နေတဲ့သတင်း၊ မန္တလေးအခြေအနေကြောင့် မန္တလေးလူထုနဲ့အတူရှိတယ်ဆိုပြီး ရန်ကုန်မှာ တတ်ကြွလှုပ်ရှားသူတွေ လျှပ်တပြက်ဆန္ဒပြတဲ့သတင်း၊ ဒေါ်အောင်ဆန်းစုကြည်အမှုမှာ တရားလိုသက်သေခံတင်သွင်းမှုတွေကို ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေ ပယ်ချတဲ့သတင်း၊ မြန်မာနိုင်ငံတွင်း ကိုဗစ်ကူးစက်မှုတိုးလာပေမယ့် ကပ်ဘေးစည်းမျဉ်းလိုက်နာမှုအားနည်းနေတယ်ဆိုတဲ့သတင်းတွေကို နားဆင်ရပါတယ်။ အပတ်စဉ်အစီအစဉ်တွေတော့ အင်္ဂါနေ့စကားဝိုင်းနဲ့ အမေရိကန်နိုင်ငံရေးအကြောင်းတို့ကို ထုတ်လွှင့်ပေးပါမယ်။ VOA ကို နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။