TV
စနေနေ့ ဗွီအိုအေ တီဗွီမဂ္ဂဇင်း (ဇူလိုင် ၀၃ ရက်၊ ၂၀၂၁)
စစ်ကောင်စီ ဆန့်ကျင်ဆန္ဒပြမှုတွေကြောင့် ဖမ်းဆီးထားသူ ၂,၀၀၀ ကျော် ပြန်လွတ်လာ၊ တချိန်တည်းမှာပဲ အရပ်သားတွေကို စစ်ကောင်စီတပ်တွေက ထပ်မံဖမ်းဆီးမှုတွေလည်းရှိ၊ ကိုဗစ်ကူးစက်မှု ပိုးဆိုးလာမှု အခြေအနေ၊ ဒီလို တပတ်အတွင်း သတင်း စုစည်းတင်ပြချက်၊ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ဘယ်လိုနည်းပညာပံ့ပိုးမှုတွေရနေလဲ မေးမြန်းခန်း၊ ဒါတွေကို ၂၀၂၁ ဇူလိုင် ၃ ရက် စနေ၊ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
VOA ရေဒီယို ညပိုင်း၉း၀၀-၁၀း၀၀ နာရီ တိုက်ရိုက်ထုတ်လွှင့်မှု
ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။အသက်မပြည့်သေးတဲ့ကလေးငယ်တွေကိုဖမ်းဆီးတဲ့အပေါ် စစ်ကောင်စီကို ကုလကိုယ်စားလှယ်ဝေဖန်၊ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးကြောင့် ကချင်ကျေးရွာသားတချို့ ထိခိုက်ဒဏ်ရာရ၊ အခု အပတ်အတွင်းကြားနာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အမှုအခြေအနေ အလားအလာ၊ အမေရိကန်ပြည်ထောင်စုတွင်း ကပ်ဘေးအကန့်အသတ်တွေကြားမှာ ကိုယ်ဝန်ဖျက်ချမှုကန့်သတ်ချက်တွေတိုးလာတာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးငယ်တွေဒုက္ခတွေ့.. စတဲ့ မြန်မာနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ရဖို့ရှိပါတယ်။ အပတ်စဉ်အစီအစဉ်တွေမှာတော့ မြန်မာလူ့အခွင့်အရေးအခြေအနေတင်ဆက်နေတဲ့ ဒို့အသံအစီအစဉ်နဲ့၊ မြန်မာအလွတ်သတင်းထောက် မရကျော်သူနဲ့ဆွေးနွေးထားတဲ့ စနေညစကားဝိုင်းအစီအစဉ်တွေ ထုတ်လွှင့်ပေးဖို့ရှိပါတယ်။ VOA ကို နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။