TV
ဗွီအိုအေ မြန်မာနံနက်ခင်း
ဗုဒ္ဓဟူးနေ့ နံနက်ခင်း ဗွီအိုအေ ရေဒီယို-ရုပ်သံအစီအစဉ် (၂၀၂၁ ဇူလိုင် ၂၁၇ ရက်၊ ဗုဒ္ဓဟူးနေ့) - နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေ - စစ်ဘေး နဲ့ ကပ်ဘေး တချိန်တည်း ကြုံနေရတဲ့ ကချင်ဒေသခံများအကြောင်း၊ မိသားစုတခုလုံး ကိုဗစ်ကူးစက်ခံခဲ့ရတဲ့ အတွေ့အကြုံ စတာတွေအပြင်၊ အင်္ဂါညဆွေးနွေးခန်း အစီအစဉ်ကို နားဆင်ကြရမှာပါ။
နေ့စဉ် တီဗွီသတင်းလွှာ (၀၇-၂၁-၂၀၂၁)
မြန်မာနိုင်ငံအတွင်း ကချင်ပြည်နယ်နဲ့ မကွေးတိုင်းဒေသတွင်းမြို့နယ်တွေမှာ ကိုဗစ်အတည်ပြုလူနာတွေ တိုးလာတာကြောင့် မြို့နယ်တချို့မှာ stay at home အစီအစဉ်ကို တိုးချဲ့ သတ်မှတ်၊ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး စစ်တပ်အပေါ် နိုင်ငံတကာက ဖိအားပေးရေးတောင်းဆိုနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဖယ်ရှားဖို့ မြန်မာစစ်ကောင်စီ ထပ်မံကြိုးစားနေ၊ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူ ၆၅ ယောက်ကို သေဒဏ်ပြစ်ဒဏ်တွေ ချမှတ်ခဲ့တယ်လို့ နယူးယောက်အခြေစိုက် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW ထုတ်ပြန် .... စတဲ့ ထိပ်တန်းရောက်သတင်းတွေကို တင်ပြထားပါတယ်။
VOA ရဒေီယိုညပိုင်း ၉း၀၀-၁၀း၀၀ တိုက်ရိုက်ထုတ်လွှင့်မှု
ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။ ကုလ မြန်မာသံအမတ်အစားထိုးဖို့ စစ်ကောင်စီကြိုးပမ်းနေ၊ မြန်မာစစ်ခုံရုံးတွေကနေ လူ၆၅ဦးသေဒဏ်အပြစ်ချခဲ့၊ မြန်မာနိုင်ငံတွင်း အလုပ်အကိုင်နှစ်သန်းကျော်ဆုံးရှုံးခဲ့ဟု ILO ထုတ်ပြန်မှုအပေါ် စစ်ကောင်စီဘယ်လိုတုန့်ပြန်လဲ၊ ရန်ကုန်ကိုဗစ်သံသယလူနာ သေဆုံးမှုတွေများလို့ သယ်ယူရေးအခက်အခဲတွေရှိ၊ ရခိုင်မှာ AA ရဲ့ ကပ်ဘေးစည်းကမ်းအမိန့် လိုက်နာသူများပြား၊ မင်းတပ်ဒေသမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF တွေ တိုက်ပွဲပြန်ဖြစ်တဲ့ သတင်းတွေ နားဆင်ရဖို့ရှိပါတယ်။ အပတ်စဉ်ကဏ္ဍတွေမှာတော့ လူထုနဲ့ကျန်းမာရေး၊ ဦးကျော်ဇံသာရဲ့သတင်းသုံးသပ်ချက်နဲ့ အားကစားအစီအစဉ်တွေ ထုတ်လွှင့်ပေးဖို့ရှိပါတယ်။ VOA ကို နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။