သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TV

၂၁:၀၀ - ၂၂:၀၀

VOA ညပိုင်းရေဒီယို ၉း၀၀-၁၀း၀၀ တိုက်ရိုက်ထုတ်လွှင့်မှု (ဇူလှိုင်၂၅၊၂၀၂၁)

ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။အင်းစိန်ထောင်တွင်းဆန္ဒပြသူတွေကို ရိုက်နှက်ခြင်းမရှိခဲ့ဟု ထောင်တာဝန်ရှိသူငြင်းဆန်၊ မန္တလေး စစ်ကိုင်းမြို့တချို့မှာ ဆန္ဒပြမှုဆက်ရှိ၊ ဂျပန်အိုလံပစ်မှာ မြန်မာကြက်တောင်အားကစားမယ် အင်ဒိုကို နှစ်ပွဲပြတ်နဲ့ရှုံး၊ ကိုဗစ်တိုက်ဖျက်ရေးအကူအညီပေးနေကြတဲ့ ပရဟိတအဖွဲ့တွေ ရုပ်အလောင်းသယ်ရေးနဲ့ အောက်ဆီဂျင်ရှာဖွေရေးတွေမှာ အခက်ကြုံရဆဲ ဆိုတဲ့ သတင်းတွေကို နားဆင်ရပါမယ်။ အပတ်စဉ်ကဏ္ဍတွေမှာတော့ ကိုဗစ်တိုက်ဖျက်ရေးပရဟိတအဖွဲ့ဝင်တယောက်နဲ့မေးမြန်းထားတဲ့ မြန်မာ့အရေးဆွေးနွေးခန်း၊ ဦးစည်သူအောင်မြင့်ရဲ့ သတင်းသုံးသပ်ချက်၊ မြန်မာပြည်မှပေးစာများနဲ့ သတင်းထဲက သုတအစီအစဉ်တွေကို ထုတ်လွှင့်တင်ဆက်ပေးပါမယ်။ VOA ကို နားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG