TV
ဗွီအိုအေ မြန်မာနံနက်ခင်း ဇူလိုင်လ ၂၇၊၂၀၂၁။
ချင်းပြည်နယ်မင်းတပ်မြို့ကဒေသခံတပ်ဖွဲ့နဲ့စစ်ကောင်စီကြား စစ်ရေး အခြေအနေ၊ ကပ်ရောဂါကို စိတ်ပိုင်းအရ ကျော်ဖြတ်နိုင်မယ့် စိတ်ပညာရှင်တဦးရဲ့ အကြွံပြုချက်၊ မြန်မာနိုင်ငံတွင်း ကိုဗစ်လူနာတွေအတွက် အောက်ဆီဂျင်နဲ့ဆက်စပ်ပစ္စည်းဝင်လာနိုင်မယ့်အလားအလာတွေကို ကြားမှာဖြစ်သလို၊ဘလောဂါတွေပြောသမျှအစီအစဉ်ကိုလည်း နားဆင်ရပါမယ်။ ဗွီအိုအေကို နားဆင်တဲ့ အတွက် ကျေးဇူးတင်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၇-၂၆-၂၀၂၁)
မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုများပြားနေတာကြောင့် ရုံးပိတ်ရက် သက်တမ်းထပ်တိုး၊ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေနဲ့အတူ စစ်အာဏာသိမ်းမှုကြောင့် ကြုံလာရတဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် နိုင်ငံ့စီးပွားရေး ကျဆင်းနိုင်ကြောင်း ကမ္ဘာ့ဘဏ်ခန့်မှန်း၊ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး နေရာမှာ မြန်မာသံအမတ်ကြီး သစ်အဆိုမပြုသေးခင် မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းအောင်ကျော်ကို လန်ဒန် သံအမတ်အဖြစ် ပြောင်းရွှေ့တဲ့ အကြောင်း မြန်မာစစ်ကောင်စီ ပြောဆို... စတဲ့ ထိပ်တန်းရောက်သတင်းတွေကို တင်ပြထားပါတယ်။
VOA ရဒေီယိုညပိုင်း ၉း၀၀-၁၀း၀၀ တိုက်ရိုက်ထုတ်လွှင့်မှု(ဇူလှိုင်၂၆၊၂၀၂၁)
ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အမှုစစ်ဆေးမှုများ ဩဂုတ်လကုန်အထိရွှေ့ဆိုင်း၊ မင်းတပ်နဲ့ တမူးမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်၊ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့အကြား တိုက်ပွဲပြန်ဖြစ်နေ၊ တရုတ်နိုင်ငံတွင်း မြန်မာနိုင်ငံသားတွေနေရပ်ပြန်နိုင်ဖို့ မူဆယ် နန်းတော်ပေါက်နယ်စပ်ဂိတ်ကိုဖွင့်ပေးထား၊ နေရပ်ကို တရားမဝင်လမ်းကြောင်းကပြန်တဲ့ ထိုင်းနိုင်ငံသူ၁၀ ဦးကို ထိုင်းအာဏာပိုင်ဖမ်းဆီးတဲ့ သတင်းတွေကိုနားဆင်ရပါမယ်။ အပတ်စဉ်ကဏ္ဍတွေမှာတော့ သတင်းထောက်မှတ်စု၊ စီးပွားရေးနဲ့ ဘလောဂါတွေပြောသမျှ အစီအစဉ်တွေ ထုတ်လွှင့်ပေးဖို့ရှိပါတယ်။ VOA ကို နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။