သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TV

၀၆:၀၀ - ၀၇:၀၀

ဗုဒ္ဓဟူးနေ့ နံနက်ခင်း ဗွီအိုအေ ရေဒီယို-ရုပ်သံ အစီအစဉ်

ဗုဒ္ဓဟူးနေ့ နံနက်ခင်း ဗွီအိုအေ ရေဒီယို-ရုပ်သံအစီအစဉ် ဇူလိုင် ၂၈၊ ဗုဒ္ဓဟူးနေ့ (နံနက် ၆-၇ နာရီ) ဆန္ဒပြသူတွေအပေါ် မြန်မာစစ်တပ် နှိမ်နင်းတဲ့လုပ်ရပ် အမေရိကန် ကာကွယ်ရေးဝန်ကြီးဝေဖန်လိုက်တဲ့သတင်းနဲ့ အတူ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေ၊ စစ်ကောင်စီအပေါ် အမေရိကန် ဒဏ်ခတ်မှုတွေ တိုးမြှင့်ရေး မြန်မာ့အရေးလှုပ်ရှားသူတွေဆွေးနွေးခဲ့ကြတာ၊ မင်းတပ်မှာ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည်တွ တိုးလာနေတာ၊ ရေကြီးမှုဒဏ်ခံနေရတဲ့ သံတွဲမြို့အခြေအနေ စတဲ့ သတင်းပေးပို့ချက်တွေအပြင် အင်္ဂါညဆွေးနွေးခန်းနဲ့ အတူ အမေရိကန်နိုင်ငံရေးအကြောင်း သိကောင်းစရာ အစီအစဉ်ကို နားဆင်ရမှာပါ။

၁၉:၀၀ - ၁၉:၂၉

နေ့စဉ် တီဗွီသတင်းလွှာ (၀၇-၂၈-၂၀၂၁)

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တိုးလာနေတဲ့အတွက် ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကြိုးပမ်းမှုတွေမှာ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ စစ်ကောင်စီအကြီးအကဲ ပြောဆို၊ ဒီကိုဗစ်ကပ်ရောဂါကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ နိုင်ငံရေး တည်ငြိမ်မှုရှိဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂက ပြောဆို၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူတွေအပေါ် စစ်တပ်က ဖြိုခွင်းတဲ့ လုပ်ရပ်ဟာ လက်ခံနိုင်စရာ မရှိဘူးလို့ အမေရိကန် ကာကွယ်ရေး ၀န်ကြီး Lloyd Austin ပြော... စတဲ့ ထိပ်တန်းရောက်သတင်းတွေကို တင်ပြထားပါတယ်။

၂၁:၀၀ - ၂၂:၀၀

VOA ရဒေီယိုညပိုင်း ၉း၀၀-၁၀း၀၀ တိုက်ရိုက်ထုတ်လွှင့်မှု(ဇူလှိုင်၂၈၊၂၀၂၁)

ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။၂၀၂၀ ရွေးကောက်ပွဲရလဒ်ဖျက်သိမ်းခဲ့တဲ့အပေါ် SNLD နဲ့ ANP တိုင်းရင်းသားပါတီကြီးတွေ ဘယ်လိုတုန့်ပြန်လဲ၊ အောက်မြန်မာပြည်တလွှားမှာ ရေကြီးရေလျှံနေတဲ့အခြေအနေ၊ ရခိုင်ပြည်နယ်တွင်း ကိုဗစ်ရောဂါလူနာတိုးလာလို့ အောက်ဆီဂျင်လိုအပ်ချက်ကြီးလာ၊ ကန်ပက်လက်မှာ ဒေသခံကာကွယ်ရေးအဖွဲ့နဲ့စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်၊ မကွေးနဲ့စစ်ကိုင်နယ်ဖက်တွေမှာလည်း တိုက်ပွဲတွေရှိနေတဲ့သတင်းတွေကို နားဆင်ရပါတယ်။ အပတ်စဉ်ကဏ္ဍတွေမှာတော့ လူထုနဲ့ကျန်းမာရေး၊ ဦးကျော်ဇံသာရဲ့သတင်းသုံးသပ်ချက်နဲ့ ကိုရန်နိုင်ရဲ့အားကစားအစီအစဉ်တွေကို ထုတ်လွှင့်ပေးပါမယ်။ VOA ကို နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG