TV
စနေနေ့ ဗွီအိုအေ တီဗွီမဂ္ဂဇင်း (ဇူလိုင် ၁၇ ရက်၊ ၂၀၂၁)
အောက်စီဂျင် အလုံအလောက်မရလို့ သေဆုံးသူတိုးနေချိန်၊ သုဿန်တွေမှာ အလောင်းတွေကို အလျင်မီအောင် မီးသင်္ဂြိုလ်မပေးနိုင်တဲ့ အခြေအနေ၊ ဒေါ်အောင်ဆန်းစုကြည် အဂတိလိုက်စားမှု ၄ မှုနဲ့ ထပ်တိုးတရားစွဲခံရ၊ ဒီလို တပတ်အတွင်း သတင်း စုစည်းတင်ပြချက်၊ မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်း ကျော်လွှားနိုင်ဖို့ အချိန်ဘယ်လောက်ကြာနိုင်မလဲ မေးမြန်းခန်း၊ ဒါတွေကို ၂၀၂၁ ဇူလိုင် ၁၇ ရက် စနေ၊ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
VOA ရေဒီယိုညပိုင်း ၉း၀၀-၁၀း၀၀ တိုက်ရိုက်ထုတ်လွှင့်မှု
ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။ရိုဟင်ဂျာဒုက္ခသည်တချို့ကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံမည်၊ ချိနဲ့နေတဲ့ မြန်မာကျန်းမာရေးစောင့်ရှောက်မှုစနစ်နဲ့ ကိုဗစ်တတိယလှိုင်း၊ ဒေါ်အောင်ဆန်းစုကြည်အမှုများသုံးသပ်ချက်တွေကို နားဆင်ရဖို့ရှိပါတယ်။ အပတ်စဉ်ကဏ္ဍတွေမှာတော့ မြန်မာ့လူ့အခွင့်အရေးအခြေအနေ ဒို့အသံအစီအစဉ်နဲ့၊ ကိုဗစ်တတိယလှိုင်းအခြေအနေ ဒေါက်တာဇေယျာသက်နဲ့ဆွေးနွေးထားတဲ့ စနေညစကားဝိုင်းအစီအစဉ်တွေကို ထုတ်လွှင့်တင်ဆက်ပေးဖို့ရှိပါတယ်။ VOA ကို နားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။