TV
စနေမနက်ခင်း ဗွီအိုအေရေဒီယို-ရုပ်သံထုတ်လွှင့်မှု
ဇူလိုင်လ (၃၁) ရက်၊ စနေ မနက် ၆း၀၀ နာရီ မှ ၇း၀၀ နာရီအထိ ရေဒီယို-ရုပ်သံ အစီအစဉ်မှာတော့ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေအပြင် - ကချင်ပြည်နယ် မိုးကောင်း-ကာမိုင်း ကားလမ်းမှာ KIA နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်တဲ့အကြောင်း၊ အာဏာသိမ်းပြီး ၆ လအကြာ မြန်မာ့နိုင်ငံရေးအခြေအနေ သုံးသပ်ချက်၊ မူဆယ်မြို့ပြင်က လက်နက်ကြီး ပစ်ခတ်မှု၊ မလေးရှားမှာ မြန်မာအပါဝင် နိုင်ငံခြားသားတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးနေတဲ့ အကြောင်းတွေ နားဆင်ရပါမယ်။ အပတ်စဉ်ကဏ္ဍတွေအဖြစ် အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်နဲ့ သိပ္ပံနည်းပညာ စတဲ့အစီအစဉ်တွေကို ထုတ်လွှင့်သွားပါမယ်။ VOA ကို နားဆင်တဲ့အတွက် ကျေးဇူးပါ။
စနေနေ့ ဗွီအိုအေ တီဗွီမဂ္ဂဇင်း (ဇူလိုင် ၃၁ ရက်၊ ၂၀၂၁)
မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီမှာ အလွတ်သဘောဆွေးနွေးပွဲ၊ မြန်မာစစ်တပ်ကို အမေရိကန်ကာကွယ်ရေးဝန်ကြီး ဘယ်လိုဝေဖန်လိုက်သလဲ... စတဲ့တပတ်အတွင်း သတင်းစုစည်းတင်ပြချက်၊ အောက်စီဂျင်ရဖို့ ပရဟိတကူညီသူတွေ ဘယ်လောက် ခက်ခက်ခဲခဲ ကူညီနေရသလဲ မေးမြန်းခန်း၊ ဒါတွေကို ၂၀၂၁ ဇူလိုင် ၃၁ ရက် စနေ၊ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
VOA ရေဒီယိုညပိုင်း၉း၀၀-၁၀း၀၀ တိုက်ရိုက်ထုတ်လွှင့်မှု(ဇူလှိုင်၃၁၊၂၀၂၁)
ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။ငတ်မွတ်မှုအဆိုးဆုံးကြုံနိုင်တဲ့ ကမ္ဘာ့နိုင်ငံစာရင်းမှာ မြန်မာပါဝင်၊ မန္တလေးက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြတဲ့ မြတောင်သပိတ်အဖွဲ့၁၁ဦး ဖမ်းဆီးခံရ၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ကုန်သွယ်မှုကို ထပ်မံရပ်ဆိုင်းထား၊ အမေရိကန်ကာကွယ်ရေးဝန်ကြီးရဲ့ အရှေ့တောင်အာရှခရီးစဉ်၊ ဂျပန်အိုလံပစ်ကိုဆန့်ကျင်တဲ့အနုပညာသတင်း တွေကို နားဆင်ရပါမယ်။ အပတ်စဉ်ကဏ္ဍတွေမှာတော့ မြန်မာ့လူ့အခွင့်အရေးအကြောင်း ဒို့အသံအစီအစဉ်နဲ့ စနေညစကားဝိုင်းတို့ကို ထုတ်လွှင့်ပေးဖို့ရှိပါတယ်။ VOA ကို နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။