သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TV

၁၉:၀၀ - ၁၉:၂၉

နေ့စဉ် တီဗွီသတင်းလွှာ (၀၈-၀၂-၂၀၂၁)

မြန်မာနိုင်ငံအရေး ကြားဝင်ညှိနှိုင်းမယ့် အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်းရဲ့ အထူးကိုယ်စားလှယ်ခန့်ထားရေး အတည်ပြုပေးဖို့ မြန်မာနိုင်ငံကို အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး Retno Marsudi တိုက်တွန်း၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken ဟာ အရှေ့တောင် အာရှနိုင်ငံတွေက တာဝန်ရှိသူတွေနဲ့ မြန်မာ့အရေး အပါအဝင် ဒေသတွင်း ကိစ္စတွေ အွန်လိုင်းကနေ တွေ့ဆုံ ဆွေးနွေးမယ်၊ မြန်မာနိုင်ငံမှာ COVID 19 ကပ်ရောဂါ ကူးစက်မှုတွေနဲ့ နေရာအနှံ့ အကြမ်းဖက်မှုတွေ ကြုံတွေ့နေရတာကြောင့် လူသားချင်း စာနာမှု အကျပ်အတည်း ဘေးဒုက္ခ အခြေအနေ တရိပ်ရိပ် ဆိုးလာနေ.... စတဲ့ ထိပ်တန်းရောက်သတင်းတွေကို တင်ပြထားပါတယ်။

၂၁:၀၀ - ၂၂:၀၀

VOA ရေဒီယိုညပိုင်း ၉း၀၀-၁၀း၀၀ တိုက်ရိုက်ထုတ်လွှင့်မှု(သြဂုတ် ၂၊ ၂၀၂၁)

ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။မြန်မာ့အရေးအာဆီယံအထူးကိုယ်စားလှယ်ကို မြန်မာဖက်က အတည်ပြုပေးဖို့ အင်ဒိုနီးရှားတိုက်တွန်း၊ ဒေါ်အောင်ဆန်းစုကြည်အမှုကြားနာတာတွေကို နောက်တပတ်ချိန်း၊ အိမ်စောင့်အစိုးရနာမည်ပြောင်းမှု သိသာတဲ့အပြောင်းအလဲမဟုတ်ဟု တိုင်းရင်းသားအဖွဲ့တွေယူဆ၊ ကနီတိုက်ပွဲ ဖမ်းခံရသူတွေကို ရုပ်အလောင်းတွေပဲ ထပ်မံရရှိ၊ ဖားကန့်တံတားညီနောင်အနီး မြန်မာတပ်ကို KIA က ကြားဖြတ်တိုက်ခိုက်၊ ရခိုင်မှာ အောက်ဆီဂျင်ပြတ်လပ်မှုနဲ့ ဒုက္ခသည်တွေစားနပ်ရက္ခာအခက်ကြုံ စတဲ့ သတင်းတွေ နားဆင်ရဖို့ရှိပါတယ်။ အပတ်စဉ်ကဏ္ဍတွေမှာ သတင်းထောက်မှတ်စု၊ စီးပွားရေးနဲ့ ဘလောဂါတွေ ပြောသမျှအစီအစဉ်တွေ ထုတ်လွှင့်ပေးဖို့ရှိပါတယ်။ VOA ကို နားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG