TV
ဗွီအိုအေ နံနက်ခင်း ရေဒီယို-ရုပ်သံ တိုက်ရိုက်ထုတ်လွှင့်မှု
သြဂုတ်လ (၂၆) ရက်၊ ကြာသပတေး မနက် ၆း၀၀ နာရီ မှ ၇း၀၀ နာရီအထိ ရေဒီယို-ရုပ်သံ အစီအစဉ်မှာတော့ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေအပြင် - သက်ဆိုင်သူအားလုံးပါဝင်မယ့် တွေ့ဆုံဆွေးနွေးမှုလုပ်ဖို့ စစ်ကောင်စီကို KIA တပ်ဖွဲ့က တိုက်တွန်း ၊ ရခိုင်မှာ AA တပ်ဖွဲ့က အုပ်ချုပ်ရေး တရားစီရင်ရေး လုပ်လာတာကြောင့် စစ်ပွဲတွေပြန်ဖြစ်မှာကို ဒေသခံတွေ စိုးရိမ် ၊ မင်းကင်းမှာ အဖမ်းခံရသူတွေအတွက် မိသားစုက စိုးရိမ် ၊ စစ်ကိုင်းတိုင်း ချောင်ဦးမှာ ဒေသခံ ၄ ဦး အကြမ်းဖက်အဖမ်းဆီခံရ စတဲ့သတင်းပေးပို့ချက်တွေ နားဆင်ရပါမယ်။ အပတ်စဉ်ကဏ္ဍအဖြစ် ဦးကျော်ဇံသာရဲ့ မြန်မာ့အရေး သုံးသပ်ချက်၊ လူထုကျန်းမာရေး၊ တပတ်အတွင်း အားကစားအစီအစဉ်ကို ထုတ်လွှင့်သွားပါမယ်။ VOA ကို နားဆင်တဲ့အတွက် ကျေးဇူးပါ။
နေ့စဉ် တီဗွီသတင်းလွှာ (၀၈-၂၆-၂၀၂၁)
အာဖဂန် ကဘူး လေဆိပ်ကို အကြမ်းဖက် တိုက်ခိုက်မှုတွေ ရှိလာနိုင်တယ်လို့ အနောက်နိုင်ငံ အစိုးရတွေသတိပေး၊ မြန်မာနိုင်ငံမှာ သတင်းထောက်တွေ ဖမ်းဆီးခံနေရတာနဲ့ ပတ်သက်လို့ တုန်လှုပ်ခြောက်ခြားမိတဲ့ အကြောင်းနဲ့ သူတို့တွေဟာ သတင်းတွေ လွတ်လွတ်လပ်လပ် တင်ပြခွင့် ရှိရမယ့် အကြောင်း ရန်ကုန် အမေရိကန် သံရုံးက ကြေညာချက် ထုတ်

ဗွီအိုအေ မြန်မာနံနက်ခင်း
ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။