TV
စနေနေ့ မနံနက်ခင်း ဗွီအိုအေ ရေဒီယို-ရုပ်သံ တိုက်ရိုက်ထုတ်လွှင့်မှု
သြဂုတ်လ (၇) ရက်၊ စနေ မနက် ၆း၀၀ နာရီ မှ ၇း၀၀ နာရီအထိ ရေဒီယို-ရုပ်သံ အစီအစဉ်မှာတော့ နယူးယောက် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ကြံစည်မှု- စွပ်စွဲချက်နဲ့ မြန်မာလူငယ် ၂ ဦး အဖမ်းခံထားရတဲ့ ထိပ်တန်းရောက် မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေအပြင် - မကွေးတိုင်းမှာ စစ်တပ်ရဲ့ တင်းကြပ်တဲ့ စစ်ဆေးမှုကြောင့် ဒေသခံစစ်ရှောင်တွေ ရိက္ခာပြတ်လပ်တော့မယ် အခြေအနေ၊ ကချင်နဲ့ ကယားပြည်နယ်တွေက စစ်ရှောင်စခန်းတွေမှာ ကိုဗစ်ကူးစက်မှု တိုးလာနေတဲ့အကြောင်းနဲ့ အမေရိကန်တပ်တွေ ဆုပ်ခွာနေတဲ့ အာဖဂန်နိုင်ငံနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားဖွယ် အကြောင်းတွေနားဆင်ရပါမယ်။ သီတင်းပတ်စဉ် အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်နဲ့ သိပ္ပံနည်းပညာ စတဲ့အစီအစဉ်တွေကိုလည်း ထုတ်လွှင့်သွားမှာပါ။ burmese.voanews.com VOA ကို နားဆင်တဲ့အတွက် ကျေးဇူးပါ။
စနေနေ့ ဗွီအိုအေ တီဗွီမဂ္ဂဇင်း (သြဂုတ် ၇ ရက်၊ ၂၀၂၁)
စစ်အာဏာသိမ်း ၆ လ ပြည့်ချိန်မှာ စစ်ကောင်စီက အိမ်စောင့်အစိုးရဖွဲ့စည်း၊ မြန်မာ့အကျပ်အတည်း ဒေသတွင်းနိုင်ငံတွေရဲ့ ပါဝင်ပတ်သတ်မှု၊ ပြည်တွင်း စစ်ဘေးရှောင်တွေရဲ့ အခက်အခဲ ပိုဆိုး၊ ဒီလို တပတ်အတွင်း သတင်း စုစည်းတင်ပြချက်၊ ၈ လေးလုံးအရေးတော်ပုံ ၃၃ နှစ်မြောက်ချိန် ၈ လေးလုံးရဲ့ သင်ခန်းစာ မေးမြန်းခန်း၊ ဒါတွေကို ၂၀၂၁ သြဂုတ် ၇ ရက် စနေ၊ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
VOA ရေဒီယိုညပိုင်း ၉း၀၀-၁၀း၀၀ တိုက်ရိုက်ထုတ်လွှင့်မှု (သြဂုတ်၇၊၂၀၂၁)
ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။မြန်မာ့အရေးအာဆီယံကိုယ်စားလှယ် မြန်မာနိုင်ငံသွားရောက်ဖို့ပြင်ဆင်၊ အသက်အန္တရာယ်ခြိမ်းခြောက်ခံရတဲ့ သံအမတ်ကြီးဦးကျော်မင်းထွန်းနဲ့မေးမြန်းချက်၊ ကိုဗစ်မူလအစကို စုံစမ်းတဲ့အမေရိကန်ထောက်လှမ်းရေးအစီရင်ခံစာ သမ္မတထံတင်သွင်းဖို့ရှိ၊ ကိုဗစ်ကြောင့် မြို့ပြတိုက်တွေပေါ် စိမ်းလန်းစိုပြောလာ၊ အာရုံကြောရောဂါကြောင့် လမ်းမလျှောက်နိုင်သူအတွက်ခြေတု သတင်းတွေကို နားဆင်ရပါမယ်။ အပတ်စဉ်ကဏ္ဍမှာတော့ မြန်မာ့လူ့အခွင့်အရေးအကြောင် ဒို့အသံအစီအစဉ်နဲ့ စနေညစကားဝိုင်းအစီအစဉ်တွေကို ထုတ်လွှင့်တင်ဆက်ပေးပါမယ်။