TV
ဗွီအိုအေ မြန်မာပိုင်း စနေ နံနက်ခင်း သြဂုတ်လ ၂၁ ရက်
ဗွီအိုအေ မြန်မာပိုင်း စနေ နံနက်ခင်း သြဂုတ်လ ၂၁ ရက် တာလီဘန်လက်က မြောက်ပိုင်းဒေသ ၃ ခု အာဖဂန်တပ်တွေ ပြန်သိမ်းပိုက်လိုက်တဲ့ သတင်းနဲ့အတူ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေ၊ ကိုဗစ်ကာကွယ်ဆေးထိုးတဲ့အခါ လိုက်နာရမယ့်အချက်တွေနဲ့ ပတ်သက်လို့ ကူးစက်ရောဂါကျွမ်းကျင်သူက ဘာတွေ သတိပေးလိုက်သလဲ စတာတွေနဲ့အတူ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်၊ သိပ္ပံနဲ့ နည်းပညာ စတာတွေကို နားဆင်ရမှာပါ။
စနေနေ့ ဗွီအိုအေ တီဗွီမဂ္ဂဇင်း (သြဂုတ် ၂၁ ရက်၊ ၂၀၂၁)
စစ်ကောင်စီရဲ့ အဖမ်းအဆီးတွေကြားထဲ လူထုဆန္ဒပြ၊ ကိုဗစ်ကာကွယ်ဆေးထိုးအစီအစဉ် လုပ်ဆောင်နေမှုများနဲ့ နိုင်ငံတကာရဲ့ ကူညီမှု၊ ဒီလို တပတ်အတွင်း သတင်း စုစည်းတင်ပြချက်၊ ကုလ မြန်မာကိုယ်စားလှယ်နေရာ နိုင်ငံအတွက် အရေးပါမှု မေးမြန်းခန်း၊ ဒါတွေကို ၂၀၂၁ သြဂုတ် ၂၁ ရက် စနေ၊ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေမြန်မာ ညပိုင်း သြဂုတ်လ၂၁၊၂၀၂၁
တာလီဘန် ပူးတွဲတည်ထောင်သူMullah Baradar အာဖဂန်မြို့တော်ဆိုက်ရောက်၊ ကန် ဒုသမတရဲ့ အရှေ့တောင်အာရှခရီးစဉ်စတင်၊ ဗီယက်နမ်မြို့တော်မှာ ကပ်ဘေးကန့်သတ်ချက်တိုးမြှင့်၊ ရွှေတြိဂံဒေသထွက် မူးယစ်ဆေးအမြောက်အများထိုင်းမှာဖမ်းဆီးရမိ စတဲ့သတင်းတွေနဲ့ အပတ်စဉ်အစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ပေးဖို့ရှိပါတယ်။