TV
တနင်္လာ မနက် ဗွီအိုအေ ရေဒီယို-ရုပ်သံ ထုတ်လွှင့်မှု
သြဂုတ်လ (၉) ရက်၊ တနင်္လာနေ့ မနက် ၆း၀၀ နာရီ မှ ၇း၀၀ နာရီအထိ ရေဒီယို-ရုပ်သံ အစီအစဉ်မှာတော့ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေအပြင် - ၈၈၈၈ အထိမ်းအမှတ် နိုင်ငံတကာရောက် မြန်မာတွေ ဆန္ဒပြ ၊ အာဏာသိမ်းမှုနဲ့ အကြမ်းဖက်မှုကို ဆန့်ကျင်တယ်လို့ ဗြိတိန်သံအမတ်ကြီး ပြော၊ မြန်မာ့ ကိုဗစ် တိုက်ဖျက်ရေးမှာ မပြည့်စုံတဲ့ ကျန်းမာရေးစနစ်နဲ့ ရုန်းကန်နေရတဲ့ အကြောင်းတွေ တင်ပြသွားမှာပါ။ သီတင်းပတ်စဉ်ကဏ္ဍအဖြစ် မြန်မာ့ရေးရာ ဆွေးနွေးခန်း၊ ဦးစည်သူအောင်မြင့်ရဲ့ ပြည်တွင်းသတင်းသုံးသပ်ချက်၊ မြန်မာပြည်က ပေးစာ၊ သတင်းထဲက သုတ စတဲ့ အစီအစဉ်တွေ ထုတ်လွှင့်သွားပါမယ်။ VOA ကို နားဆင်တဲ့အတွက် ကျေးဇူးပါ။ burmese.voanews.com

နေ့စဉ် တီဗွီသတင်းလွှာ (၀၈-၀၉-၂၀၂၁)
ကိုဗစ် တတိယလှိုင်းဒဏ်ကို ၂ လကျော်ကြာ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ ရောဂါပိုး ကူးစက်သူနဲ့ သေဆုံးသူ အရေအတွက် အခုထိ လျော့မသွားသေး၊ သြစတြေးလျမှာ တတိယမြောက် အသုံးပြုခွင့်ပေးတဲ့ ကာကွယ်ဆေးအဖြစ် Moderna ကိုဗစ်ကာကွယ်ဆေးကို နောက်လမှာ ထိုးနှံပေးသွားမယ်၊ မြန်မာနိုင်ငံက ၈ လေးလုံး လှုပ်ရှားမှုကြီးနဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအတွက် ဆယ်စုနှစ်များစွာကြာအောင် ရုန်းကန်လှုပ်ရှားနေကြတဲ့ မြန်မာပြည်သူတွေကို အမှတ်တရ ဂုဏ်ပြုတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောဆို... စတဲ့ ထိပ်တန်းရောက်သတင်းတွေကို တင်ပြထားပါတယ်။
VOA ရေဒီယိုညပိုင်း ၉း၀၀-၁၀း၀၀ တိုက်ရိုက်ထုတ်လွှင့်မှု(သြဂုတ်၉၊၂၀၂၁)
ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။လျှပ်တပြတ်ဆန္ဒပြမှုတွေနဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေဖြစ်ပွား၊ မန္တလေး အိုးဘိုထောင်တွင်း ဆန္ဒပြခဲ့သူတွေကို စစ်ဆေးမေးမြန်း၊ AA က ရခိုင်နယ်တချို့မှာ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့တရားစီရင်ရေးလုပ်လာတဲ့နောက် ရခိုင်မှာ မြန်မာစစ်အာဏာပိုင်တွေလုံခြုံရေးတင်းကြပ်လာ၊ ဓါတ်မြေဩဇာဈေးတက်လာလို့ မြန်မာစိုက်ပျိုးရေးလုပ်ငန်းထိခိုက်နိုင်၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ချို့ယွင်းတာအပြင် စစ်တပ်ကအာဏာသိမ်းလိုက်တာကြောင့် ကိုဗစ်တတိယလှိုင်းရိုက်ခတ်မှုပိုကြုံခဲ့ရ ဆိုတဲ့ သတင်းတွေ နားဆင်ရပါမယ်။ အပတ်စဉ်ကဏ္ဍတွေမှာတော့ သတင်းထောက်မှတ်စု၊ စီးပွားရေးနဲ့ ဘလောဂါတွေပြောသမျှအစီအစဉ်တွေကို ထုတ်လွှင့်တင်ဆက်ပေးပါတယ်။ VOA ကို နားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။