TV
ဗွီအိုအေ မြန်မာနံနက်ခင်း သြဂုတ်လ ၁၄၊ ၂၀၂၁။
စစ်အာဏာသိမ်းမှု အရေး အာဆီယံရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ ဥရောပ သမဂ္ဂ EU ရဲ့ နိုင်ငံခြားရေးရာ အကြီးအကဲတို့ ဆွေးနွေး၊ စစ်ကိုင်းတိုင်းမှာ စစ်တပ် ယာဉ်တန်း ဗုံးခွဲခံရမှု ရှိမရှိ PDF နဲ့ စစ်တပ်တို့ အပြန်အလှန်၊ လူမျိုးတုန်း သတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ICC က အလိုရှိနေသူ ဆူဒန် သမ္မတဟောင်းကို လွှဲအပ်ပေးနိုင်ခြေ စတဲ့ သတင်းဆောင်းပါးတွေနဲ့ အတူ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်၊ သိပ္ပံနဲ့ နည်းပညာ အပတ်စဉ် ကဏ္ဍတွေကိုလည်း နားဆင်ရပါမယ်။
စနေနေ့ ဗွီအိုအေ တီဗွီမဂ္ဂဇင်း (သြဂုတ် ၁၄ ရက်၊ ၂၀၂၁)
စစ်တပ်ဖမ်းဆီးမှုအခြေအနေများ လူ့အခွင့်အရေးအဖွဲ့ဝေဖန်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုဗစ်ကူးစက်၊ ပြည်တွင်း စစ်ဘေးရှောင်စခန်းတွေ ပိုးကူးခံရ၊ ဒီလို တပတ်အတွင်း သတင်း စုစည်းတင်ပြချက်၊ ကုလမှာ မြန်မာကိုယ်စားလှယ်ခန့်အပ်ရေး ကြိုးပမ်းမှု မေးမြန်းခန်း၊ ဒါတွေကို ၂၀၂၁ သြဂုတ် ၁၄ ရက် စနေ၊ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
VOA ရေဒီယိုညပိုင်း ၉း၀၀-၁၀း၀၀ တိုက်ရိုက်ထုတ်လွှင့်မှု(သြဂုတ် ၁၄၊၂၀၂၁)
အလုပ်သမားအခွင့်အရေးဆုံးရှုံးမှုအဆိုးဆုံးကမ္ဘာ့နိုင်ငံတွေထဲ မြန်မာပါဝင်လာ၊ တရားစွဲဆိုမှုတွေပြန်ရုပ်ဖို့လျှောက်ထားနိုင်ပေမယ့် CDM တွေ ဘယ်လိုမြင်လဲ၊ ဒီမော့ဆိုး ဖယ်ခုံနဲ့ ချင်းမင်းတပ်တို့မှာ PDF နဲ့ စစ်ကောင်စီတိုက်ပွဲတွေဖြစ်တဲ့သတင်းတွေကို နားဆင်ရပါမယ်။ အပတ်စဉ်ကဏ္ဍတွေမှာတော့ ဒို့အသံနဲ့ စနေညစကားဝိုင်းတို့ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။