TV
ဗွီအိုအေ မြန်မာနံနက်ခင်း သြဂုတ်လ ၂၃၊ ၂၀၂၁။
အာဖဂန် ကနေ အမေရိကန်နဲ့ အာဖဂန်တွေ ကယ်ထုတ်ရေး နောက်ဆုံးရ သတင်း၊ စစ်ကိုင်းတိုင်း ဒီပဲယင်းမှာ စစ်တပ်ရဲ့ အဖမ်းအဆီး၊ Covid တတိယလှိုင်း အဆုံးသတ်နိုင်ခြေ ဆွေးနွေးထားတဲ့ အပတ်စဉ် မြန်မာ့ အရေး ဆွေးနွေးခန်း ၊ ကမ္ဘာ့သတင်းတွေထဲက မြန်မာဆိုင်ရာ သတင်းတွေ ကောက်နုတ်တင်ပြချက်နဲ့ အတူ မြန်မာပြည်က ပေးစာ၊ သတင်းတွေထဲက သုတ အပတ်စဉ် ကဏ္ဍတွေကို နားဆင်ကြရပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၈-၂၃-၂၀၂၁)
အာဖဂန် ကဘူးလေဆိပ်မြောက်ဘက်မှာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားပြီး အာဖဂန် လုံခြုံရေးတပ်သားတယောက် သေဆုံး၊ သုံးယောက် ဒဏ်ရာရ၊ အာဖဂန် မြို့တော် ကဘူးကနေ ကယ်ထုတ်တဲ့ လူအရေအတွက်ဟာ အခြေအနေပေါ် မူတည်မယ်လို့ အမေရိကန်သမ္မတ Joe Biden ပြော၊ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရေးမှာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မဖြစ်မနေ ကူညီဖို့ လိုအပ်တယ်လို့ အမေရိကန် ဒုသမ္မတ Kamala Harris ပြော
သြဂုတ်လ ၂၃ ရက်၊ တနင်္လာနေ့ ညပိုင်းအစီအစဉ်
ဗွီအိုအေမြန်မာပိုင်း ဆောင်းပါးရှင် ဦးစည်သူအောင်မြင့် ဖမ်းဆီးခံရတဲ့အပေါ် ဗွီအိုအေ ဌာနမှူးရဲ့ တုန့်ပြန်ချက်၊ ကိုဗစ်လူနာ ကူညီပေးသူတွေ ခြိမ်းခြောက်ခံနေရ၊ ကယားမှာ ကရင်နီကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတိုက်ပွဲဖြစ်၊ မူဆယ် ပန်ဆိုင်းမှာ စစ်ကောင်စီနဲ့ MNDAA တိုက်ပွဲဖြစ် စတဲ့သတင်းတွေကို နားဆင်ကြရပါမယ်။