TV
ဗွီအိုအေ မြန်မာ ဗုဒ္ဓဟူး နံနက်ခင်း သြဂုတ်လ (၂၅) ရက်
ဗွီအိုအေ မြန်မာ ဗုဒ္ဓဟူး နံနက်ခင်း သြဂုတ်လ (၂၅) ရက် အာဖဂနစ္စတန်က တပ်တွေ ရုပ်သိမ်းရေး အစီအစဉ် အပြောင်းအလဲမရှိ ကြောင်း သမ္မတဘိုင်ဒင်ပြောကြားလိုက်တဲ့သတင်းနဲ့အတူ နောက်ဆုံးရမြန်မာနဲ့ နိုင်ငံတကာသတင်းတွေ၊ မြန်မာနိုင်ငံ လူမျိုးတုန်းသတ်ဖြတ်မှု ဥပဒေဖြည့်စွက်ချက်အပေါ် ဥပဒေပညာရှင်အမြင်၊ စတာတွေနဲ့အတူ အင်္ဂါညဆွေးနွေးခန်း၊ အမေရိကန်နိုင်ငံရေးအကြောင်းသိကောင်းစရာ စတာတွေကို နားဆင်ရမှာပါ။
နေ့စဉ် တီဗွီသတင်းလွှာ (၀၈-၂၅-၂၀၂၁)
အာဖဂန်က အမေရိကန် တပ်ဖွဲ့တွေ ဒီလကုန် နောက်ဆုံးထား ရုပ်သိမ်းဖို့ ဆုံးဖြတ်ချက် အပြောင်းအလဲ မရှိကြောင်း သမ္မတ Joe Biden ပြော၊ အမေရိကန် အောက်လွှတ်တော်အမတ် ၂ ယောက်ဟာ ကြိုတင်ကြေညာထားခြင်းမရှိဘဲ ကဘူးမြို့တော်ကို သွားခဲ့၊ မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းတွေအပေါ် စစ်တပ်က တိုက်ခိုက်နေတဲ့အတွက် စိုးရိမ်မိတယ်လို့ အမေရိကန်ဒုသမ္မတ Kamala Harris ပြော
ဗွီအိုအေ ဗုဒ္ဓဟူးညချမ်း ရေဒီယိုအစီအစဉ်
သြဂုတ် ၂၅ - မြန်မာ ကျန်းမာရေးလုပ်သားတွေအပေါ် ဖိနှိပ်မှုရပ်ဖို့ ကန်ဒုသမ္မတ တောင်းဆိုတဲ့သတင်းနဲ့အတူ မြန်မာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ ထိပ်တန်းသတင်းများ၊ အဖမ်းအဆီးပိုကြမ်းနေတဲ့ ရန်ကုန်မှာ ဒေသခံတွေ မလုံခြုံမှု ခံစားနေရ၊ ဦးစည်သူအောင်မြင့်နဲ့ မထက်ထက်ခိုင် ဗဟန်းရဲစခန်းမှာ ထိန်းသိမ်းခံထားရ၊ တီးတိန် မြန်မာ့စီးပွားရေးဘဏ်ခွဲ လုံခြုံရေးရဲသုံးဦး ပစ်သတ်ခံရပြီး ဘဏ်ကိုဝင်လု၊ လွိုင်ကော်က တိုက်ပွဲသတင်း KNDF နဲ့ စစ်ကောင်စီကြား ပြောဆိုချက်ကွဲလွဲ၊ ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာတွေ ရှင်းလင်းခံခဲ့ရတာ လေးနှစ်ပြည့်ပြီ။ သီတင်းပတ်စဉ် - လူထုနဲ့ကျန်းမာရေး၊ မြန်မာ့အရေးသုံးသပ်ချက်၊ အားကစားသတင်းလွှာ။