TV
*ဗွီအိုအေ မနက်ခင်း ရေဒီယို-ရုပ်သံအစီအစဉ် တိုက်ရိုက် ထုတ်လွှင့်မှု
[ zawgyi ] သြဂုတ်လ (၆) ရက်၊ သောကြာနေ့မနက် မြန်မာစံတော်ချိန် ၆း၀၀ နာရီမှ ရး၀၀ နာရီအထိ ထုတ်လွှင့်နေတဲ့ အစီအစဉ်မှာတော့ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေအပြင် - ကိုဗစ်လူနာတွေအတွက် လိုအပ်တဲ့ ဆေးနဲ့ အသက်ကယ်ပစ္စည်းတွေ တရုတ်နယ်စပ်ကတဆင့် တင်သွင်းခွင့်ပြုထား သတင်း၊ တိုင်းရင်းသားဒေသမှာ စစ်ကောင်စီတပ်နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေ၊ အာဖဂန်မှာ အမေရိကန်တပ်တွေ ထွက်သွားရင် အမျိုးသမီးနဲ့ ကလေးငယ်တွေကြုံလာရမယ့် ကံကြမ္မာ ဘယ်လိုရှိမလဲ စတဲ့သတင်းတွေကို တင်ပြသွားဖို့ ရှိပါတယ်။ အပတ်စဉ်ကဏ္ဍ တွေထဲမှာတော့ ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက် ၊ ဦးဝင်းမင်းရဲ့ ကျန်းမာရေးကဏ္ဍနဲ့ တိုင်းရင်းသတင်းလွှာတွေကို ထုတ်လွှင့်ဖို့ ရှိပါတယ်။ ဗွီအိုအေကို အားပေး နားဆင်ကြတဲ့အတွက် ကျေးဇူးပါ။
နေ့စဉ် တီဗွီသတင်းလွှာ (၀၈-၀၆-၂၀၂၁)
စားနပ်ရိက္ခာ အကူအညီ လိုအပ်နေတဲ့ မြန်မာပြည်သူ သန်းနဲ့ချီကို ကူညီထောက်ပံ့ဖို့ လာမယ့် ၆ လအတွင်း ရန်ပုံငွေ မလုံမလောက် ဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့WFP က သတိပေး၊ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး အကျပ်အတည်းတွေကို အာဆီယံ ခေါင်းဆောင်တွေ ဖြေရှင်းဖို့ အမေရိကန်က ထပ်မံ တိုက်တွန်း၊ မျိုးဗီဇကွဲ Delta ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ သြစတြေးလျနိုင်ငံမှာ တိုးလာနေတာကြောင့် နိုင်ငံရဲ့ အကြီးဆုံး မြို့ကြီးတွေမှာ အသွားအလာ ကန့်သတ်
VOA မြန်မာပိုင်း သောကြာည ၉း၀၀ ကနေ ၁၀း၀၀ နာရီအထိ ထုတ်လွှင့်မှုအစီအစဉ် (သြဂုတ်လ ၆-၂၀၂၁)
သောတရှင်တွေ နားဆင်ရမယ့် သောကြာညရဲ့အစီအစဉ်တွေကတော့ ထိပ်တန်းရောက်မြန်မာနဲ့နိုင်ငံတကာသတင်းတွေနဲ့အတူ ကချင်ပြည်နယ် စစ်ရှောင်စခန်းတွေမှာ ကိုဗစ်ကူးစက်မှုတွေပိုတိုးလာနေတဲ့အခြေအနေ၊ ကယားပြည်နယ်က စစ်ရှောင်စခန်းတွေမှာလည်း ကလေးတွေပါ ကိုဗစ်ကူးခံနေရတာနဲ့ မလေးရှားနိုင်ငံမှာ ကိုဗစ်ကြောင့် မြန်မာအယောက်၄၀လောက် ကိုဗစ်ကြောင့် ဆုံးပါးနေတဲ့သတင်း၊ တရုတ်-မြန်မာနယ်စပ်မှာ ပေါက်ဖော်ကဒ်နဲ့ မြန်မာတွေကို တရုတ်က နေခွင့်ပြုလိုက်တာ၊ ရခိုင်တောင်ကုတ်ဘက်က ရေကြီးနေတဲ့အခြေအနေ စတဲ့နောက်ဆုံးရသတင်းပေးပို့ချက်တွေနဲ့ အပတ်စဉ်ကဏ္ဍတွေဖြစ်တဲ့ အမျိုးသမီးကဏ္ဍ၊ သုတစုံလင်အမေရိကန်အစီအစဉ်နဲ့ သိပ္ပံနဲ့နည်းပညာကဏ္ဍတွေကို တင်ဆက်ပေးဖို့ရှိပါတယ်။ ဗွီအိုအေကို နားသောတဆင်ခဲ့ကြတဲ့အတွက် ကျေးဇူးအထူးပဲတင်ရှိပါတယ်။