သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TV

၁၉:၀၀ - ၁၉:၂၉

နေ့စဉ် တီဗွီသတင်းလွှာ (၀၈-၁၁-၂၀၂၁)

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကျပ်အတည်းတွေကို ဆွေးနွေးညှိနှိုင်းမှုတွေ အောင်မြင်အောင် မလုပ်နိုင်ဘူးဆိုရင် ပြည်တွင်းစစ်ကြီး ဖြစ်လာနိုင်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် သတိပေး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို တိုက်ခိုက်ဖို့ ခြိမ်းခြောက်မှုကို ပြတ်ပြတ်သားသား ရှုတ်ချပြီး သံအမတ်ကြီးနဲ့ အတူ ရပ်တည်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြော၊ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ကြုံနေရတဲ့ နိုင်ငံရေး အကျပ်အတည်းတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ထိုင်းအစိုးရတာဝန်ရှိသူတွေနဲ့ ဆွေးနွေး ...စတဲ့ ထိပ်တန်းရောက်သတင်းတွေကို တင်ပြထားပါတယ်။

၂၁:၀၀ - ၂၂:၀၀

VOA ရဒေီယိုညပိုင်း ၉း၀၀-၁၀း၀၀ တိုက်ရိုက်ထုတ်လွှင့်မှု(သြဂုတ်၁၁၊၂၀၂၁)

ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။NUG အသိအမှတ်ပြုမှုမေးမြန်းချက် ကန်ပြောခွင့်ရ ရေရေရာရာမဖြေ၊ ၄၄လမ်းဖြစ်စဉ် စစ်ကောင်စီကြေညာချက် နှစ်ဦးသေဆုံး သုံးဦးဒဏ်ရာရ၊ မြန်မာဖွံ့ဖြိုးရေးစီမံကိန်း၂၁ခုအတွက် တရုတ်က ဒေါ်လာ၆သန်းကျော်ကူညီမည်၊ ရှမ်းလက်နက်ကိုင်အဖွဲ့တွေအကြားပစ်ခတ်မှု ကျေးရွာသားတချို့ထိခိုက်ဒဏ်ရာရ၊ ကချင် ဝိုင်းမော်အနီး စစ်ဘေးဒုက္ခသည်စခန်း ကိုဗစ်ကူးစက်မှုတိုးလာ၊ ထိုင်း ဆာမွတ်ဆာခွန်းမှာ မြန်မာအပါရွေ့ပြောင်းလုပ်သားလေးသိန်း ကိုဗစ်ကာကွယ်ဆေးထိုးပေးမည်.. စတဲ့ သတင်းတွေ နားဆင်ရဖို့ရှိပါတယ်။ အပတ်စဉ်ကဏ္ဍမှာတော့ လူထုနဲ့ကျန်းမာရေး၊ ဦးကျော်ဇံသာရဲ့သတင်းသုံးသပ်ချက်နဲ့ အားကစားအစီအစဉ်တွေ ထုတ်လွှင့်ပေးဖို့ရှိပါတယ်။ VOA ကို နားဆင်တဲ့အတွက် ​ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG