သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TV

၀၆:၀၀ - ၀၇:၀၀

ကြာသပတေး မနံနက်ခင်း ဗွီအိုအေ ရေဒီယို-ရုပ်သံ တိုက်ရိုက်ထုတ်လွှင့်မှု

[ ZAWGYI ] ကြာသပတေး မနံနက်ခင်း ဗွီအိုအေ ရေဒီယို-ရုပ်သံ တိုက်ရိုက်ထုတ်လွှင့်မှု သြဂုတ်လ (၅) ရက်၊ ကြာသပတေး မနက် ၆း၀၀ နာရီ မှ ၇း၀၀ နာရီအထိ ရေဒီယို-ရုပ်သံ အစီအစဉ်မှာတော့ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေအပြင် - မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ခန့်အပ်တဲ့ကိစ္စပေါ် အာဆီယံအရေး ကျွမ်းကျင်သူတွေရဲ့ တုံ့ပြန်ချက်၊ မြန်မာနိုင်ငံဆိုင်ရာ ဥပဒေကြမ်း ကန်လွှတ်တော် အတည်ပြုရေး တက်ကြွလှုပ်ရှားသူတွေ ကြိုးပမ်းမှု ဆက်သွယ်မေးမြန်းချက်နဲ့ ထိုင်း ကိုဗစ်ကြား မြန်မာအလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ အခြေအနေ သတင်းပေးပို့ချက်တွေ နားဆင်ရပါမယ်။ အပတ်စဉ်ကဏ္ဍအဖြစ် ဦးကျော်ဇံသာရဲ့ မြန်မာ့အရေး သုံးသပ်ချက်၊ လူထုကျန်းမာရေး၊ တပတ်အတွင်း အားကစား အစီအစဉ်ကို ထုတ်လွှင့်သွားပါမယ်။ VOA ကို နားဆင်တဲ့အတွက် ကျေးဇူးပါ။

၁၉:၀၀ - ၁၉:၂၉

နေ့စဉ် တီဗွီသတင်းလွှာ (၀၈-၀၅-၂၀၂၁)

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှ ဒေသတွင်း COVID 19 ကြောင့် သေဆုံးမှု တတိယ အများဆုံး နိုင်ငံဖြစ်လာ၊ မြန်မာနိုင်ငံအနောက်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့လအတွင်း စစ်တပ်က လူအစုလိုက် ညှဉ်းပန်းသတ်ဖြတ်တဲ့ဖြစ်ရပ်တွေရှိခဲ့တဲ့အကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ဆီ စာတစောင် ရေးသားပေးပို့၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအပေါ် ခြိမ်းခြောက်မှုတချို့ရှိနေတဲ့အတွက် အမေရိကန်အစိုးရက သူ့အတွက် လုံခြုံရေး တိုးမြှင့်ပေးထား... စတဲ့ ထိပ်တန်းရောက်သတင်းတွေကို တင်ပြထားပါတယ်။

၂၁:၀၀ - ၂၂:၀၀

ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်

ဒီကနေ့ညမှာ သောတရှင်တို့ နားဆင်ရမယ့် အစီအစဉ်တွေထဲမှာတော့ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာသတင်းတွေနဲ့အတူ - လွိုင်ကော်မြို့ပေါ်မှာ ပစ်ခတ် ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့တာ၊ ကချင်ပြည်နယ် ဝိုင်းမော်မြို့အနီး တိုက်ပွဲတွေ ဆက်ဖြစ်နေတာ၊ စစ်ကောင်စီက ရွေးကောက်ပွဲရလဒ် ပယ်ဖျက်တဲ့အပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဝေဖန်လိုက်ကြတာ စတဲ့ သတင်းပေးပို့ချက်တွေနဲ့အတူ အပတ်စဉ်ကဏ္ဍတွေမှာတော့ - ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးကဏ္ဍတို့အပြင် တိုင်းရင်းသတင်းလွှာတွေကို နားဆင်ကြရမှာပါ။ ဗွီအိုအေကို နားဆင် အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG