TV
စနေ မနက် ဗွီအိုအေ ရေဒီယို/ရုပ်သံ
သြဂုတ်လ (၂၈) ရက်၊ စနေနေ့ မနက် ၆း၀၀ နာရီ မှ ၇း၀၀ နာရီအထိ ရေဒီယို-ရုပ်သံ အစီအစဉ်မှာတော့ ထိပ်တန်းရောက် မြန်မာနဲ့နိုင်ငံတကာ သတင်းတွေအပြင် - ဒေါ်လာနဲ့ ငွေလွှဲ စနစ်ကို ကန့်သတ်မှုမရှိကြောင်း ဗဟိုဘဏ်ပြော၊ ရခိုင်က စစ်ရှောင်တွေပြန်ကူညီဖို့ WFP လုပ်ငန်းစတင် ၊ မုံရွာမှာ ကိုဗစ်ထိန်းချုပ်မှုအမိန့်တွေ ပြန်ရုပ်သိမ်းတော့မယ့် အကြောင်းတွေ နားဆင်ရပါမယ်။ သီတင်းပတ်စဉ် အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်နဲ့ သိပ္ပံနည်းပညာ စတာတွေကိုလည်း ထုတ်လွှင့်သွားမှာပါ။ burmese.voanews.com VOA ကို နားဆင်တဲ့အတွက် ကျေးဇူးပါ။
စနေနေ့ ဗွီအိုအေ တီဗွီမဂ္ဂဇင်း (သြဂုတ် ၂၈ ရက်၊ ၂၀၂၁)
စစ်ကောင်စီအကြမ်းဖက်မှုတွေကို အာရှရောက် ကန်ဒုသမ္မတ ရှုတ်ချ၊ ကိုဗစ်တားဆီးရေး တိုင်းရင်းဒေသတွေမှာ အကူအညီပိုလို၊ ဒီလို တပတ်အတွင်း သတင်း စုစည်းတင်ပြချက်၊ စစ်တပ်လူ့အခွင့်အရေး ချိုးဖောက်မှုများ ICC တရားစီရင်နိုင်ခြေ တွေ့ဆုံမေးမြန်းခန်း၊ ဒါတွေကို ၂၀၂၁ သြဂုတ် ၂၈ ရက် စနေ၊ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။