သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TV

၂၁:၀၀ - ၂၂:၀၀

VOA ညပိုင်းရေဒီယို ၉း၀၀-၁၀း၀၀ တိုက်ရိုက်ထုတ်လွှင့်မှု

ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။ ရန်ကုန်၊မန္တလေးနဲ့မြို့ကြီးတွေပေါ်က လျှပ်တပြက်ဆန္ဒပြပွဲများ၊ တရုတ်မြန်မာနယ်စပ် ရွှေလီမြို့မှာ ကိုဗစ်စစ်ဆေးမှုတွေကို အပြင်းအထန်လုပ်နေ၊ ထိုင်းနိုင်ငံဖူးခက်မှာ ခရီးသွားမြန်မာမိသားစုရဲ့ကလေးငယ်နှစ်ဦး ကိုဗစ်ပိုးတွေ့.. သတင်းတွေကို နားဆင်ရမှာပါ။ အပတ်စဉ်အစီအစဉ်တွေမှာတော့ ဥရောပကမြန်မာအရေးလှုပ်ရှားသူ မဝေနှင်းပွင့်သုန်နဲ့မေးမြန်းထားတဲ့ မြန်မာ့အရေးဆွေးနွေးခန်း၊ ဦးစည်သူအောင်မြင့်ရဲ့ သတင်းသုံးသပ်ချက်၊ မအေးသန္တာကျော်ရဲ့ မြန်မာပြည်မှ ပေးစားများနဲ့ သတင်းထဲကသုတအစီအစဉ်တွေကို ထုတ်လွှင့်ပေးဖို့ရှိပါတယ်။ VOA ကို နားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG