TV
ဗွီအိုအေမြန်မာနံနက်ခင်း (ဇန်နဝါရီ ၁၃၊ ၂၀၂၅)
ဗွီအိုအေမြန်မာနံနက်ခင်း (ဇန်နဝါရီ ၁၃၊ ၂၀၂၅) သမ္မတဘိုင်ဒန် တာဝန်အနားမယူခင် ဂါဇာစစ်ရပ်ဆဲရေးဖြစ်လာနိုင်ချေရှိ၊ လွှတ်တော်စီးနင်းမှု အကြမ်းဖက်ကျူးလွန်သူတွေကို လွတ်ငြိမ်းခွင့်မပေးဟု ကန်ရွေးကောက်ခံဒုသမ္မတပြောဆို၊ လေတိုက်နှုန်းမြင့်လာလို့ ကယ်လီဖိုနီးယားတောမီး ပိုဆိုးနိုင်ချေရှိ စတဲ့သတင်းတွေနဲ့ အပတ်စဉ်အစီအစဉ်တွေ ထုတ်လွှင့်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဇန်နဝါရီ ၁၃၊ ၂၀၂၅)
ယူကရိန်းဒရုန်းထိမှန်မီးလောင်ခဲ့တဲ့ Volga စက်မှုဇုံ ဒေသမှာ ၅ ရက်ကြာမီးငြိမ်းသတ်ခဲ့ရ၊ ကချင်ပြည်နယ် ဖားကန့် နေရာ ၂ နေရာမှာ စစ်ကောင်စီကလေကြောင်းက တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၀ ယောက်ကျော် သေဆုံး၊ မြန်မာနိုင်ငံအတွင်းက အွန်လိုင်း ငွေကြေးလိမ်လည်မှု လုပ်ငန်းတွေမှာ နိုင်ငံပေါင်း ၂၁ နိုင်ငံက လူပေါင်း ၆,၀၀၀ ကျော်လောက် အဓမ္မခိုင်းစေခံနေရ
ဗွီအိုအေ မြန်မာညချမ်း (ဇန်နဝါရီ ၁၃ ရက်၊ ၂၀၂၅)
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖားကန့်ဒေသခံ ၁၀ ဦး ထက်မနည်း သေဆုံး၊ ကယ်လီဖိုးနီးယား တောမီးကြောင့် သေဆုံးသူ ၂၄ ယောက် အထိတိုး စတာတွေအပြင် ရခိုင်ပြည်နယ် စစ်ရေးအလားအလာ မေးမြန်းခန်း၊ စီးပွားရေး၊ လူမှုရှုခင်း စတဲ့ သီတင်းပတ်စဉ် အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။