TV
ဗွီအိုအေမြန်မာနံနက်ခင်း(ဇန်နဝါရီ ၁၆၊ ၂၀၂၅)
ဗွီအိုအေမြန်မာနံနက်ခင်း(ဇန်နဝါရီ ၁၆၊ ၂၀၂၅) - အစ္စရေးနဲ့ဟာမတ် အပစ်ရပ်သဘောတူညီချက်ရရှိ၊ အိမ်ဖြူတော်မှာ သမ္မတ ဘိုင်ဒန် နှုတ်ဆက်မိန့်ခွန်းပြော၊ သမ္မတဘိုင်ဒန် သက်တမ်းမကုန်ခင် TPS သက်တမ်းတိုးပေးဖို့ စာပို့တောင်းဆို စတဲ့သတင်းတွေနဲ့ အပတ်စဉ်အစီအစဉ်တွေ ထုတ်လွှင့်ပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဇန်နဝါရီ ၁၆၊ ၂၀၂၅)
အမေရိကန်ပြည်ထောင်စုမှာ သမ္မတက ရာဇဝတ်မှုကျုးလွန်တဲ့အခါ ကင်းလွတ်ခွင့်ပြုထားတာကို အဆုံးသတ်သင့်တယ်လို့ သမ္မတ Joe Biden က ပြော၊ အစ္စရေးနဲ့ ဟာမတ်စ်ကြား ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်က တချို့အချက်တွေကို ဟာမတ်စ်ဘက် နောက်ကြောင်းပြန်လှည့်ချင်နေတယ်လို့ အစ္စရေးဝန်ကြီးချုပ်ကစွပ်စွဲ၊ MNDAA ကိုးကန့် အဖွဲ့ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တွေ ကြာသပတေးနေ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ တရုတ်နိုင်ငံက ကိုယ်စားလှယ်တွေလည်း ပါဝင်တဲ့အကြောင်း ဆွေးနွေးပွဲနဲ့ နီးစပ်သူတွေက VOA ကို အတည်ပြု။
ဗွီအိုအေ မြန်မာညချမ်း (ဇန်နဝါရီ ၁၆ ရက်၊ ၂၀၂၅)
ကိုးကန့်အဖွဲ့နဲ့ စစ်ကောင်စီ ကူမင်းမှာတွေ့၊ သမ္မတတာဝန်ယူထားသူအပေါ် ကင်းလွတ်ခွင့်ပြုတာ အဆုံးသတ်သင့်ကြောင်း သမ္မတဘိုင်ဒန်ပြော၊ မြန်မာရေတပ်အတွက် လက်နက်မရောင်းကြောင်း အီတလီကုမ္ပဏီ ငြင်းဆို စတာတွေနဲ့ အပတ်စဉ် မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးနဲ့ တိုင်းရင်းသတင်းလွှာတို့ တင်ဆက်ပေးထားပါတယ်။