TV
၀၆:၀၀ - ၀၆:၅၉
ဗွီအိုအေမြန်မာနံနက်ခင်း(ဇန်နဝါရီ ၁၅၊၂၀၂၅)
ဗွီအိုအေမြန်မာနံနက်ခင်း(ဇန်နဝါရီ ၁၅၊၂၀၂၅) စစ်လွန် ဂါဇာထူထောင်ရေးနဲ့အုပ်ချုပ်ရေး ကန်နိုင်ငံခြားရေးဝန်ကြီးအဆိုပြု၊ ကန်အစိုးရသစ် ကာကွယ်ရေးဝန်ကြီးအဆိုပြုခံရသူကို လွှတ်တော်ကြားနာ၊ ဒေါ်အောင်ဆန်းစုကြည်အကျဉ်ချခံရက် စုစုပေါင်း ၁၉နှစ်ရှိပြီ စတဲ့သတင်းတွေနဲ့ အပတ်စဉ်အစီအစဉ်တွေ ထုတ်လွှင့်ပေးပါမယ်။
၁၉:၀၀ - ၁၉:၃၀
နေ့စဉ် တီဗွီသတင်းလွှာ (ဇန်နဝါရီ ၁၅၊ ၂၀၂၅)
ရာထူးကဆိုင်းငံ့ခံထားရတဲ့ တောင်ကိုရီးယားသမ္မတ Yoon Suk Yeol ကို အာဏာပိုင်တွေက ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ဖမ်းဆီး၊အစ္စရေးနဲ့ ဟာမတ်စ်အကြား ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရနိုင်ဖို့ စေ့စပ် ညှိနှိုင်းရေးမှူးတွေ ကြိုးစားနေ၊အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ လောင်နေတဲ့ တောမီးဟာ ဗုဒ္ဓဟူးနေ့မှာ လေပြင်း နဲ့ ခြောက်သွေ့တဲ့ အခြေအနေကြောင့် ထပ်ပျံ့ဖို့ ရှိတဲ့အကြောင်း တာဝန်ရှိသူတွေက သတိပေး။