TV
ဗွီအိုအေ မြန်မာနံနက်ခင်း (ဇန်နဝါရီ ၂၊ ၂၀၂၅)
ရိုဟင်ဂျာအရေး အထူးညီလာခံ ကျင်းပဖို့ ကုလ သံအမတ်ကြီး ၂ ဦး ခန့်အပ်၊ မြန်မာနဲ့ ကမ္ဘာတဝန်း စစ်ပွဲတွေရပ်ဖို့ ပုပ်ရဟန်းမင်းကြီး နှစ်သစ် ဆုတောင်း၊ နှစ်သစ်ကူးနေ့ ရုရှားတိုက်ခိုက်မှု Kyiv မြို့တော်မှာ ၂ ဦးသေဆုံး စတဲ့ နောက်ဆုံးရသတင်းတွေအပြင် ၂၀၂၄ မြန်မာနိုင်ငံ ပုံရိပ် နှစ်ချုပ်အထူးအစီအစဥ်နဲ့ အပတ်စဥ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (ဇန်နဝါရီ ၀၂၊ ၂၀၂၅)
အမေရိကန်ပြည်ထောင်စု New Orleans မြို့မှာ၂၀၂၅ နှစ်သစ်ကူးနေ့ လူအုပ်ထဲ ကားမောင်း ဝင်တိုက်ခဲ့သူဟာ အစ္စလာမ္မစ်စစ်သွေးကြွ IS အကြမ်းဖက်အဖွဲ့ကိုအားကျပြီး လုပ်တာဖြစ်ကြောင်း အမေရိကန်သမ္မတပြော၊ ၂၀၂၄ ခုနှစ် မြန်မာနိုင်ငံမှာ လူဦးရေ ၅၁.၃ သန်းရှိကြောင်း စစ်ကောင်စီကထုတ်ပြန်၊ အရေးပေါ်အကူအညီ ရံပုံငွေ အကြီးအကျယ် လျော့နည်းခဲ့တာကြောင့် ၂၀၂၄ ခုနှစ်အတွင်း သန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေ လိုအပ်တဲ့ အကူအညီ မရခဲ့တဲ့အကြောင်း UNOCHA က သတင်းထုတ်ပြန်။
ဗွီအိုအေ မြန်မာညချမ်း၊ ဇန်နဝါရီ ၂ ၊ ၂၀၂၅
New Orleans မှာတိုက်ခိုက်သူ IS စစ်သွေးကြွအဖွဲ့ကိုအားကျ၊ Las Vegas ကားပေါက်ကွဲမှုနဲ့ New Orleans တိုက်ခိုက်မှု ဆက်စပ်မှုရှိ မရှိစုံစမ်းနေ၊ ကရင်နီနယ်တွေအပေါ် နှစ်သစ်ကူးချိန် စစ်တပ်ဗုံးကြဲ၊ Jeju Air လေကြောင်းလိုင်းရုံး ရဲတွေ ဝင်စီးရှာဖွေ စတဲ့သတင်းတွေနဲ့ နှစ်ချုပ်အထူး အစီအစဉ်တွေ တင်ဆက်ထားပါတယ်။