TV
၁၉:၀၀ - ၁၉:၃၀
နေ့စဉ် တီဗွီသတင်းလွှာ (ဇန်နဝါရီ ၈၊ ၂၀၂၅)
အမေရိကန် သမ္မတဟောင်း Jimmy Carter ရဲ့ ရုပ်အလောင်းကို မြို့တော်ဝါရှင်တန် ဒီစီ လွှတ်တော်ခန်းမကြီးထဲ ၂ ရက်ကြာထားရှိဂုဏ်ပြု၊ ပနားမား တူးမြောင်း နဲ့ Greenland ဒေသကို ထိန်းချုပ်ဖို့ စစ်အင်အား အသုံးမပြုဘူးလို့လည်း အာမမခံ နိုင်တဲ့အကြောင်း အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump ပြော၊ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ၂၄ နာရီအတွင်း ဂါဇာကမ်းမြောင်မှာ အနည်းဆုံး လူ ၅၁ ဦး သေဆုံး
၂၂:၃၀ - ၂၃:၃၀
အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာရဲ့ စွမ်းဆောင်ချက် အမှတ်တရ အထူးအစီအစဉ်
ကွယ်လွန်သူ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာရဲ့ ကမ္ဘာနဲ့ မြန်မာ့အရေး စွမ်းဆောင်ချက် အမှတ်တရ အထူးအစီအစဉ် တိုက်ရိုက်တင်ဆက်မှုဖြစ်ပါတယ်။ ဇန်နဝါရီ ၈ ရက် ဗုဒ္ဓဟူးနေ့ မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲကနေ ၁၁ခွဲထိ တင်ဆက်ပေးသွားမှာ ဖြစ်ပြီး ဆွေးနွေးပွဲစကားဝိုင်းတွေ၊ တိုက်ရိုက်ထုတ်လွှင့်ချက်တွေကို ရှုစားရမှာပါ။