ဒီဇင်ဘာ ၂၆၊ ၂၀၂၄ - ကမ္ဘာမှာ ဘယ်လို ကျန်းမာရေး သံန္နိဌာန်တွေ ချလေ့ရှိပြီး၊ မြန်မာအတွက်ရော ဘာတွေဖြစ်သင့်ပါလဲ။
ဆူနာမီငလျင်လှိုင်းတွေကြောင့် လူတွေ သိန်းချီသေဆုံးခဲ့တဲ့ အနှစ် ၂၀ ပြည့် အောက်မေ့ဖွယ်အခမ်းအနား ဒီနေ့ ထိုင်းနိုင်ငံ ဖန်ငခရိုင် ခေါင်လတ်ကမ်းခြေမှာ မိသားစုဆုံးရှုံးခဲ့တဲ့ ထိုင်းနဲ့ နိုင်ငံခြားသားတွေ ကယ်ဆယ်ရေးလုပ်ကိုင်ခဲ့သူတွေ စုပေါင်းကျင်းပပါတယ်။ ကိုသိန်းထိုက်ဦး ခေါင်လတ်ကမ်းခြေကနေ သတင်းပေးပို့ထားပါတယ်။
MNDAA ၊ TNLA ၊ AA အဖွဲ့များက လူငယ်လူရွယ်များကို မူးယစ်ဆေးဝါးဖြင့် သိမ်းသွင်းမြှူဆွယ်ပြီး စစ်ပွဲထဲ အတင်းအဓမ္မရောက်ရှိစေခဲ့တယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီဇင်ဘာလ (၁၅) ရက်နေ့က ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောပါတယ်။
၂၀၂၄ ခုနှစ်အတွင်း တိရစ္ဆာန်လေးတွေနဲ့ ပတ်သက်ပြီး စိတ်ကြည်နူးစရာလည်းကောင်း အမှတ်ရစရာလည်း ကောင်းတဲ့ အဖြစ်အပျက်လေးတွေနဲ့အတူ ၂၀၂၄ ရဲ့ အမှတ်ရစရာအခိုက်အတံ့တွေကို နှစ်ကုန်အထူးအဖြစ် မအေးသန္တာကျော် တင်ဆက်ပေးထားပါတယ်။
ဘရာဇီးနိုင်ငံမှာ ပြည်နယ်နှစ်ခုကိုချိတ်ဆက်ထားတဲ့ တံတားတစင်း ဒီဇင်ဘာ ၂၂ ရက်နေ့က ပြိုကျခဲ့တဲ့အတွက် လူ (၄)ဦးသေဆုံးပြီး ၁၄ ယောက် ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ဒါ့အပြင် ကုန်တင်ကားပေါ်မှာပါလာတဲ့ ဆာဖျူရစ်အက်ဆစ်တွေလည်း Tocantins မြစ်ထဲဖိတ်စင်ကုန်တဲ့အတွက် ကယ်ဆယ်ရေးအတွက်နှောင့်နှေးစရာဖြစ်နေပါတယ်။
ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် - မြေရှားသတ္တု အများဆုံးထုတ်လုပ်သူဟာ တရုတ်ပြည် ဖြစ်တယ်လို့−ဆိုပေမဲ့ ၊ မြန်မာပြည်က ကုန်ကြမ်းမရရင် တရုတ်ဟာ အခုလို ထုတ်လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် တရုတ် လိုချင်တာကို မပေးဖို့ နွေဦးတော်လှန်ရေးက ကြိုးပမ်းရမှာဖြစ်ကြောင်း ဦးအောင်ခင်က သုံးသပ်တင်ပြထားပါတယ်။
စစ်ကောင်စီအနေနဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိရေးအတွက် ရှေ့လုပ်ငန်းစဉ်တွေချပြီး ကြိုးစားနေတယ်လို့ ယုံကြည်တယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ခရစ်တော်မွေးနေ့ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်မိတ်သဟာယညစာစားပွဲအခမ်းအနားတက်ရောက်စဉ်မှာပြော ပါတယ်။
ဒီကနေ့ဟာ အိန္ဒိယသမုဒ္ဒရာတွင်းဆူနာမီရေလှိုင်း ကျရောက်ခဲ့တဲ့ နှစ် ၂၀ မြောက် နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ ဆူနာမီကြောင့် နိုင်ငံပေါင်း (၁၄ )နိုင်ငံမှ လူပေါင်း ၂ သိန်းကျော် သေဆုံးခဲ့ရပါတယ်။ ထိုင်းတောင်ပိုင်းက မြန်မာရွှေ့ပြောင်းလုပ်သားတွေကိုတော့ “ ဒီအဖြစ်ဆိုးမှာ မေ့ပျောက်ခံရသူများ” လို ခေါ်ဝေါ်ခဲ့ကြပါတယ်။
ကုန်ဆုံးတော့မယ့် ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံရေး တည်ငြိမ်မှုကင်းမဲ့တာနဲ့အတူ အခြေခံလုံခြုံရေး စီးပွါးရေးနဲ့ စာနာမှုအခြေအနေတွေလည်း ဆက်တိုက်ကျဆင်းနေခဲ့ပါတယ်။ ပြိုလဲလုဖြစ်လာတဲ့ စစ်ကောင်စီကို တရုတ်နိုင်ငံက စစ်ရေး၊ နိုင်ငံရေးအပါအဝင် နည်းမျိုးစုံနဲ့ ကျားကန်ပေးဖို့ လုပ်လာပေမဲ့ ထိရောက်မှု ရှိပါ့မလား။
၂၀၀၄ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ အာချဲကျွန်းအနီး ဗဟိုပြုခဲ့တဲ့ အင်အား ၉ ဒသမ ၂ လောက် ရှိတဲ့ ဆူနာမီ ငလျင်ကြောင့် လူတွေထောင်ချီသေဆုံးခဲတဲ့ ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေမှာ နှစ်၂၀ ပြည့် အောက်မေ့ဘွယ် အခမ်းအနား ကျင်းပဖို့ ပြင်တင်နေတဲ့အကြောင်း ကိုသိန်းထိုက်ဦး သတင်းပေးပို့ထားပါတယ်။
၂၀၂၄ ခုနှစ်ဟာ လူငယ်တွေအတွက် အောင်မြင်မှုတွေရတဲ့ နှစ်ဖြစ်တယ်လို့ တအာန်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA ရဲ့ ပြောခွင့်ရ လွေးယေဦးက ပြောပါတယ်။ စစ်ပွဲတွေကြား အခက်အခဲတွေ ကြုံနေရပေမဲ့ လူငယ်တွေကတော့ နှစ်သစ်ကို အကောင်းဆုံး ပုံဖော်ဖို့ မျှော်မှန်းနေကြတဲ့အကြောင်း GenZ အထူးအစီအစဉ်မှာ မခင်လေး တင်ပြထားပါတယ်။
၂၀၂၄ ခုနှစ် မကြာခင်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတကာမှာ ကျင်းပခဲ့တဲ့ ပဲရစ်အိုလံပစ်ပြိုင်ပွဲ ၊ ယူရို ၂၀၂၄ ဥရောပဖလား ပြိုင်ပွဲအပါအဝင် ကမ္ဘာတဝန်းက စိတ်ဝင်စားစရာ အားကစားသတင်းတွေကို ကိုရန်နိုင်က ပြန်လည်စုစည်းတင်ဆက်ပေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။