ညစ်ပတ်နေတဲ့ခြေအိတ်တွေကို အဝတ်လျှော်ခြင်းထဲ ကောက်မထည့်ထားဘူးလား။ AI ဖုန်စုပ်စက်လေးက လုပ်ပေးနိုင်ပါတယ်။ ကမ္ဘာ့ပထမဆုံး AI စက်ရုပ်လက်တံပါ ဖုန်စုပ်စက်ဖြစ်ပြီး Roborock Saros Z70 ဖုတ်စုပ်စက်လေးက ခြေအိတ်၊ ဖိနပ်၊ မျက်နှာသုတ်ပဝါလို အလေးချိန် ဂရမ် ၃၀၀ အောက် ပစ္စည်းသေးတွေကို နေရာတကျ သိမ်းပေးနိုင်ပါတယ်။
၁၄ လကြာ ဂါဇာစစ်ပွဲရဲ့ ခနော်ခနဲ့ အပစ်ရပ်ရေး သဘောတူညီချက်ပါ အဆင့် ၃ ဆင့်လုံး ချောမွေ့အောင်မြင်နိုင်ခြေ ရှိပါသလား။ ထာဝရငြိမ်းချမ်းရေး ရရှိနိုင်မဲ့ အလားအလာကော ဘယ်လို ရှိပါသလဲ။ အခုတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးကျော်ဇံသာ ကို မမြသဇင်အောင်က မေးမြန်းဆွေးဆွေးနွေးထားပါတယ်။
၂၀၂၅ ခုနှစ် CES နည်းပညာပြပွဲမှာ လူအများကို အံ့အားသင့်စေတဲ့ စက်ပစ္စည်းတွေ ပြသထားတာမှာ ဉာဏ်ရည်တု နည်းပညာနဲ့ နှုတ်ခမ်းနီဆိုးပေးတဲ့ စက်လည်းပါဝင်တာပါ။ အလှပြင်ပစ္စည်းဝယ်ယူရင် နှုတ်ခမ်းနီကို ဝယ်ဖို့ အရင်ဆုံး စစဉ်းစားတတ်ကြတာကြောင့် နှုတ်ခမ်းနီဆိုးတဲ့စက် တီထွင်တာပါလို့ ထုတ်လုပ်သူက ပြောပါတယ်။
အီရန်နိုင်ငံက သူတို့ရဲ့အကြီးဆုံး ဒရုန်းကို စမ်းသပ်ပျံသန်းခဲ့ပါတယ်။ လူတွေရဲ့ နေ့စဉ်ဘဝကို အထောက်အကူပြုပြီး အလုပ်တွေကူလုပ်ပေးတဲ့ စက်ရုပ်တွေကို ၂၀၂၅ ခုနှစ် နည်းပညာပြပွဲမှာ တွေ့ရတာပါ။ ဒီလို ဆိုရှယ်မီဒီယာပေါ်မှာ လူကြည့်များတဲ့ တမိနစ် သတင်းတိုလေးတွေကို မအေးသန္တာကျော် စုစည်းတင်ဆက်ထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဇန်နဝါရီ ၂၀ ရက်နေ့က စတင်တဲ့ သမ္မတဒေါ်နယ်ထရမ့်ရဲ့ ဒုတိယသက်တမ်းအတွင်း အရင်တခေါက် ပထမသက်တမ်းတုန်းကလိုပဲ စီးပွားရေး ကောင်းမွန်လာဖို့ မဲဆန္ဒရှင်တွေ မျှော်လင့်နေကြတဲ့အကြောင်း VOA ပုံပြရုပ်သံမှာ မအိသန့်စင် ပြောပြထားပါတယ်။
သမ္မတ ထရမ်ရဲ့ အမေရိကန်အစိုးရကပေးနေတဲ့အကူအညီအစီအစဥ်အားလုံး ရက်ပေါင်း(၉၀)ကြာယာယီရပ်ဆိုင်းဖို့အထူးအမိန့်ဟာစတင်သက်ရောက်ပြီဖြစ်တဲ့အတွက်နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီလုပ်ငန်းတွေလည်းယာယီရပ်ဆိုင်းခဲ့ရပါတယ်။ဒါဟာမြန်မာ့အရေးအကူအညီတွေမှာဘယ်လို သက်ရောက်မှုတွေရှိလာမလဲဆိုတာကိုမအင်ကြင်းနိုင်ဆက်သွယ်မေးမြန်းထားပါတယ်။
ဂျာမနီနိုင်ငံ အနောက်တောင်ဖက် တောတောင်ထူထပ်တဲ့ Black Forest မှာ Cuckkoo Clock တိုင်ကပ်နာရီတွေကို လွန်ခဲ့တဲ့ အနှစ် ၃၀၀ လောက်ကတည်းကထုတ်လာတာပါ။ နိုင်ငံတကာတကူးတက လာဝယ်နေကြသူတွေ မနည်းလှတဲ့ ကမ္ဘာကျော်တဲ့နာရီတွေ ဘယ်လိုလုပ်သလဲဆိုတာ မစုမြတ်မွန်နဲ့အတူ ကမ္ဘာတလွှားခရီးသွား အစီအစဉ်ကနေ သွားလေ့လာရအောင်ပါ။
အရှေ့အလယ်ပိုင်းဒေသမှာ စစ်ဖြစ်နေတဲ့ ဂါဇာဒေသကို ဂုဏ်ပြုတဲ့အနေနဲ့ ဂါဇာနာမည်မှည့်ထားတဲ့ ဒရုန်းကြီးကို အီရန်က စမ်းသပ်ခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဟာ အီရန်အစိုးရ ထောက်ခံတဲ့ ဟားမားစ်အဖွဲ့နဲ့ အစ္စရေးတို့ကြား တိုက်ပွဲတွေကြောင့် တနှစ်ကျော်အကြာမှာ တော်တော်ပျက်စီးယိုယွင်းသွားခဲ့ပြီ ဖြစ်ပါတယ်။
အမေရိကန်ပထမလို့ ကြွေးကြော်ထားတဲ့ သမ္မတထရမ့် ဘာတွေလုပ်မလဲဆိုတာကို အမေရိကန်ရဲ့ မဟာမိတ်တွေအပါအဝင် တကမ္ဘာလုံးက ရင်တမမနဲ့ စောင့်ကြည့်နေကြရပါတယ်။ အမေရိကန်ရဲ့ မြန်မာဆိုင်ရာ မူဝါဒတွေရော အပြောင်းအလဲတွေ ဖြစ်နိုင်ပါသလား ကမ္ဘာ့၊ မြန်မာ့ မီဒီယာမြင်ကွင်းကဏ္ဍမှာ ဆောင်းပါးရှင် ပြည်သွေးနိုင်က ဆွေးနွေးတင်ပြထားပါတယ်။
သမ္မတ Trump စတင်တာ၀န်ထမ်းဆောင်ချိန်မှာ ထုတ်ပြန်ခဲ့တဲ့ အထူး အမိန့်အာဏာ လူ၀င်မှုကြီးကြပ်ရေးဟာ အမေရိကန်ပြည်ထောင်စုမှာ ရွှေ့ပြောင်းအခြေချနေထိုင်ကြတဲ့ မြန်မာတွေအပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေရှိနေလဲ။ နယူးယောက်အခြေစိုက် Burma Point အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ကိုမိုးချမ်းကို ဆက်သွယ်မေးမြန်းထားပါတယ်။
Netflixက လူကြိုက်အများဆုံး Squid Gameရုပ်သံစီးရီးစ်စက်ရုပ်မလေးက ကြော်ငြာတွေနဲ့ အွန်လိုင်းပေါ်မှာ ရေပန်းစားနေပါတယ်။ မတ်လမှာကျင်းပမဲ့ အော်စကာဆုပေးပွဲ စကာတင်စာရင်းတွေ စတဲ့ နိုင်ငံတကာမှာ ထင်ပေါ်ကျော်ကြားသူတွေနဲ့ အနုပညာလောကက သတင်းအတိုအထွာတွေကို သက်တံရောင်သတင်းလွှာမှာ အလိမ္မာ တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။