သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီအၾကမ္းဖက္မႈမ်ား အြန္လိုင္းကိုအသုံးခ်ဟု ကုလအရာရွိေတြသတိေပး


လူမႈကြန္ရက္စာမ်က္ႏွာေတြျဖစ္တဲ့ Facebook, Twitter နဲ႔ Instagram.

{{Zawgyi/Unicode}}

ျမန္မာစစ္အစိုးရဟာ ဒီမိုကေရစီအတိုက္အခံေတြကို ေခ်မႈန္းဖို႔ အြန္လိုင္းက အၾကမ္းဖက္လႈပ္ရွားမႈေတြကို ႀကိဳးကိုင္ေဆာင္႐ြက္ေနၿပီး လူမႈကြန္ရက္ ဆိုရွယ္မီဒီယာေတြကို လက္နက္သဖြယ္သုံးၿပီးတိုက္ခိုက္ေနတယ္လို႔ ကုလသမဂၢက မတ္လ ၁၃ ရက္ေန႔က ေျပာလိုက္ပါတယ္။

“အြန္လိုင္းက ေျပာဆိုလုပ္ေဆာင္ခ်က္ေတြက ေျမျပင္က လက္ေတြ႕အၾကမ္းဖက္မႈေတြကို ဦးတည္ေစၿပီး စစ္တပ္ေထာက္ခံသူေတြဟာ ဆိုရွယ္မီဒီယာကို အသုံးျပဳၿပီး ဒီမိုကေရစီေရး တက္ႂကြလႈပ္ရွားသူေတြနဲ႔ လူ႔အခြင့္အေရးကာကြယ္သူေတြကို အၾကမ္းဖက္ဖို႔ ေသြးထိုးလႈံ႕ေဆာ္ေနတယ္လို႔ ကုလက ကြၽမ္းက်င္သူေတြက ဆိုပါတယ္။ “အမ်ိဳးသမီးေတြဟာ ပစ္မွတ္ထားတိုက္ခိုက္ခံေနရၿပီး ဆိုးဆိုး႐ြား႐ြား ျပင္းျပင္းထန္ထန္ ထိခိုက္ေနတယ္” လို႔ ေျပာပါတယ္။

ႏိုင္ငံေရးအက်ဥ္းသားေတြကို ေထာင္သြင္းအက်ဥ္းခ်ထားသလို ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြကို ေသနတ္နဲ႔ပစ္သတ္ၿပီး အာဏာကိုဆက္ခ်ဳပ္ကိုင္ထားဖို႔ႀကိဳးစားေပမယ့္ မေအာင္ျမင္ခဲ့တဲ့စစ္အစိုးရဟာ အြန္လိုင္း ဆိုရွယ္မီဒီယာေပၚမွာ သေဘာထားကြဲလြဲသူေတြကို အျပင္းအထန္ဖိႏွိပ္ေနတယ္လို႔ ကြၽမ္းက်င္သူေတြက ေထာက္ျပတာပါ။ အြန္လိုင္းမ်က္ႏွာစာကတဆင့္ စစ္အုပ္ခ်ဳပ္ေရးကို ဆန႔္က်င္ဖို႔ စည္း႐ုံးႏိုင္စြမ္းတဲ့အမ်ိဳးသမီးေတြရဲ႕အင္အားပါဝါကို စစ္အစိုးရက ေၾကာက္႐ြံ႕ေနတယ္လို႔ ဆိုပါတယ္။

အျပန္အလွန္ ဆက္သြယ္ႏိုင္တဲ့ ဆိုရွယ္မီဒီယာကြန္ရက္ေတြ အထူးသျဖင့္ Telegram ပလက္ေဖာင္းက စစ္တပ္ေထာက္ခံတဲ့လႈပ္ရွားမႈေတြရဲ႕ အဓိကေနရာျဖစ္လာေၾကာင္းလည္း ကုလသမဂၢကြၽမ္းက်င္သူေတြက သတိေပးထားပါတယ္။

အမ်ိဳးသမီးေတြဟာ doxxing လို႔ ေခၚတဲ့ သူတို႔ သေဘာဆႏၵမပါဘဲ နာမည္၊ လိပ္စာအပါအဝင္ ကိုယ္ေရးကိုယ္တာအခ်က္အလက္ေတြကို အြန္လိုင္းမွာ ပစ္မွတ္ထား ျဖန႔္ခ်ိခံေနရတယ္လို႔ ဆိုပါတယ္။ မၾကာခဏဆိုသလို အၾကမ္းဖက္ဖို႔ လႈံ႕ေဆာ္ခံရသလို ေနာက္ဆက္တြဲအျဖစ္ စစ္အစိုးရတပ္ဖြဲ႕ေတြရဲ႕ ဖမ္းဆီးတာ ခံရတယ္လို႔ လည္း ေျပာပါတယ္။

Telegram က သူ႔ ပလက္ေဖာင္းေပၚ မွာ အဲဒီလို ျဖစ္ေနတဲ့ တိုင္ၾကားမႈေတြ လက္ခံရရွိၿပီးေနာက္ စစ္တပ္ေထာက္ခံတဲ့ အေကာင့္ ၁၃ ခု ထက္မနည္းကို ဖယ္ရွားခဲ့ေပမယ့္ အဲဒီထဲက အဆိုး႐ြားဆုံး အၾကမ္းဖက္ဖို႔ လႈံ႕ေဆာ္ေနတဲ့ ခ်ယ္နယ္လ္တခုက အေကာင့္သစ္တခုနဲ႔ ျပန္ၿပီး အသက္ဝင္လႈပ္ရွားေနဆဲလို႔ ဆိုပါတယ္။

Telegram အပါအဝင္ လူသုံးမ်ားတဲ့ လူမႈကြန္ရက္ေတြ၊ နည္းပညာကုမၸဏီေတြအေနနဲ႔ သုံးစြဲသူေတြရဲ႕ လူ႔အခြင့္အေရးကို အကာအကြယ္ေပးႏိုင္ေရးအတြက္ လုံေလာက္တဲ့ အရင္းအျမစ္ပံ့ပိုးမႈေတြ အသုံးျပဳဖို႔ ကုလသမဂၢက တိုက္တြန္းထားၿပီး ျမန္မာနဲ႔ အျခား မ်ိဳးႏြယ္စု၊ ဘာသာစကားေတြနဲ႔ ေဖာ္ျပတဲ့အေၾကာင္း အရာေတြကို ေစာင့္ၾကည့္ဖို႔နဲ႔ ျပည္တြင္းအဖြဲ႕အစည္းေတြနဲ႔ အနီးကပ္ လက္တြဲ ညႇိႏႈိင္းေဆာင္႐ြက္ဖို႔လည္း တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================

{{Unicode}}

စစ်ကောင်စီအကြမ်းဖက်မှုများ အွန်လိုင်းကိုအသုံးချဟု ကုလအရာရှိတွေသတိပေး

မြန်မာစစ်အစိုးရဟာ ဒီမိုကရေစီအတိုက်အခံတွေကို ချေမှုန်းဖို့ အွန်လိုင်းက အကြမ်းဖက်လှုပ်ရှားမှုတွေကို ကြိုးကိုင်ဆောင်ရွက်နေပြီး လူမှုကွန်ရက် ဆိုရှယ်မီဒီယာတွေကို လက်နက်သဖွယ်သုံးပြီးတိုက်ခိုက်နေတယ်လို့ ကုလသမဂ္ဂက မတ်လ ၁၃ ရက်နေ့က ပြောလိုက်ပါတယ်။

“အွန်လိုင်းက ပြောဆိုလုပ်ဆောင်ချက်တွေက မြေပြင်က လက်တွေ့အကြမ်းဖက်မှုတွေကို ဦးတည်စေပြီး စစ်တပ်ထောက်ခံသူတွေဟာ ဆိုရှယ်မီဒီယာကို အသုံးပြုပြီး ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေးကာကွယ်သူတွေကို အကြမ်းဖက်ဖို့ သွေးထိုးလှုံ့ဆော်နေတယ်လို့ ကုလက ကျွမ်းကျင်သူတွေက ဆိုပါတယ်။ “အမျိုးသမီးတွေဟာ ပစ်မှတ်ထားတိုက်ခိုက်ခံနေရပြီး ဆိုးဆိုးရွားရွား ပြင်းပြင်းထန်ထန် ထိခိုက်နေတယ်” လို့ ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို ထောင်သွင်းအကျဉ်းချထားသလို ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို သေနတ်နဲ့ပစ်သတ်ပြီး အာဏာကိုဆက်ချုပ်ကိုင်ထားဖို့ကြိုးစားပေမယ့် မအောင်မြင်ခဲ့တဲ့စစ်အစိုးရဟာ အွန်လိုင်း ဆိုရှယ်မီဒီယာပေါ်မှာ သဘောထားကွဲလွဲသူတွေကို အပြင်းအထန်ဖိနှိပ်နေတယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြတာပါ။ အွန်လိုင်းမျက်နှာစာကတဆင့် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ဖို့ စည်းရုံးနိုင်စွမ်းတဲ့အမျိုးသမီးတွေရဲ့အင်အားပါဝါကို စစ်အစိုးရက ကြောက်ရွံ့နေတယ်လို့ ဆိုပါတယ်။

အပြန်အလှန် ဆက်သွယ်နိုင်တဲ့ ဆိုရှယ်မီဒီယာကွန်ရက်တွေ အထူးသဖြင့် Telegram ပလက်ဖောင်းက စစ်တပ်ထောက်ခံတဲ့လှုပ်ရှားမှုတွေရဲ့ အဓိကနေရာဖြစ်လာကြောင်းလည်း ကုလသမဂ္ဂကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

အမျိုးသမီးတွေဟာ doxxing လို့ ခေါ်တဲ့ သူတို့ သဘောဆန္ဒမပါဘဲ နာမည်၊ လိပ်စာအပါအဝင် ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို အွန်လိုင်းမှာ ပစ်မှတ်ထား ဖြန့်ချိခံနေရတယ်လို့ ဆိုပါတယ်။ မကြာခဏဆိုသလို အကြမ်းဖက်ဖို့ လှုံ့ဆော်ခံရသလို နောက်ဆက်တွဲအဖြစ် စစ်အစိုးရတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးတာ ခံရတယ်လို့ လည်း ပြောပါတယ်။

Telegram က သူ့ ပလက်ဖောင်းပေါ် မှာ အဲဒီလို ဖြစ်နေတဲ့ တိုင်ကြားမှုတွေ လက်ခံရရှိပြီးနောက် စစ်တပ်ထောက်ခံတဲ့ အကောင့် ၁၃ ခု ထက်မနည်းကို ဖယ်ရှားခဲ့ပေမယ့် အဲဒီထဲက အဆိုးရွားဆုံး အကြမ်းဖက်ဖို့ လှုံ့ဆော်နေတဲ့ ချယ်နယ်လ်တခုက အကောင့်သစ်တခုနဲ့ ပြန်ပြီး အသက်ဝင်လှုပ်ရှားနေဆဲလို့ ဆိုပါတယ်။

Telegram အပါအဝင် လူသုံးများတဲ့ လူမှုကွန်ရက်တွေ၊ နည်းပညာကုမ္ပဏီတွေအနေနဲ့ သုံးစွဲသူတွေရဲ့ လူ့အခွင့်အရေးကို အကာအကွယ်ပေးနိုင်ရေးအတွက် လုံလောက်တဲ့ အရင်းအမြစ်ပံ့ပိုးမှုတွေ အသုံးပြုဖို့ ကုလသမဂ္ဂက တိုက်တွန်းထားပြီး မြန်မာနဲ့ အခြား မျိုးနွယ်စု၊ ဘာသာစကားတွေနဲ့ ဖော်ပြတဲ့အကြောင်း အရာတွေကို စောင့်ကြည့်ဖို့နဲ့ ပြည်တွင်းအဖွဲ့အစည်းတွေနဲ့ အနီးကပ် လက်တွဲ ညှိနှိုင်းဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

XS
SM
MD
LG