သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားတိုက္ေလယာဥ္ေၾကာင့္ အေမရိကန္ေထာက္လွမ္းေရးဒ႐ုန္းယာဥ္ပ်က္က်


Pentagon Ryder

{{Zawgyi/Unicode}}

ပင္လယ္နက္ေပၚက ႏိုင္ငံတကာပိုင္ေလပိုင္နက္ထဲမွာ ႐ုရွားတိုက္ေလယာဥ္နဲ႔ တိုက္မိခဲ့တဲ့အတြက္ အေမရိကန္ရဲ႕ေထာက္လွမ္းေရးဒ႐ုန္းယာဥ္ အဂၤါေန႔က ပ်က္က်ခဲ့ရတဲ့အေပၚ အေမရိကန္က ျပင္းထန္စြာတုံ႔ျပန္ေျပာဆိုလိုက္ပါတယ္။

“အျဖစ္အပ်က္အတိအက်ကို က်ေနာ္တို႔ ဆက္ၿပီးေလ့လာသုံးသပ္ေနပါတယ္။ ဒါေပမယ့္ ႐ုရွားေလယာဥ္မႉးရဲ႕အျပဳအမူအရ ဒါဟာ အႏၲရာယ္မကင္းသလို ပညာရွင္လည္းမဆန္ဘူးဆိုတာထင္ရွားပါတယ္။ သူ႔လုပ္ရပ္ကိုၾကည့္ရင္ သိႏိုင္ပါတယ္။” လို႔ အေမရိကန္ေလတပ္ေျပာခြင့္ရ ဗိုလ္မႉးခ်ဳပ္ Pat Ryder က မတ္လ ၁၄ ရက္ သတင္းစာရွင္းလင္းပြဲမွာေျပာဆိုသြားတာပါ။

ဒီျဖစ္ရပ္ေၾကာင့္ အေမရိကန္ရဲ႕လူမပါတဲ့ MQ-9 ဒ႐ုန္းယာဥ္ ပင္လက္နက္ထဲ ပ်က္က်သြားၿပီး ခုထိျပန္မဆယ္ႏိုင္ေသးဘူးလို႔လည္း အေမရိကန္စစ္ဖက္အရာရွိတဦး ကေျပာပါတယ္။ ဒီကိစၥနဲ႔ပတ္သက္လို႔ အေမရိကန္ဆိုင္ရာ႐ုရွားသံအမတ္ကို ခ်က္ခ်င္း ဆင့္ေခၚထားတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဌာနေျပာခြင့္ရ Ned Price ကေျပာပါတယ္။ အႏၲရာယ္မကင္းတဲ့ ဒီျဖစ္ရပ္ကို ျပင္းထန္စြာကန႔္ကြက္ဖို႔ ႐ုရွားအဆင့္ျမင့္အရာရွိေတြနဲ႔ အေမရိကန္တာဝန္ရွိသူေတြ တိုက္႐ိုက္ဆက္သြယ္ေဆာင္႐ြက္ေနတယ္လို႔လည္း Ned Price က ေျပာပါတယ္။

႐ုရွားဆိုင္ရာအေမရိကန္သံအမတ္ Lynne Tracy ကလည္း အေမရိကန္အစိုးရရဲ႕ ျပင္းထန္စြာကန႔္ကြက္တဲ့ သတင္းစကားေတြ ႐ုရွားႏိုင္ငံျခားေရး႐ုံးကို ေပးပို႔ခဲ့တယ္လို႔လည္း ေျပာခြင့္ရသူ Ned Price ကေျပာပါတယ္။ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ကိုလည္း ဒီျဖစ္ရပ္အေၾကာင္း ရွင္းလင္းတင္ျပထားတယ္လို႔ အိမ္ျဖဴေတာ္ေျပာခြင့္ရသူ John Kirby ကေျပာပါတယ္။

႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနကေတာ့ ပင္လယ္နက္ထဲမွာ အေမရိကန္ဒ႐ုန္းယာဥ္ကို ခက္ခက္ခဲခဲေရွာင္တိမ္းခဲ့ရတယ္လို႔ အဂၤါေန႔မွာေျပာပါတယ္။ ဒါေပမယ့္လည္း သူတို႔တိုက္ေလယာဥ္နဲ႔ ဒ႐ုန္းယာဥ္တိုက္မိခဲ့တယ္ဆိုတဲ့ အေမရိကန္ရဲ႕ စြပ္စြဲခ်က္ကိုေတာ့ ႐ုရွားတို႔က ျငင္းဆန္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

e==============

{{Unicode}}

ရုရှားတိုက်လေယာဉ်ကြောင့် အမေရိကန်ထောက်လှမ်းရေးဒရုန်းယာဉ်ပျက်ကျ

ပင်လယ်နက်ပေါ်က နိုင်ငံတကာပိုင်လေပိုင်နက်ထဲမှာ ရုရှားတိုက်လေယာဉ်နဲ့ တိုက်မိခဲ့တဲ့အတွက် အမေရိကန်ရဲ့ထောက်လှမ်းရေးဒရုန်းယာဉ် အင်္ဂါနေ့က ပျက်ကျခဲ့ရတဲ့အပေါ် အမေရိကန်က ပြင်းထန်စွာတုံ့ပြန်ပြောဆိုလိုက်ပါတယ်။

“အဖြစ်အပျက်အတိအကျကို ကျနော်တို့ ဆက်ပြီးလေ့လာသုံးသပ်နေပါတယ်။ ဒါပေမယ့် ရုရှားလေယာဉ်မှူးရဲ့အပြုအမူအရ ဒါဟာ အန္တရာယ်မကင်းသလို ပညာရှင်လည်းမဆန်ဘူးဆိုတာထင်ရှားပါတယ်။ သူ့လုပ်ရပ်ကိုကြည့်ရင် သိနိုင်ပါတယ်။” လို့ အမေရိကန်လေတပ်ပြောခွင့်ရ ဗိုလ်မှူးချုပ် Pat Ryder က မတ်လ ၁၄ ရက် သတင်းစာရှင်းလင်းပွဲမှာပြောဆိုသွားတာပါ။

ဒီဖြစ်ရပ်ကြောင့် အမေရိကန်ရဲ့လူမပါတဲ့ MQ-9 ဒရုန်းယာဉ် ပင်လက်နက်ထဲ ပျက်ကျသွားပြီး ခုထိပြန်မဆယ်နိုင်သေးဘူးလို့လည်း အမေရိကန်စစ်ဖက်အရာရှိတဦး ကပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အမေရိကန်ဆိုင်ရာရုရှားသံအမတ်ကို ချက်ချင်း ဆင့်ခေါ်ထားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရ Ned Price ကပြောပါတယ်။ အန္တရာယ်မကင်းတဲ့ ဒီဖြစ်ရပ်ကို ပြင်းထန်စွာကန့်ကွက်ဖို့ ရုရှားအဆင့်မြင့်အရာရှိတွေနဲ့ အမေရိကန်တာဝန်ရှိသူတွေ တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်နေတယ်လို့လည်း Ned Price က ပြောပါတယ်။

ရုရှားဆိုင်ရာအမေရိကန်သံအမတ် Lynne Tracy ကလည်း အမေရိကန်အစိုးရရဲ့ ပြင်းထန်စွာကန့်ကွက်တဲ့ သတင်းစကားတွေ ရုရှားနိုင်ငံခြားရေးရုံးကို ပေးပို့ခဲ့တယ်လို့လည်း ပြောခွင့်ရသူ Ned Price ကပြောပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကိုလည်း ဒီဖြစ်ရပ်အကြောင်း ရှင်းလင်းတင်ပြထားတယ်လို့ အိမ်ဖြူတော်ပြောခွင့်ရသူ John Kirby ကပြောပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ ပင်လယ်နက်ထဲမှာ အမေရိကန်ဒရုန်းယာဉ်ကို ခက်ခက်ခဲခဲရှောင်တိမ်းခဲ့ရတယ်လို့ အင်္ဂါနေ့မှာပြောပါတယ်။ ဒါပေမယ့်လည်း သူတို့တိုက်လေယာဉ်နဲ့ ဒရုန်းယာဉ်တိုက်မိခဲ့တယ်ဆိုတဲ့ အမေရိကန်ရဲ့ စွပ်စွဲချက်ကိုတော့ ရုရှားတို့က ငြင်းဆန်ပါတယ်။

XS
SM
MD
LG