သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုကြောင့် မြောက်ကိုရီးယား နျူကလီယားစွမ်းအင် တိုးမြှင့်မည်


NORTH KOREA MISSILE RANGES
NORTH KOREA MISSILE RANGES

[[Zawgyi/Unicode]]

တိုက်ချင်းပစ်မစ်ဇိုင်းဒုံး နောက်ဆုံးအကြိမ်စမ်းသပ်မှုဟာ နျူကလီယား တိုက်ခိုက်နိုင်စွမ်း မြှင့်တင်ဖို့ဖြစ်ပြီး အမေရိကန်နဲ့ တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုကို နောက်ထပ် ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမှာဖြစ်ကြောင်း မြောက်ကိုရီးယားက တနင်္ဂနွေနေ့မှာ ခြိမ်းခြောက်လိုက်ပါတယ်။

အမေရိကန်ကတော့ မြောက်ကိုရီးယားရဲ့တိုက်ချင်းပစ်မစ်ဇိုင်းဒုံးစမ်းသပ်မှုကို တုံ့ပြန်တဲ့အနေနဲ့ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတို့နဲ့ သီးခြားစီ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေမှာ အသံထက်မြန်တဲ့ supersonic တာဝေးဗုံးကြဲလေယာဉ်တွေသုံးပြီး တနင်္ဂနွေနေ့နှောင်းပိုင်းမှာ အင်အားပြခဲ့တာပါ။

ဒီနှစ်ထဲ ပထမဆုံးအကြိမ်အဖြစ် စနေနေ့က စမ်းသပ်မှုဟာ အနာဂတ်မှာ အမေရိကန်နဲ့ ရင်ဆိုင်ရတဲ့အခါ အသာစီးရအောင် နျူကလီယား လက်နက်အင်အားတိုးချဲ့ဖို့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က ရန်ဘက်နိုင်ငံတွေရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို အခွင့်ကောင်းယူတဲ့ လက္ခဏာအဖြစ်နဲ့လည်း ခန့်မှန်းနေကြပါတယ်။

မြောက်ကိုရီးယားဟာ တိုက်ချင်းပစ်မစ်ဇိုင်းဒုံး လေ့ကျင့်မှုတွေကို ပုံမှန်လုပ်သွားမယ့် အလားအလာရှိတယ်လို့လည်း ယူဆနေကြတာပါ။ စနေနေ့က စမ်းသပ်ခဲ့တဲ့ Hwasong-15 တိုက်ချင်းပစ် ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံးကို မြောက်ကိုရီးယားခေါင်းဆောင်က ကြိုတင် ညွှန်ကြားထားတာမရှိဘဲ ရုတ်တရက် စီစဉ်ပစ်လွှတ်ခဲ့တာလို့လည်း နိုင်ငံပိုင် ကိုရီးယားဗဟိုသတင်းအေဂျင်စီက ပြောပါတယ်။ မြောက်ကိုရီးယား နျူကလီယားတပ်ဖွဲ့တွေအတွက် တိုက်ချင်းပစ်ဒုံးရဲ့စွမ်းရည်နဲ့ တိုက်ခိုက်ရေးအတွက် အသင့်ဖြစ်ဖို့ ရည်ရွယ်စမ်းသပ်ခဲ့တာလို့လည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]






XS
SM
MD
LG