သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလုပ်သားသုံးဦးသေဆုံးမှု ထိုင်းနိုင်ငံသား ၅ ဦး ဖမ်းဆီးခံရ


မတ်လ ၁၅ ရက်နေ့က ထိုင်းမလေးနယ်စပ် ဆုံခလာပြည်နယ်၊ ဘန့်ကလန်မြို့က သစ်တောဝန်းအတွင်း မြန်မာအမျိုးသားအလောင်းသုံးလောင်း တွေ့ခဲ့ရာနေရာ။ (မတ်လ ၁၅၊ ၂၀၂၃/ ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့)
မတ်လ ၁၅ ရက်နေ့က ထိုင်းမလေးနယ်စပ် ဆုံခလာပြည်နယ်၊ ဘန့်ကလန်မြို့က သစ်တောဝန်းအတွင်း မြန်မာအမျိုးသားအလောင်းသုံးလောင်း တွေ့ခဲ့ရာနေရာ။ (မတ်လ ၁၅၊ ၂၀၂၃/ ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့)

{{Zawgyi/Unicode}}

ထိုင်းမလေးနယ်စပ် ဆုံခလာပြည်နယ် ဘန့်ကလန်မြို့ထဲက သစ်တောအတွင်းမှာ မြန်မာအမျိုးသားအလောင်း ၃ လောင်းကို မတ်လ ၁၅ ရက်နေ့က တွေ့ရှိပြီးတဲ့နောက် မတ်လ၂၀ ရက်နေ့မှာတော့ လူသတ်မှုနဲ့ ပတ်သက်နေတဲ့ ထိုင်းနိုင်ငံသား (၅) ဦးကို ဖမ်းဝရမ်းထုတ် ရှာဖွေဖမ်းဆီးနိုင်ခဲ့ကြောင်း ဘန့်ကလန် ရဲမှူး Colonel Pongphasit Thongduang (ဖုန်ဖစစ် ထောင်ဒန်) က အတည်ပြုခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ထိုင်းမြန်မာနယ်စပ် မဲဆောက်ကနေတဆင့် ထိုင်းတောင်ပိုင်း နာရာသီဝပြည်နယ်အထိ လူကုန်ကူးသူတွေသယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား ၃၄ ဦးထဲက ၃ ဦးဟာ သတ်ဖြတ်ခံရပြီး သေဆုံးခဲ့တာပါ။ လည်ပင်းမှာ ပြတ်ရှဒဏ်ရာတွေ ကြိုးတုပ်ခံရတဲ့အနေအထားတွေနဲ့ သေဆုံးပြီး အမှိုက်ပုံမှာ စွန့်ပစ်ခဲ့တာပါ။ လူသေအလောင်းတွေ စွန့်ပစ် ထားတာနဲ့ပတ်သက်လို့ ရဲအာဏာပိုင်တွေက လိုက်လံရှာဖွေ ဖော်ထုတ်ဖမ်းဆီးခဲ့ရာမှာတော့ လူသတ်မှုသံသယနဲ့ ထိုင်းနိုင်ငံသား ၅ ဦးကို ဖမ်းဆီးခဲ့ကြောင်း ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးကွန်ယက်ရဲ့ ဟတ်ရိုင်မြို့တာဝန်ခံဦးဘရီက အခုလိုပြောပြပါတယ်။

“တရားမဝင် ခိုးဝင်လာတဲ့အလုပ်သမား ၃ ယောက်ကို သတ်တဲ့အမှုပေါ့နော်။ ဒီနေ့ဆိုရင် အားလုံးကိုဖမ်းမိတယ်။ ဖမ်းမိတဲ့အထဲမှာ အမျိုးသားက ၃ ယောက်။ အမျိုးသမီးက ၂ ယောက်ပါ။ ကားသမားတွေက သူတို့ကို မဲဆောက်ကနေ စမွတ်ပရာကန်ကို လူကုန်ကူးပြီး သယ်ဆောင်လာတယ်။ စမွတ်ပရာကန်ကနေ ထိုင်းတောင်ပိုင်း နာရာသီဝကို ပို့မှာပေါ့နော်။ အဲဒီကနေ ပို့တဲ့အခါမှာ ကားထဲမှာပါလာတာက လူ ၃၄ ယောက်ပါ။ ဖမ်းတဲ့အချိန်မှာ သူတို့ကားနဲ့ပါလာတာကိုတော့ ဝန်ခံတယ်။ ဒါပေမယ့် သူတို့သတ်တာမဟုတ်ဘူး။ ခရီးသည်အချင်းချင်းသတ်တာလို့ သူတို့ကပြောတယ်။ ဒါကတော့ လူကုန်ကူးမှုကနေ ဖြစ်လာတဲ့ပြသနာပါ။”

အခုဖမ်းဆီးလိုက်တဲ့ ထိုင်းနိုင်ငံသားအမျိုးသား (၃) ဦး၊ အမျိုးသမီးနှစ်ဦးတို့ဟာတရားမဝင် မြန်မာနိုင်ငံသားတွေကို တနေရာကနေ တနေရာ သယ်ယူပို့ဆောင်ပေးနေကြတဲ့ လူကုန်ကူးနေသူတွေလို့ သိရပါတယ်။

အခုဖမ်းဆီးစစ်ဆေးနေသူတွေဟာ စမွတ်ပရာကန်မြို့မှာ နေထိုင်နေသူတွေလို့ ဆိုပါတယ်။ ဖမ်းမိသူတွေရဲ့ထွက်ဆိုချက်အရ သူတို့တွေဟာ မြန်မာနိုင်ငံသားတွေကို ထိုင်းတောင်ပိုင်း နရာသီဝပြည်နယ်ကို ကားတွေနဲ့ပို့ဆောင်နေစဉ် လမ်းခရီးမှာ မြန်မာပြည်သူအချင်းချင်းခိုက်ရန်ဖြစ်ပြီး သတ်ဖြတ်ခဲ့ကြတာလို့ ဝန်ခံထွက်ဆိုကြတာပါ။ ရဲတပ်ဖွဲ့ ကတော့ တရားခံတွေပြောကြားချက်ကို ယုံကြည်လို့မရတာကြောင့် အသေးစိတ်ကို ဆက်လက် စစ်ဆေးသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ရဲမှူး Colonel Pongphasit Thongduang (ဖုန်ဖစစ် ထောင်ဒန်) ကတော့ ထိုင်းဘာသာနဲ့ အခုလိုပြောသွားပါတယ်။

သူပြောသွားတာကတော့ “လူသတ်မှုနဲ့ပတ်သက်ပြီး ဖမ်းဝရမ်းထုတ်ထားသူ ၅ ဦးကို စမွတ်ပရကမ်နဲ့ ဖန်းငမှာ ဖမ်းမိခဲ့ပါပြီ။ ဒီအမှုမှာ ဦးဆောင်လုပ်နေတဲ့ အဓိက လူကုန်ကူးအုပ်စုတွေကို ဆက်လက်ဖမ်းဆီးနိုင်ဖို့ စစ်ဆေးနေပါပြီ”-လို့ ပြောသွားတာဖြစ်ပါတယ်။ ဒီအမှုနဲ့ပတ်သက်လို့ အခင်းဖြစ်ပွားတဲ့နေရာအနီးက CCTV တွေကို စစ်ဆေးပြီး နောက်ယောင်ခံ လိုက်လံဖမ်းဆီးခဲ့တာဖြစ်ပြီး အခင်းဖြစ်တဲ့နေက အသုံးပြုခဲ့တဲ့ အလုံပိတ်ကားသုံးစီးကိုပါ သက်သေအဖြစ်သိမ်းဆည်းပြီး လူကုန်ကူးမှု၊ လူသတ်မှုကို ဆက်လက်စစ်ဆေးနေပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

=============

{{Unicode}}









XS
SM
MD
LG