သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအရှေ့ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်


ရုရှားတိုက်ခိုက်မှုကြောင့် မီးလောင်နေတဲ့ ယူကရိန်းနိုင်ငံ၊  Bakhmut မြို့က လူနေတိုက်ခန်းတခု။ (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၃)
ရုရှားတိုက်ခိုက်မှုကြောင့် မီးလောင်နေတဲ့ ယူကရိန်းနိုင်ငံ၊  Bakhmut မြို့က လူနေတိုက်ခန်းတခု။ (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၃)

{{Zawgyi/Unicode}}

ယူကရိန်းနိုင်ငံအရှေ့ပိုင်း Bakhmut မြို့ဝန်းကျင်မှာ တိုက်ပွဲတွေ အလွန်ပြင်းထန်နေတယ်လို့ ယူကရိန်းစစ်ဘက်အရာရှိတဦးက အင်္ဂါနေ့က ပြောပေမယ့်လည်း နှစ်ဘက်အပြန်အလှန် နယ်မြေသိမ်းပိုက်နိုင်တာကတော့ အနည်းအကျဉ်းလောက်သာ ရှိတယ်လို့ ပြောပါတယ်။ တနင်္လာနေ့ည ယူကရိန်းသမ္မတ Volodymyr Zelenskyy မိန်းခွန်းမှာလည်း အရှေ့ပိုင်းဒေသ Bakhmut မြို့ဝန်းကျင်က အခြေအနေတွေ ပိုပိုပြီး ရှုပ်ထွေးလာတယ်လို့ ပြောပါတယ်။

“ဒါ့ပြင် ရုရှားတပ်တွေဟာလည်း ကျနော်တို့တပ်ဖွဲ့တွေ အကာအကွယ်ယူထားတဲ့နေရာတွေကို မဆက်မပြတ် တိုက်ခိုက်ဖျက်ဆီးနေတယ်”-လို့ သူကပြောပါတယ်။

ရုရှားတပ်တွေဟာ သိသိသာသာ အရှုံးနဲ့ ရင်ဆိုင်နေကြရပေမယ့်လည်း အကောင်းဆုံးလေ့ကျင့်ထားကြတဲ့ Wagner ကြေးစားတပ်ဖွဲ့တွေကို စေလွှတ်ပြီး မြို့ကိုဝိုင်းဖို့နဲ့ ကျနော်တို့ ယူကရိန်းတပ်တွေရဲ့ခံစစ်ကို တိုက်ဖျက်ဖို့ လုပ်နေတယ်လို့ ယူကရိန်း မြေပြင်တပ်မှူး Oleksandr Syrskyi က ပြောပါတယ်။ တချိန်က လူဦးရေ ၇ သောင်းခွဲ နေထိုင်ခဲ့တဲ့ Bakhmut မြို့ကိုဝိုင်းထားပြီး အနီးတဝိုက်က ကျေးရွာတွေနဲ့မြို့ငယ်တွေကို ရုရှားတပ်ဖွဲ့တွေက အဓိကထားပြီးတိုက်နေတာဟာ ယူကရိန်းတပ်ဖွဲ့တွေရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ဖို့ဖြစ်ပါတယ်။

တချို့တိုက်ခိုက်မှုတွေဟာ မြို့တွင်းမှာ ဖြစ်ပွားနေပါတယ်။ ရုရှားတပ်ဖွဲ့တွေအနေနဲ့ ပြီးခဲ့တဲ့ တနှစ်လောက်က ယူကရိန်းမြို့တော် Kyiv ကို သိမ်းပိုက်ဖို့ မအောင်မြင်ခဲ့တဲ့အတွက် အရှေ့ပိုင်း Donbas ဒေသတဝိုက်ကို အဓိကထားတိုက်ခိုက်လာပါတယ်။ အဲဒီဒေသက တိုက်ပွဲတွေမှာ ၂ ဘက်စလုံး အကြီးအကျယ် ထိခိုက်ကျဆုံးမှုတွေရှိပါတယ်။

အမေရိကန် ပြည်ထောင်စု ၊ ဝါရှင်တန်ဒီစီမြို့တော်အခြေစိုက် နိုင်ငံတကာနဲ့ မဟာဗျူဟာလေ့လာရေးဌာန CSIS ရဲ့ အင်္ဂါနေ့က ထုတ်ပြန်ချက်အရ မနှစ်က ရုရှားတပ်ဖွဲ့တွေ ၆ သောင်းကနေ ၇ သောင်းကြား ကျဆုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

===============

{{Unicode}}







XS
SM
MD
LG