သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင္ျပည္နယ္က ဒုကၡသည္စခန္းေတြမွာ ေ႐ြးေကာက္ပြဲအတြက္ လူဦးေရစာရင္းေကာက္


ေရြးေကာက္ပြဲ ေကာ္မရွင္ အမွတ္တံဆိပ္ (ဓာတ္ပံု-ေရြးေကာက္ပဲြေကာ္မရွင္)

[[Zawgyi/Unicode]]

စစ္ေကာင္စီက်င္းပမယ့္ ေ႐ြးေကာက္ပြဲအတြက္ ရခိုင္ျပည္နယ္မွာ လူဦးေရစာရင္းေတြကို ၿပီးခဲ့တဲ့ဇန္နဝါရီလ ၉ ရက္ ကတည္းက စတင္ေကာက္ယူရာမွာ ရခိုင္စစ္ေဘးဒုကၡသည္စခန္းေတြ၊ မြတ္ဆလင္ဒုကၡသည္စခန္းေတြအပါအဝင္ မြတ္ဆလင္ေက်း႐ြာေတြမွာလည္း စာရင္းေကာက္ယူေနတယ္လို႔ ဒုကၡသည္ေတြက ေျပာပါတယ္။ ဒီအေၾကာင္း သတင္းေပးပို႔ခ်က္ကို ကိုရဲမြန္က တင္ျပေပးထားပါတယ္။

ၿပီးခဲ့တဲ့ ၂၀၂၀ ခုႏွစ္ေ႐ြးေကာက္ပြဲမွာ စာရင္းမွားေတြရွိခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ အာဏာသိမ္းလိုက္တဲ့ စစ္ေကာင္စီဟာ အခုႏွစ္ ဩဂုတ္လမွာ ေ႐ြးေကာက္ပြဲတရပ္က်င္းပဖို႔ ျပင္ဆင္ေနတာပါ။ အဲဒီေ႐ြးေကာက္ပြဲအတြက္ ရခိုင္ျပည္နယ္တြင္း လူဦးေရစာရင္း ေကာက္ယူမႈေတြကို ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၉ရက္ေန႔ကတည္းက စတင္ေကာက္ ယူေနပါတယ္။

ရခိုင္ျပည္နယ္မွာ လက္ရွိအခ်ိန္ထိ စစ္ေျပးဒုကၡသည္ေတြ ေသာင္းနဲ႔ခ်ီရွိေနတာပါ။ အဲဒီစစ္ေျပးဒုကၡသည္စခန္းေတြမွာလည္း ေ႐ြးေကာက္ပြဲအတြက္ လူဦးေရစာရင္းေကာက္ယူေနတယ္လို႔ ေက်ာက္ေတာ္ၿမိဳ႕နယ္ ေညာင္ေခ်ာင္းစစ္ေဘး ဒုကၡသည္စခန္းတာဝန္ခံ ကိုသိန္းေအးကေျပာပါတယ္။

“လူစာရင္းေကာက္တာက ေညာင္ေခ်ာင္းကမ့္ထဲကိုေတာ့ သူတို႔လာေကာက္တာမရွိဘူး။ က်ေနာ္တို႔ကို ၂၀၂၃ ဇန္နဝါရီ ပထမအပတ္ကတည္းက စစ္ေရွာင္စခန္းတာဝန္ခံနဲ႔ ေကာ္မတီေတြကို သပ္သပ္ေခၚၿပီး ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး႐ုံးမွာ လဝကဦးစီးေရာ၊ ဌာနဆိုင္ရာေတြကသြားေတြ႔ၿပီးေတာ့ ဒီေက်ာက္ေတာ္ၿမိဳ႕နယ္က စစ္ေရွာင္စခန္းမွာရွိတဲ့ အိမ္ေထာင္စုအားလုံးကို ပုံစံ ၆၆၊ အဲလို စာရင္းျပဳစုၿပီးေတာ့ စာ႐ြက္စာတမ္းေတြ ေပးလိုက္တာေပါ့ေနာ္။”

ဒါ့အျပင္ စစ္ေတြၿမိဳ႕နယ္အတြင္းက မြတ္ဆလင္ေတြေနထိုင္တဲ့ သက္ကယ္ျပင္ေက်း႐ြာနဲ႔ သက္ကယ္ျပင္ဒုကၡသည္စခန္းမွာလည္း လူစာရင္းလာေရာက္ေကာက္ယူေနတယ္လို႔ စခန္းတာဝန္ခံ ဦးေမာင္ေလးကေျပာပါတယ္။

“က်ေနာ္တို႔ စခန္းတြင္းမွာလာၿပီးေတာ့ ေကာက္ေနၾကတယ္။ ႐ြာေတြမွာလည္းလာေကာက္ေနၾကတယ္။ ကမ့္တြင္းမွာလည္း လာေကာက္ေနၾကတယ္။”

စာရင္းေကာက္ယူတဲ့ေနရာမွာလည္း အိမ္ေထာင္စုစာရင္းရွိတဲ့သူေရာ မရွိတဲ့သူေတြအကုန္လုံးကို ေကာက္ယူေနတာျဖစ္တယ္လို႔လည္း ဦးေမာင္ေလးကဆက္ေျပာပါတယ္။

“စာရင္းေကာက္ယူတဲ့ေနရာမွာ မိသားစုဘယ္ႏွစ္ေယာက္လဲ။ က်ားမ ဘယ္ႏွစ္ေယာက္လဲ။ အိမ္ေထာင္စုစာရင္းပါလားမပါလား၊ ပါရင္ အဲထဲက ၾကည့္ၿပီးေကာက္တယ္။ မပါရင္ေတာ့ သူတို႔စာရင္း ဘယ္ႏွစ္ေယာက္ အဲလိုေကာက္တယ္။”

လက္ရွိ ရခိုင္ျပည္နယ္မွာရွိေနတဲ့ မြတ္ဆလင္အမ်ားစုမွာ ႏိုင္ငံသားစိစစ္ေရးကတ္မရရွိၾကသလို ျမန္မာအစိုးရဘက္က ထုတ္ေပးထားတဲ့ NVC လို႔ေခၚတဲ့ ေနထိုင္ခြင့္ကတ္ေတြနဲ႔ ေနထိုင္ေနၾကတာပါ။ ၿပီးခဲ့တဲ့ ၂၀၁၀ ေ႐ြးေကာက္ပြဲတုန္းကေတာ့ ေနထိုင္ခြင့္ကတ္ ကိုင္ေဆာင္ထားတဲ့ မြတ္ဆလင္ေတြ မဲေပးခြင့္ရရွိခဲ့ၾကေပမယ့္ အဲဒီေနာက္ပိုင္း ေ႐ြးေကာက္ပြဲေတြမွာက မြတ္ဆလင္ေတြ မဲေပးခြင့္ မရရွိခဲ့ၾကေတာ့ပါဘူး။

ၿပီးခဲ့တဲ့ ၂၀၂၀ ေ႐ြးေကာက္ပြဲတုန္းကလည္း ရခိုင္ျပည္နယ္က တခ်ိဳ႕ၿမိဳ႕နယ္ေတြမွာ လုံၿခဳံေရးအရ ေ႐ြးေကာက္ပြဲ မက်င္းပႏိုင္ခဲ့ပါဘူး။ အခု လတ္တေလာအားျဖင့္ AA ရခိုင္တပ္ဖြဲ႔နဲ႔ စစ္ေကာင္စီၾကား ႏႈတ္အားျဖင့္ အပစ္အခတ္ရပ္စဲေရးယူထားပါတယ္။ AA အပါအဝင္ ညီေနာင္သုံးဖြဲ႔ရဲ႕ ႏွစ္သစ္ကူးထုတ္ျပန္ခ်က္ထဲမွာေတာ့ အျခား ေတာ္လွန္ေရးအဖြဲ႔အစည္းေတြနဲ႔ စစ္အာဏာရွင္စနစ္ကို တြန္းလွန္တိုက္ဖ်က္သြားမယ္လို႔ သႏၷိဌာန္ျပဳေဖာ္ျပထားေပမဲ့ စစ္ေကာင္စီကလုပ္မဲ့ ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္လို႔ တစုံတရာ ေျပာဆိုထားတာမရွိပါဘူး။

ေႏြဦးေတာ္လွန္ေရးေနာက္ပိုင္းေပၚလာတဲ့ ေတာ္လွန္ေရးအဖြဲ႔အစည္းေတြနဲ႔ KIA ကခ်င္လြတ္လပ္ေရးတပ္အပါအဝင္ အဓိက တိုင္းရင္းသားလက္နက္ကိုင္အမ်ားစုကေတာ့ ဒီေ႐ြးေကာက္ပြဲဟာ တရားဝင္မႈမရွိဘူးလို႔ တုံ႔ျပန္ေနၾကပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ကလည္း စစ္ေကာင္စီက်င္းပမယ့္ ေ႐ြးေကာက္ပြဲဟာ လြတ္လပ္ တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲတခု မျဖစ္ႏိုင္တဲ့အေၾကာင္းနဲ႔ ျမန္မာႏိုင္ငံရဲ႕အၾကပ္အတည္းကို ပိုရွည္ၾကာေစၿပီး တိုင္းျပည္ရဲ႕ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရးနဲ႔ တည္ၿငိမ္ေအးခ်မ္းသာယာေရးကို ေႏွာင့္ေႏွးၾကန႔္ၾကာေစမယ့္အေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ထားတာေတြလည္းရွိပါတယ္။

ျမန္မာႏိုင္ငံတြင္း ေဒသအာဏာပိုင္တခ်ိဳ႕က ေ႐ြးေကာက္ပြဲအတြက္ ျပင္ဆင္ေျပာဆိုေနေပမဲ့လည္း ျမန္မာစစ္ေကာင္စီဘက္ကေတာ့ ေ႐ြးေကာက္ပြဲက်င္းပမယ့္ရက္နဲ႔ပတ္သက္လို႔ လူထုကို တိတိက်က် ေၾကညာေျပာဆိုတာေတာ့ မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်မှာ လူဦးရေစာရင်းတွေကို ပြီးခဲ့တဲ့ဇန်နဝါရီလ ၉ ရက် ကတည်းက စတင်ကောက်ယူရာမှာ ရခိုင်စစ်ဘေးဒုက္ခသည်စခန်းတွေ၊ မွတ်ဆလင်ဒုက္ခသည်စခန်းတွေအပါအဝင် မွတ်ဆလင်ကျေးရွာတွေမှာလည်း စာရင်းကောက်ယူနေတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုရဲမွန်က တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲမှာ စာရင်းမှားတွေရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အာဏာသိမ်းလိုက်တဲ့ စစ်ကောင်စီဟာ အခုနှစ် ဩဂုတ်လမှာ ရွေးကောက်ပွဲတရပ်ကျင်းပဖို့ ပြင်ဆင်နေတာပါ။ အဲဒီရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်တွင်း လူဦးရေစာရင်း ကောက်ယူမှုတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ရက်နေ့ကတည်းက စတင်ကောက် ယူနေပါတယ်။

ရခိုင်ပြည်နယ်မှာ လက်ရှိအချိန်ထိ စစ်ပြေးဒုက္ခသည်တွေ သောင်းနဲ့ချီရှိနေတာပါ။ အဲဒီစစ်ပြေးဒုက္ခသည်စခန်းတွေမှာလည်း ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ယူနေတယ်လို့ ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေး ဒုက္ခသည်စခန်းတာဝန်ခံ ကိုသိန်းအေးကပြောပါတယ်။

“လူစာရင်းကောက်တာက ညောင်ချောင်းကမ့်ထဲကိုတော့ သူတို့လာကောက်တာမရှိဘူး။ ကျနော်တို့ကို ၂၀၂၃ ဇန်နဝါရီ ပထမအပတ်ကတည်းက စစ်ရှောင်စခန်းတာဝန်ခံနဲ့ ကော်မတီတွေကို သပ်သပ်ခေါ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ လဝကဦးစီးရော၊ ဌာနဆိုင်ရာတွေကသွားတွေ့ပြီးတော့ ဒီကျောက်တော်မြို့နယ်က စစ်ရှောင်စခန်းမှာရှိတဲ့ အိမ်ထောင်စုအားလုံးကို ပုံစံ ၆၆၊ အဲလို စာရင်းပြုစုပြီးတော့ စာရွက်စာတမ်းတွေ ပေးလိုက်တာပေါ့နော်။”

ဒါ့အပြင် စစ်တွေမြို့နယ်အတွင်းက မွတ်ဆလင်တွေနေထိုင်တဲ့ သက်ကယ်ပြင်ကျေးရွာနဲ့ သက်ကယ်ပြင်ဒုက္ခသည်စခန်းမှာလည်း လူစာရင်းလာရောက်ကောက်ယူနေတယ်လို့ စခန်းတာဝန်ခံ ဦးမောင်လေးကပြောပါတယ်။

“ကျနော်တို့ စခန်းတွင်းမှာလာပြီးတော့ ကောက်နေကြတယ်။ ရွာတွေမှာလည်းလာကောက်နေကြတယ်။ ကမ့်တွင်းမှာလည်း လာကောက်နေကြတယ်။”

စာရင်းကောက်ယူတဲ့နေရာမှာလည်း အိမ်ထောင်စုစာရင်းရှိတဲ့သူရော မရှိတဲ့သူတွေအကုန်လုံးကို ကောက်ယူနေတာဖြစ်တယ်လို့လည်း ဦးမောင်လေးကဆက်ပြောပါတယ်။

“စာရင်းကောက်ယူတဲ့နေရာမှာ မိသားစုဘယ်နှစ်ယောက်လဲ။ ကျားမ ဘယ်နှစ်ယောက်လဲ။ အိမ်ထောင်စုစာရင်းပါလားမပါလား၊ ပါရင် အဲထဲက ကြည့်ပြီးကောက်တယ်။ မပါရင်တော့ သူတို့စာရင်း ဘယ်နှစ်ယောက် အဲလိုကောက်တယ်။”

လက်ရှိ ရခိုင်ပြည်နယ်မှာရှိနေတဲ့ မွတ်ဆလင်အများစုမှာ နိုင်ငံသားစိစစ်ရေးကတ်မရရှိကြသလို မြန်မာအစိုးရဘက်က ထုတ်ပေးထားတဲ့ NVC လို့ခေါ်တဲ့ နေထိုင်ခွင့်ကတ်တွေနဲ့ နေထိုင်နေကြတာပါ။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းကတော့ နေထိုင်ခွင့်ကတ် ကိုင်ဆောင်ထားတဲ့ မွတ်ဆလင်တွေ မဲပေးခွင့်ရရှိခဲ့ကြပေမယ့် အဲဒီနောက်ပိုင်း ရွေးကောက်ပွဲတွေမှာက မွတ်ဆလင်တွေ မဲပေးခွင့် မရရှိခဲ့ကြတော့ပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲတုန်းကလည်း ရခိုင်ပြည်နယ်က တချို့မြို့နယ်တွေမှာ လုံခြုံရေးအရ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပါဘူး။ အခု လတ်တလောအားဖြင့် AA ရခိုင်တပ်ဖွဲ့နဲ့ စစ်ကောင်စီကြား နှုတ်အားဖြင့် အပစ်အခတ်ရပ်စဲရေးယူထားပါတယ်။ AA အပါအဝင် ညီနောင်သုံးဖွဲ့ရဲ့ နှစ်သစ်ကူးထုတ်ပြန်ချက်ထဲမှာတော့ အခြား တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်သွားမယ်လို့ သန္နိဌာန်ပြုဖော်ပြထားပေမဲ့ စစ်ကောင်စီကလုပ်မဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တစုံတရာ ပြောဆိုထားတာမရှိပါဘူး။

နွေဦးတော်လှန်ရေးနောက်ပိုင်းပေါ်လာတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ KIA ကချင်လွတ်လပ်ရေးတပ်အပါအဝင် အဓိက တိုင်းရင်းသားလက်နက်ကိုင်အများစုကတော့ ဒီရွေးကောက်ပွဲဟာ တရားဝင်မှုမရှိဘူးလို့ တုံ့ပြန်နေကြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကလည်း စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲတခု မဖြစ်နိုင်တဲ့အကြောင်းနဲ့ မြန်မာနိုင်ငံရဲ့အကြပ်အတည်းကို ပိုရှည်ကြာစေပြီး တိုင်းပြည်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ တည်ငြိမ်အေးချမ်းသာယာရေးကို နှောင့်နှေးကြန့်ကြာစေမယ့်အကြောင်း ကြေညာချက်ထုတ်ပြန်ထားတာတွေလည်းရှိပါတယ်။

မြန်မာနိုင်ငံတွင်း ဒေသအာဏာပိုင်တချို့က ရွေးကောက်ပွဲအတွက် ပြင်ဆင်ပြောဆိုနေပေမဲ့လည်း မြန်မာစစ်ကောင်စီဘက်ကတော့ ရွေးကောက်ပွဲကျင်းပမယ့်ရက်နဲ့ပတ်သက်လို့ လူထုကို တိတိကျကျ ကြေညာပြောဆိုတာတော့ မရှိသေးပါဘူး။

XS
SM
MD
LG